အကယ်ဒမီဇကာတင်စာရင်းမှာ သူရဲ့ ရုပ်ရှင်ကားမပါလို့ စိတ်မကောင်းဖြစ်နေတဲ့ ဇေရဲထက်

ကြော်ငြာမင်းသားတစ်ယောက်၊ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေတဲ့သူတစ်ယောက်ဖြစ်ပြီး ဗီဒီယိုကား ပရိသတ်တွေအတွက်လည်း ပညာပေးကားကောင်းတွေကို ကြိုးစားရိုက်ကူးနေတဲ့သူတစ်ယောက်ဖြစ်တဲ့ ဇေရဲထက်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ ၂၀၁၈ခုနှစ်ထဲမှာလည်း “ရာဇဝင်ရိုင်းခဲ့သည်” ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေ ရရှိထားတဲ့ မင်းသားတစ်ယောက်ပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ၂၀၁၉ခုနှစ် မတ်လမှာ အကယ်ဒမီဆုပေးပွဲကြီးကို ကျင်းပတော့မယ့်အကြောင်းကို ကြေငြာခဲ့ပြီး အကယ်ဒမီဇကာတင် ရုပ်ရှင်ဇာက်ကားစာရင်းကို ကြေငြာပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ဇေရဲထက်ပါဝင် သရုပ်ဆောင်ထားတဲ့ “ရာဇဝင်ရိုင်းခဲ့သည်” ဇာတ်ကားကတော့ မပါဝင်ခဲ့ပါဘူး။

ဇေရဲထက်ကတော့ “ငါကြိုးစားခဲ့ပါတယ်းးး ငပေါနေရာကေားပရမ်းပထာကာရိုတ်တာကေားးးလုံးဝမူးလဲတဲ့အထိ မွန်းကြပ်စွာသရုပ်ဆောင်ခဲ့ရတဲ့ကားတွေရေားးတကားမှမပါဘူးးးကျနော့်ကံပေါ့းးမှန်းလည်းမမှန်းထားပါဘူးးးးစိတ်မကောင်းတာကဒီ၂၅ကားထဲတောင် တကားမှ 😔😔😔မပါတာတောကျနော်ံညံ့လို မပါတာလို့ပဲ ကျနော့် ကိုချစ်တဲ့လူတွေကျနော်ချစ်တဲ့လူတွေကိုပြောချင်ပါတယ်းးစိတ်မကောင်းမဖြစ်ပါနဲ့လို့🙏🙏🙏ကံတရားကိုပဲပုံချပါရစေ”လို့ရေးထားပြီး ဖေစ်ဘုတ်မှာ ပြောထားတာဖြစ်ပါတယ်။

READ
ရေကူးနေတဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုဖိုင်ကို ဝေမျှ ပေးလိုက်တဲ့ မေ

SOurce: zay ye htet

SHARE