လမ်းခွဲပြီး (၁)နှစ်အကြာမှာ ပြန်ပေါင်းထုပ်သွားတဲ့ Zayn နဲ့ Gigi

Image:twitter/NiteshRajbans1 /IG/zayn malik & gigi

ဏခဏ ပြတ်လိုက် ခဏခဏ ပြန်ပေါင်းထုပ်လိုက် လုပ်နေတဲ့  ဆယ်လီစုံတွဲတွေ ထဲမှာ  စူပါမော်ဒယ်Gigi Hadid နဲ့  Zayn Malik တို့ အတွဲ လည်း ပါပါတယ်။တကယ်ကြီးပြတ်ပါပြီ ဆိုပြီး တရားဝင် ကြေညာ လိုက် နောက် တော့ ပြန် အဆင်ပြေ သွားလိုက်နဲ့ သံသရာ လည် နေတဲ့ သူတို့ စုံတွဲ ဟာ လမ်းခွဲပြီး တစ်နှစ်အကြာမှာ ထပ်ပြီး ပြန် ပေါင်းထုပ်လိုက်ပါပြီ။ဇန်န၀ါရီ (၁၁)ရက်နေ့က Zayn Malik ရဲ့ အသက် (၂၇)နှစ်ပြည့် မွေးနေ့ ပွဲမှာ ချစ်သူ နှစ်ယောက် အတူ တူ ဆင်နွှဲ ခဲ့ကြပါတယ်။

Image:twitter/NiteshRajbans1
Image:IG/zayn malik & gigi

ဒါနဲ့ ဆိုရင် ပြတ်ပြီး ပြန်တွဲတာ သုံးခါ ရှိပါပြီ။အသက် (၂၄)နှစ်အရွယ် Gigi Hadid  နဲ့ အသက် (၂၇)နှစ်အရွယ်  Zayn Malik  တို့ ကတော့ နယူးယော့ခ်စီးတီး  il Buco က စားသောက် ဆိုင်ထဲကို အတူတူ လက်ချင်းချိတ် လို့ ၀င်လာခဲ့ ကြတဲ့ ပုံတွေ ထွက် လာခဲ့ပါတယ်။သူတို့ နှစ်ယောက်တည်းတော့ မဟုတ်ပါဘူး။Bella Hadid ၊ သူတို့ရဲ့ မေမေ Yolanda Hadid နဲ့  Dua Lipa တို့ လည်း ပါပါတယ်။ Gigi  နဲ့ Zayn Malik  တို့ ကတော့ မော်ဒယ် စိမ်းရောင် ကို အရောင် တူ ၀တ်ဆင်ထားပါတယ်။Gigi ကတော့ အပေါ် ကုတ် နဲ့ ဘောင်းဘီက အစိမ်းရောင်၊အထဲမှာတော့ အဖြူရောင် အင်္ကျီကို ၀တ်ထားပါတယ်။Zayn ကတော့ အစိမ်းရောင် စပ်ထားတဲ့ အပေါ် ၀တ်အကျီင်္ နဲ့  ဂျင်းဘောင်းဘီ ကို ၀တ်ဆင်ထားပါတယ်။

READ
အက်ရှင်ဒရမ်မာကားသစ် ရိုက်ကူးမယ့် Rain
Image:twitter/NiteshRajbans1
Image:IG/zayn malik

Gigi က Zayn ရဲ့ မေမေ Tricia Brannan Malik ကို IG မှာ Tag လုပ်ထားတဲ့ Post တင်လိုက်တည်းက  ပြန်တွဲ နေကြပြီဆိုတဲ့ သတင်းတွေ ထွက်နေတာ ကြာပါပြီ။အဲ့ဒီ IG Post မှာတော့ “Sunday in the kitchen: about to marinate the chicken for one of my favourites!!! @mammamalik’s Chicken Curry Pasta Salad,”  ဆိုပြီး Caption ရေးထားပါတယ်။ ယောက္ခ မ လောင်းနဲ့ အရမ်းအဆင်ပြေ နေ ပြီ ဆိုတည်းက သေချာ ပေါက် ပြန်တွဲ နေပြီဆိုတာကို Fan တွေက သိခဲ့တာပါ။

Image:twitter/NiteshRajbans1

လမ်းခွဲပြီးနောက် သူတို့ ဆက်ဆံ ရေးကို မိတ်  ဆွေ ဆက်ဆံ ရေးအဖြစ် ပြန်နေ ခဲ့ပြီး အဲ့ဒီကနေ မှ ပြန်တွဲ ခဲ့ကြတာလို့ သတင်းတွေမှာ ဖော်ပြ ခဲ့ပါတယ်။Gigi နဲ့  Zayn  တို့ က ပြန်တွဲ နေပြီလို့ အခုထိ တရားဝင် တော့ မပြော  ကြ သေးပါဘူး။ဒါပေမယ့်လည်း  IG က  Post ၊ ထွက်လာတဲ့ ပုံတွေ အရ  လုံးဝ သေချာ ပေါက် ပြန် တွဲ  နေ တယ်ဆိုတာကို ဖော်ပြ နေပါတယ်။

READ
သေချာပေါက် ကြည့်သင့်တဲ့ ဘောလိဝုဒ်နိုင်ငံရေး ဇာတ်ကား(၄) ကား
Image:IG/ gigi
Image:IG/ Zyen

Source :usmagazine

 

SHARE