နာမည်ကြီးလွန်းလို့ကိုယ်ပိုင် Instagram account တောင်ရှိနေတဲ့ စပေါ့လုံးဂါဝန်လေး

@hot4thespot/Instagram

Insider မှာ ထူးထူးဆန်းဆန်းသတင်းတစ်ပုဒ် တက်လာခဲ့ပါတယ်။ အဲဒါကတော့ ဂါဝန်လေးတစ်ထည်ဟာ လူကြိုက်များပြီး အမျိုးသမီးတွေ အရမ်းဝတ်ကြလွန်းလို့ ကိုယ်ပိုင် Instagram account ပါ ရှိနေပြီဆိုတဲ့ အကြောင်းပါ။

ဂါဝန်လေးကတော့ ကမ္ဘာကျော်အင်္ကျီထုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Zara ကနေပြီး ထုတ်ထားခဲ့ဂါဝန်လေးပါ။ အဖြူပေါ်မှာ အမည်းအစက်လေးတွေနဲ့ vintage ဒီဇိုင်းလေးဖြစ်ပါတယ်။ လက်တလောမှာတော့ အမျိုးသမီးတွေကြားမှာ အဒီဂါဝန်လေးဟာ သိပ်ကိုခေတ်စားနေခဲ့ပါတယ်။ အထူးသဖြင့် ဗြိတိန်ကနွေရာသီဒဏ်ကို ခံစားနေကြရတဲ့ မမတွေကြားမှာပေါ့။

ရောင်းဈေးကတော့ နေရာဒေသနဲ့လိုက်ပြီး အမေရိကန်ဒေါ်လာ ၆၉.၉၀ လောက်နဲ့ ရောင်းချနေခဲ့ပြီး ဆိုဒ်ဟာလည်း XS ကစလို့ XXL အထိ ရှိနေတာဆိုတော့ ပိန်ပိန်လေးတွေရော ပြည့်ပြည့်လေးတွေအတွက်ပါ အဆင်ပြေစေမယ့် ဝတ်စုံမျိုးလေးပါ။ ရိုးရိုးလည်ပင်းလေးနဲ့ လက်စကအနေအထားလေးရှိပြီး ဂါဝန်အောက်နားလေးမှာလည်း အတွန့်လေးတွေနဲ့အလှဆင်ထားတဲ့အတွက်ကြောင့် ကြီးကြီးငယ်ငယ်၊ အသက်အရွယ်မရွေးနဲ့ လိုက်ဖက်ညီလွန်းလှပါတယ်။ ကြပ်ကြပ်ထုတ်ထုတ်ဖြစ်နေဘဲနဲ့ ခပ်ဝဲဝဲအနေအထားကြောင့်လည်း နေရထိုင်ရ သက်တောင့်သက်သာဖြစ်စေပြီး အပူဒဏ်ကိုလည်း တော်ရုံအံတုနိုင်မှာပါ။

READ
မကြာခဏ ငိုတတ်တဲ့ သူတွေဟာ စိတ်ပိုင်းဆိုင်ရာပိုသန်မာလာကြောင်းတွေ့ရှိ
@hot4thespot/Instagram

ဂါဝန်လေးရဲ့ IG account ကတော့ @hot4thespot ဆိုတဲ့ နာမည်နဲ့ဖြစ်ပြီး ကမ္ဘာတစ်လွှားက ဂါဝန်ဝတ်ထားတဲ့ အမျိုးသမီးတို့ရဲ့ပုံရိပ်လေးတွေကို တင်ထားတာပဲဖြစ်ပါတယ်။ အကောင့်ကိုတော့ stylist တစ်ဦးဖြစ်တဲ့ Faye Oakenfull ဆိုသူက ဖန်တီးကိုင်တ်ွနေတာပါ။ သူ့အနေနဲ့ ဒီဂါဝန်ခေတ်စားပုံကို စပြီး သတိထားမိခဲ့တာက ပွဲတစ်ပွဲမှာ art director နဲ့ makeup artist နှစ်ယောက်လုံးဟာ ဒီဂါဝန်ဒီဇိုင်းကိုပဲ အတူတူဝတ်လာခဲ့ကြတဲ့အတွက် ဓာတ်ပုံရိုက်ကာ ထူးဆန်းတယ်လို့ တင်မိခဲ့ရာမှ စခဲ့တာပါ။ သူ့ဓာတ်ပုံကို အကြောင်းပြုပြီး ကမ္ဘာတစ်ဝှမ်းက ဇာရာစပေါ့လုံးဂါဝန်ချစ်သူများဟာ သူတို့လည်းဝတ်ပါတယ်လို့ ပုံတွေလာပို့ကြတဲ့အတွက် အကြံရပြီး Instagram account သီးသန့်ဖွင့်ကာ အခုလို တင်ခဲ့ခြင်းဖြစ်ပါတယ်တဲ့။

@hot4thespot/Instagram

အဓိကရည်ရွယ်ချက်ကတော့ အမျိုးသမီးတွေရဲ့အတွင်းစိတ်ထဲမှာ ကိုယ်နဲ့အဝတ်အစားပုံစံတူတဲ့ တခြားတစ်ယောက်ကိုတွေ့လိုက်ရရင် ယှဉ်ကြည့်တတ်ပြီး သူကပိုလှနေမလားဆိုတဲ့ အားငယ်စိတ်မျိုး ဖြစ်လေ့ရှိကြပါတယ်။ မိမိခန္ဓာကိုယ်ကို ယုံကြည်မှုရှိစေဖို့နဲ့ ဒီဇိုင်းတူဝတ်ခြင်းဟာ မဆန်းကျယ်ကြေင်း ပြသချင်တာပါတဲ့။

READ
ဆံသားမပျက်စီးစေဖို့ ဒီအချက်လေးတွေကို ရှောင်ရှားပါ
@hot4thespot/Instagram
@hot4thespot/Instagram
@hot4thespot/Instagram

Penny

SHARE