Fifty Shades Darker အတွက် Sexy Music Video ကို လန်ဒန်မှာ ရိုက်ကူးခဲ့

Zayn Malik နဲ့Taylor Swift တို့ဟာ Fifty Shades Darker ရဲ့ဇာတ် ၀င်တေးတစ်ပုဒ်ဖြစ်တဲ့ I Don’t Want To Live Forever သီချင်း music video ကို လန်ဒန်မှာ သွားရောက်ရိုက်ကူးခဲ့ပါတယ်။ music video ရိုက် ကူးနေတဲ့ မြင်ကွင်းပုံရိပ်ဓါတ်ပုံတွေ ဇန်န၀ါရီလ(၉)ရက်နေ့က ထွက်ပေါ် လာခဲ့ ပါတယ်။တစ်ညအတွက် အခန်းငှားခ £2,500 ကျသင့်တဲ့ St Pancras Renaissance hotel မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။တောက်ပတဲ့ ခန်စီး စတွေနဲ့၊မီးအိမ်ပေါက်ခွဲ၊ကျကွဲတဲ့ အခန်းတွေပါဝင်မယ်လို့သိရပါတယ်။

nintchdbpict000000347761

Zayn အပိုင်းမှာတော့ ဟိုတယ်အခန်းထဲ မှာ ခေါင်းအုံးတွေကို စုတ်ဖြဲတာ၊မီး အိမ်ကိုနံရံဆီပေါက် ခွဲတဲ့အခန်းတွေ ပါတယ်လို့ သတင်းတွေအရသိရပါတယ် ။တေလာအပိုင်းမှာတော့ ခန်းစီးစတွေ မီးရှို့တဲ့ အခန်းတွေပါမှာဖြစ်ပါတယ်။  ဇာတ်ဝင်သီချင်းအတွက် အပိုင်းအား လုံးကို ဂရုတစိုက် အစီစဉ်တကျ ရိုက် ကူးပေးခဲ့တာဖြစ်ပြီး တကယ့်ကို sexy  ကျတဲ့ ဗီဒီယိုဖြစ်လာမယ်လို့ သိရ ပါတယ်။

3BEFDA7700000578-4098514-Wet_Several_held_umbrellas_as_cameras_rolled-m-59_1483845527566

Zayn က ကျစ်လစ်တဲ့ ၀တ်စုံကိုဝတ်ဆင်ခဲ့ကာ၊ တေလာ ကတော့ ခြေအိတ် သိုင်းမျှော့ကွင်း နဲ့   ဒေါက်ဖိနပ်ကို ၀တ်ဆင်ခဲ့တယ်လို့သိရပါတယ်။တေလာဆွစ် တစ်ယောက်လည်း လန်ဒန် ကို ရောက်နေတယ်လို့ ပြောခဲ့ပေမယ့် ရိုက်ကွင်း မှာတော့ သူမကိုမတွေ့ ခဲ့ရပါ ဘူး။Zayn တစ်ယောက်တည်းကိုပဲ မိုးရွာ ထဲမှာထီးတွေကြားထဲ၊ ကားဘေးနား မှာ ရပ်နေတဲ့ ပုံတွေ တွေ့ခဲ့ရပါတယ်။

READ
အကြီးမားဆုံးPhotoshopအမှားများနှင့် နာမည်ကျော်များ၏ဓာတ်ပုံများ

3BEFDA4800000578-4103980-image-a-177_1484008385448

Ref;Daily Mail

SHARE