Justice League: Snyder Cut အကြောင်း ရှင်းပြခဲ့တဲ့ ဒါရိုက်တာ Zack Snyder

[email protected] zacksnydersjusticeleague

၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Justice League ရုပ်ရှင်ဇာတ်ကားကိုတော့ စူပါဟီးရိုး ပရိသတ်တွေနဲ့ DC ပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ အဆိုပါ ဇာတ်ကားဟာ DC က ထွက်ရှိခဲ့တဲ့ ဇာတ်ကားတွေထဲမှာ တော်တော်လေး ညံ့ပြီး အရည်အသွေးမကောင်းတဲ့ ဇာတ်ကားတစ်ကားအဖြစ် ဝေဖန်ခံခဲ့ရသလို ဒီဇာတ်ကားကို ကြည့်ဖူးကြတဲ့ DC ပရိသတ်တွေခမျာမှာလည်း တော်တော်လေး မကျေမနပ်ဖြစ်ခဲ့ရပါတယ်။ အခုလည်း Justice League ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Zack Snyder ဟာ မကြာခင်အချိန်အတွင်း HBO Max မှာ ပြသမယ့် အပိုင်း ၄ ပိုင်းပါဝင်တဲ့ Justice League: Snyder Cut အကြောင်းကို သေသေချာချာ ရှင်းလင်းပြောကြားခဲ့ကြောင်း IGN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Justice League ဇာတ်ကားကို စရိုက်ခဲ့တဲ့ ဒါရိုက်တာကတော့ Zack Snyder ပါပဲ။ ဒါပေမယ့် ဇာတ်ကား တစ်ဝက်လောက် ရိုက်ကူးပြီးစီးနေတဲ့ အချိန်မှာ Zack Snyder ရဲ့ သမီးဖြစ်သူဟာ ကင်ဆာရောဂါနဲ့ ရုတ်တရက် ကွယ်လွန်ခဲ့တာကြောင့် Zack Snyder ဟာ ဇာတ်ကားရိုက်ရက်ကို နောက်ဆုတ်ဖို့ Warner Bros ကို အကျိုးအကြောင်း ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ရုပ်ရှင်ဇာတ်ကား ထွက်ရှိမယ့်နေ့နဲ့ ရုံတင်ပြသဖို့ ကိစ္စတွေကို စီစဉ်ထားပြီးပြီဖြစ်တာကြောင့် နောက်ဆုံးမှာတော့ Zack Snyder ဟာ Justice League ဇာတ်ကားကို ဆက်မရိုက်ဖြစ်တော့ပါဘူး။

READ
Miles Morales ကို ပင့်ကူလူသားရုပ်ရှင်တွေမှာ ပါဝင်လာစေချင်တဲ့ Tom Holland

 

ဒီလိုမျိုး တစ်ဝက်တစ်ပျက်ရိုက်ကူးပြီးထားတဲ့ Justice League ဇာတ်ကားကို ဆက်ရိုက်ဖို့အတွက် Warner Bros က ဒါရိုက်တာ Joss Whedon ကို ခေါ်ယူခဲ့ပြီး ကျန်ရှိနေသေးတဲ့ ဇာတ်လမ်းတစ်ဝက်ကို ဆက်လက်ရိုက်ကူးစေခဲ့ပါတယ်။ မတူညီတဲ့ ဒါရိုက်တာနှစ်ယောက် ရိုက်ကူးခဲ့တဲ့ Justice League ဇာတ်ကားဟာ ပရိသတ်တွေအမြင်မှာ တော်တော်လေး စုတ်ပြတ်သတ်နေခဲ့သလို ဇာတ်ကားထွက်ရှိလာတဲ့ အခါမှာလည်း အရှုံးများစွာ ပေါ်ခဲ့ပါတယ်။ အခုတော့ ဒါရိုက်တာ Zack Snyder ကိုယ်တိုင် Justice League: Snyder Cut လို့ အမည်ပေးပြီး ကိုယ်တိုင် သေသေချာချာ ပြန်လည်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by Justice League Movie (@justiceleague)

“Justice League: Snyder Cut ဟာ စုစုပေါင်း အပိုင်း ၄ ပိုင်း ပါဝင်ပြီး တစ်ပိုင်းကို တစ်နာရီကြာမှာ ဖြစ်ပါတယ်။ အပိုင်းလေးပိုင်းလုံးကတော့ ၄ နာရီ ကြာမြင့်မှာဖြစ်သလို အရင်ဇာတ်ကားမှာ မပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေကတော့ ၂ နာရီခွဲစာ ရှိပါတယ်။ ပါပြီးသား အခန်းတွေကလည်း ကျွန်တော်ရိုက်ခဲ့တဲ့ ဇာတ်ဝင်ခန်းတွေကြီးပါပဲ။ Joss Whedon ရိုက်ခဲ့တဲ့ ဇာတ်ဝင်ခန်း တစ်စက္ကန့်တောင် ပါမှာ မဟုတ်ပါဘူး”လို့ Zack Snyder က ပြောကြားခဲ့ပါတယ်။ ဒီလိုမျိုး Justice League ပြန်လည်ရိုက်ကူးတဲ့ ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော် ကုန်ကျခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး HBO Max နဲ့ Warner Bros ရဲ့ တာဝန်ရှိသူတွေကော ၊ ဒါရိုက်တာ Zack Snyder ပါ အတည်ပြုခြင်း မရှိသလို ငြင်းဆန်ခြင်းလည်း မရှိခဲ့ပါဘူး။

READ
ယောဒေသမှာ ရိုက်ခဲ့တဲ့ ခပ်ဆန်းဆန်းပုံရိပ်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်တဲ့ မိုးမြင့်သဇင်

အောက်မှာ ဖော်ပြထားတဲ့ ဗီဒီယိုဖိုင်ကတော့ HBO Max မှာ ပြသမယ့် Justice League : Snyder Cut ရဲ့ Trailer ပဲ ဖြစ်ပါတယ်။

 

Pyi Hein Kyaw

SHARE