သေဆုံးသွားတဲ့ ငါး အတွက် ဇမ်ဘီယာပြည်သူတွေနဲ့ အတူ သမ္မတပါ ၀မ်းနည်းပူဆွေးခဲ့

Image:Fb/Edgar Lungu

ဇမ်ဘီယာနိုင်ငံမှာတော့ သေဆုံးသွားတဲ့ ငါး အတွက် ပြည်သူတစ်ရပ်လုံး ၀မ်းနည်းပူဆွေးခဲ့ ကြပါတယ်။သမ္မတ Edgar Lungu ကပါ ပြည်သူတွေနဲ့ အတူ ၀မ်းနည်း ပူ ဆွေး ကြောင်းပြသ ခဲ့ပါတယ်။အဲ့ဒီငါး က တော့ ဇမ်ဘီ ယာ နိုင်ငံရဲ့ ဒုတိယအကြီးဆုံး တက္ကသိုလ် မှာ ရှိတဲ့ ကန် ထဲမှာ နေ ထိုင် တဲ့ ငါးပါ။ကံ ကောင်း စေတဲ့ ငါးလို့ သတ်မှတ်ယုံကြည် ထားတဲ့ ငါး ပါ။ဒီအ ကြောင်းကိုတော့ BBC မှာ ဖော်ပြထားပါတယ်။

ငါး သေဆုံးမှု အတွက် Copperbelt University (CBU) က ကျောင်းသူ၊ကျောင်းသားတွေ အားလုံးက ဖ ယောင်း တိုင် မီးတွေ ထွန်းညှိ ခဲ့ပြီး ၀မ်းနည်း ပူ ဆွေးခဲ့ ကြပါတယ်။ hashtag Mafishi ဆိုပြီး တွစ်တာ ပေါ်မှာ တော့ ပူ ဆွေးဝမ်းနည်းတဲ့ Post တွေ ပလူ ပျံ နေပါတယ်။လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) လောက် တည်းက ဒီငါးေ ကျောင်းသား၊ ကျောင်းသူတွေ အတွက် စာမေးပွဲ ဖြေတဲ့ အခါမှာ ကံ ကောင်းစေတယ်ဆိုတဲ့ အယူရှိ ပါတယ်။ Mafishi ဆိုတဲ့ အဓိပ္ပါယ်က တော့ ငါးကြီး ပါ။ဒီငါးကြီးရဲ့ အသက်က တော့ (၂၂)နှစ် လောက် ရှိတယ်လို့ ယူဆရပါတယ်။

တက္ကသိုလ်က ကန်ထဲမှာရှိနေတာ တော့ နှစ် (၂၀) ကျော်ခဲ့ပြီလို့ ကျောင်းသားေ ခါင်းဆောင် Lawrence Kasonde က ပြောပါတယ်။ငါးသေဆုံးရတဲ့ အ ကြောင်းအရင်းကို တော့ စုံစမ်းစစ်ဆေး နေတယ်လို့ Copperbelt တက္ကသိုလ် ကျောင်းသား သမဂ္ဂက ပြောပါတယ်။ငါးကို တော့ အခုထိ မမြှုပ် သေးပဲ ဆေးစိမ် ထားဖို့ စီစဉ် နေ ကြပါတယ်။ကျောင်းသား၊ကျောင်းသူ တစ်ချို့က တော့ စာမေး ပွဲ ဖြေခါ နီးရင် ဒီ ငါး ဆီ မှာ လာ ဆု တောင်း ကြပါတယ်။အဲ့လို ဆုတောင်းရင် စာ မေးပွဲ ဖြေတဲ့ အခါ ကံ ကောင်းတယ်လို့ ယုံ ကြည် ခဲ့ ကြတာပါ။ဒုတိယ နှစ်ကျောင်းသား Edwin Nambo က တော့ ဒီ ငါးက တက္ကသိုလ် ရဲ့ သင်္ကေတ တစ်ခု လို့ ပြောခဲ့ပါတယ်။

#Mafishi was part of the #CBU community for a long time."The greatness of a nation and its moral progress can be…

Posted by Edgar Chagwa Lungu on Monday, September 7, 2020

#SHWEMOM

SHARE