မြင်းနဲ့ မြင်းကျားပေါင်းစပ်ပြီး ပေါက်ဖွားလာတဲ့ Zorse ဆိုတဲ့ တိရိစ္ဆာန်

သင့် အနေနဲ့ မြင်းနဲ့ မြင်းကျားရဲ့ လက္ခဏာ အင်္ဂါရပ်တွေရှိတဲ့ တိရိစ္ဆာန်ကို မြင်ဖူးပါသလား။ မြင်းကျား အထီးနဲ့ မြင်း အမတို့ကို မျိုးစပ်ပြီး ပေါက်လာတဲ့ Zorse ဆိုတဲ့ ဒဏ္ဍာရီဆန်ဆန် တိရိစ္ဆာန်အကြောင်းကို Carina Maiwald ဆိုတဲ့ ဓာတ်ပုံဆရာမက စိတ်ဝင်စားဖွယ်  ဖော်ပြခဲ့ပါတယ်။ သူမဟာ မြင်းတွေကို ဓာတ်ပုံရိုက်လာခဲ့တာ အခုဆို ခြောက်နှစ်တောင်ရှိနေပါပြီ။

Carina Maiwald/Instagram

မြင်းတွေက အုပ်စုလိုက်နေတတ်ကြတယ်၊ ဒါပေမယ့် Zorse တွေက တိုက်ခိုက်ဖို့ အသင့်ဖြစ်နေတတ်ကြတယ်၊ မြင်းတွေက စပ်စပ်စုစုနိုင်တယ်၊ Zorse တွေကတော့ အပင်ပန်းမခံကြဘူး၊

Carina Maiwald/Instagram

အာဖရိကနိုင်ငံတွေ Zorse တွေကို မွေးမြူလေ့ရှိကြပြီး တောလမ်းတွေမှာ လူတွေ၊ အသုံးအဆောင်တွေကို သယ်ယူပို့ဆောင်ရာမှာ အသုံးပြုတယ်။ Zorse တွေက သန်မာတယ်၊ ပေါ့ပါးတယ်၊ ဖျားနာတဲ့ ဒဏ်ကိုခံနိုင်တယ်။ Zorse တွေဟာ မြင်းကျားနဲ့ မြင်းတို့ရဲ့ အကောင်းဆုံးသော အစိတ်အပိုင်းတွေ ပေါင်းစပ်ထားတဲ့ တိရိစ္ဆာန်ဖြစ်တယ်။

READ
မိန်းကလေးတွေ စိုးရိမ်တတ်တဲ့ ရင်သားနဲ့ပတ်သက်သောပြဿနာများ
Carina Maiwald/Instagram

အခုဖော်ပြထားတဲ့ Zorse လေးက ၁ နှစ်ခွဲ အရွယ်ရှိပြီဖြစ်ပြီး Zuri လို့ခေါ်ပါတယ်။

Carina Maiwald/Instagram
Carina Maiwald/Instagram

အာဖရိကတိုက်အပြင်မှာတော့ Zorse ကိုတွေ့ရဖို့ မလွယ်ပါဘူး။ Zorse တွေ တကယ်ကိုရှားပါပြီး ယေဘူယျအားဖြင့် ရိုးရှင်းတဲ့ နေထိုင်မှုမျိုးအတွက်သာ မွေးမြူကြပါတယ်။

Carina Maiwald/Instagram

Zuri ကတော့ အမလေးဖြစ်ပြီး အရိုင်းဆန်တဲ့ မျက်လုံးတွေကို ပိုင်ဆိုင်ထားပါတယ်။

Carina Maiwald/Instagram
Carina Maiwald/Instagram
Carina Maiwald/Instagram

Carina Maiwald ဓာတ်ပုံရိုက်ကူးစဉ်…

Carina Maiwald/Instagram

Matthew (ShweMOM)

SHARE