အွန်လိုင်းဖက်ရှင်လက်လီဖြန့်ချိရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Zalando ရဲ့တွဲဖက်အလုပ်အမှုဆောင်အကြီးအကဲ Rubin Ritter ဟာ ဇနီးသည်အလို့ငှာ ဒေါ်လာသန်း၁၀၀ကျော်ကို စွန့်လွှတ်ခဲ့ကြောင်း Bloomberg သတင်းစာမျက်နှာအရ သိရပါတယ်။ အသက် ၃၈နှစ်ရှိပြီဖြစ်တဲ့ Rubin က လာမယ့်နှစ်မှာ အလုပ်ကနေအနားယူတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။
အကြောင်းရင်းကတော့ ဇနီးသည်က သူမအလုပ်ကိုဆက်လက်လုပ်ကိုင်နိုင်စေဖို့အတွက် သူက ကလေးတွေကို ကြည့်ရှုစောင့်ရှောက်ပေးရမှာဖြစ်တာကြောင့်ပါ။ အခုလိုအလုပ်ကိုစွန့်လွှတ်လိုက်တာဟာ Rubin အတွက်တော့ ယူရို၉၃သန်း (ဒေါ်လာ ၁၁၂ သန်း) ဆုံးရှုံးမှုကိုဖြစ်စေလိမ့်မယ်လို့ Bloomberg တွက်ချက်မှုတွေကဆိုပါတယ်။ Rubin တို့ မီလျံနာဇနီးမောင်နှံဟာဆိုရင် မကြာခင် ဒုတိယမြောက်ကလေးမွေးဖွားတော့မှာဖြစ်ပါတယ်။
View this post on Instagram
“တဖြည်းဖြည်းကြီးထွားလာမယ့် ကျွန်တော့်မိသားစုအပေါ်မှာပဲ ကျွန်တော့်အချိန်ကိုရင်းနှီးမြှုပ်နှံချင်ပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးလည်း သဘောတူပြီးပြီ။ သူ့ရဲ့ပရိုဖက်ရှင်နယ် ရည်မှန်းချက်တွေကို ဦးစားပေးသင့်တယ်လေ။” လို့ Rubin က ဆိုပါတယ်။ Rubin ရဲ့ ဇနီးသည်ဟာ တရားသူကြီးဖြစ်ပါတယ်။
Rubin ဟာ ၂၀၁၉ ခုနှစ်မှာ ယူရို ၆.၈ သန်းရရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ ယူရို၂၀.၁ သန်းရရှိခဲ့တဲ့အတွက် သူဟာ ဂျာမနီရဲ့ဝင်ငွေအကောင်းဆုံး အလုပ်အမှုဆောင်တွေထဲက တစ်ယောက်ဖြစ်နေတာပါ။ သူအလုပ်ကထွက်ပြီးရင်တော့ Zalando ရဲ့အခြားသူဌေးနှစ်ဦးဖြစ်တဲ့ Robert Gentz နဲ့ David Schneider တို့က ကုမ္ပဏီကိုဆက်လက်ဦးဆောင်သွားမယ်လို့လည်း သိရပါတယ်။
View this post on Instagram
ShweMom