လိင်ပြောင်းတစ်ယောက်ရဲ့အချစ်ကိုပုံဖော်ထားတဲ့ ဇာတ်ကားမှာသရုပ်ဆောင်ထားတဲ့ ဇေရဲထက်

from zay ye htet and hein wai yan facebook

ဗီဒီယိုရုပ်ရှင်ကားကောင်းတွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်တဲ့သူတစ်ေ်ယာက်ဖြစ်တဲ့ ဇေရဲထက်ကတော့ သူရဲ့ ကျရာဇာတ်ရုပ်မှာ သရုပ်ဆောင်နိုင်တဲ့ စွမ်းရည်ကြောင့်  ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိနေတာဖြစ်ပါတယ်။  “ရာဇဝင်ရိုင်းခဲ့သည်” ရုပ်ရှင်ကားကြီးမှာ ပါဝင်ခဲ့တဲ့ သူ့ရဲ့ ဇာတ်ရုပ်ကြောင့်လည်း ရုပ်ရှင် ပရိသတ်တွေကြား စိတ်ဝင်စားမှုတွေကို ရရှိနေတာဖြစ်ပါတယ်။

from zay ye htet and hein wai yan facebook
from zay ye htet and hein wai yan facebook

ဇေရဲထက်ကတော့ သိပ်မကြာခင်မှာ ရုံတင်ပြသတော့မယ့် “မာယာကကြိုး” ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာလည်း မိန်းခလေးဇာတ်ရုပ်နေရာကနေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ ဟိန်းဝေယံက ဒါရိုက်တာ အဖြစ်ဖန်တီးပုံဖော်ထားတာဖြစ်ပြီး ဇေရဲထက် နဲ့အတူလည်း တွဲဖက်ပြီး ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

from zay ye htet and hein wai yan facebook
from zay ye htet and hein wai yan facebook

ဒီရုပ်ရှင်ကားကတော့ “နူးညံ့သော လိင်ပြောင်းgay တစ်ယောက်ရဲ့နူးညံတဲ့အချစ်ရယ် သစ္စာရှိပြီးအရှက်အကြောက်ကြီးသော gayတစ်ယောက်ရဲ့နိဂုံးလေးကို ပညာပေးပေါင်းမြောက်မြားစွာနဲ့ ကိုဟိန်းဝေယံရိုတ်ကူးထားပါသည်းးအရမ်းကြည့်ချင်သောကား” ဖြစ်တယ်လို့ ဇေရဲထက်က ပြောထားပါတယ်။

from zay ye htet and hein wai yan facebook
from zay ye htet and hein wai yan facebook

မိန်းကလေး ဆန်ဆန်လေးနဲ့လည်း လှနေတဲ့ ဇေရဲထက်ကတော့ ဒီဇာတ်ကားမှာလည်း ဘယ်လိုမျိုး သရုပ်ဆောင်ဦးမလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။ရုပ်ရှင်ကား ရုံတင်မယ့် ရက်ကိုတော့ အတိအကျကြေငြာခြင်းမရှိသေးပါဘူး။

READ
Kim Soo Hyun စစ်မှုထမ်းရမယ့် ရက်အတိအကျ ထွက်လာ
from zay ye htet and hein wai yan facebook

Source: Zay Ye Htet/ hein wai yan

SHARE