ပင်လယ်ထဲမှာ ဒုက္ခသည်(၁၉)ဦးကို ကယ်တင်ခဲ့တဲ့ မိန်းမပျိုလေး အိုလံပစ်ရေကူးမယ် ဖြစ်လာခဲ့

ကမ္ဘာ့ထိပ်တန်း အားကစားသမားတစ်ယောက် ဖြစ်လာဖို့ ရုန်းကန်လှုပ်ရှားခဲ့ရတဲ့ အိုလံပစ်အားကစားသမားတွေရဲ့ ဘ၀ဇာတ်လမ်းတွေဟာ အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်။ အိုလံပစ်အားကစားတစ်ယောက်ဟာ စွန့်လွှတ်မှုတွေ အများကြီး ပြုလုပ်ရတဲ့အပြင် အခက်အခဲတွေကိုလည်း ရင်ဆိုင်ဖြတ်သန်းရပါတယ်။ ဒီထဲကမှ ဆီးရီးယန်းဒုက္ခသည် မိန်းမပျိုလေး ရက်စ်ရာမာဒီနီရဲ့ အဖြစ်အပျက်ဟာ အထူးခြားဆုံးဖြစ်လာခဲ့ပါတယ်။

mardiniysra

အသက်(၂၀)ပဲရှိသေးတဲ့နူး ညံ့တဲ့မိန်းမပျိုလေးမှာ သူရဲကောင်းတစ်ယောက်ရဲ့ နှလုံးသားနဲ့ ခွန်အားမျိုးရှိပါတယ်။ အိုလံပစ်ပြိုင်ပွဲဝင်ဖို့ ဂျာမနီမှာ ရေကူးလေ့ကျင့်ခန်းတွေ မစတင်ခင်မှာပဲ မိန်းမပျိုလေးဟာ မြေထဲပင်လယ်ထဲမှာ ဒုက္ခသည်(၁၉)ဦးရဲ့အသက်ကို ကယ်ရင်း ရေနစ်လုနီးပါးဖြစ်ခဲ့ရပါတယ်။ ဆီးရီးယားစစ်ဘေးကြောင့် သူမဟာ ညီမဖြစ်သူနဲ့အတူ မွေးရပ်နိုင်ငံကိုစွန့်ခွာခဲ့ပါတယ်။

mardiniysra

တူရကီကနေ ဂရိကိုသွားဖို့ လူအလွန်အကျွံ တင်ဆောင်ထားတဲ့ ဒုက္ခသည်လှေပေါ်မှာ လိုက်ပါခဲ့ရပါတယ်။ သူမတို့ညီအစ်မနှစ်ယောက်ဟာ ကျန်ရှိတဲ့ဒုက္ခသည်တွေကို သက်ညှာတဲ့အနေနဲ့ အခြားဒုက္ခသည်(၂)ဦးနဲ့အတူ ကမ်းခြေရောက်တဲ့အထိကို ကြိုးနဲ့ဆွဲပြီး ရေကူးလိုက်လာခဲ့ကြတာ ဖြစ်ပါတယ်။

READ
အိမ်ယာမဲ့ဘဝကနေ ဟားဗတ်ပညာသင်ဆုအပြည့်အဝရဖို့ ကြိုးစားခဲ့တဲ့ ဆယ်ကျော်သက်
mardiniysra

ဂျာမနီရောက်နေပြီ ဖြစ်တဲ့သူမက ညီမဖြစ်သူနဲ့အတူ ၀မ်းနည်းစရာလည်းဖြစ်၊ ဂုဏ်ယူစရာလည်းကောင်းတဲ့ ခရီးရှည်ကြီးကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။ ညီအမနှစ်ဦးဟာ မှောင်မဲအေးစက်နေတဲ့ လှိုင်းလုံးကြီးတွေကြားမှာ(၃)နာရီခွဲကြာအောင် ရေကူးလာခဲ့ကြတာ ဖြစ်ပါတယ်။

mardiniysra

ရက်စ်ရာ အတွက်တော့ သူမနဲ့အတူ ခရီးထွက်လာခဲ့တဲ့ ဒုက္ခသည်တွေရဲ့ အသက်ကို ကယ်တင်ခွင့်ရခြင်းဟာ အကြီးဆုံးဆုတံဆိပ်တစ်ခုဖြစ်ကြောင်း ဆိုပါတယ်။ အခုဆိုရင် သူမဟာ အိုလံပစ်မှာ အပြည်ပြည်ဆိုင်ရာဒုက္ခသည်များအဖွဲ့ ကိုယ်စားပြုတစ်ယောက်ဖြစ်နေပြီး သူမရဲ့အိပ်မက်တွေဟာ တဖြည်းဖြည်းနဲ့ ကြည်လင်တောက်ပလာခဲ့ပြီ ဖြစ်ပါတယ်။

mardiniysra

လင်းလင်း (ShweMom)

Ref: Fabiosa

SHARE