ပရိသတ်တွေတိုင်းကြွေသွားစေမယ့် ဇာဏ်ခီရဲ့ ပွဲတက်ပုံရိပ်များ

“ဥပါယ်တံမျဉ်” ရုပ်ရှင်ကားကြီးနဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးမှုတွေကို ရရှိလာခဲ့တဲ့ မင်းသားကြီးတစ်ယောက်ဖြစ်တဲ့ ဇာဏ်ခီကတော့ သူရဲ့ Gentleman ဆန်တဲ့ ပုံရိပ်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိနေတာဖြစ်ပါတယ်။ ဇာဏ်ခီကတော့ အနုပညာလှုပ်ရှားမှုတွေကို မနားတမ်းပြုလုပ်နေရတဲ့သူတစ်ယောက်ဖြစ်ပြီး လတ်တလောမှာလည်း Cookie internet TV ရဲ့ ပွဲကို တက်ရောက်ခဲ့ပါသေးတယ်။

ဒီပွဲမှာတော့ ဇာဏ်ခီဟာ ပွဲလာပရိသတ်တွေအားလုံးရဲ့ အကြည့်တွေကို ဖမ်းစာနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ ဇာဏ်ခီကတော့ ပွဲတက်ခဲ့တဲ့ ပုံရိပ်တွေကို သူ့ရဲ့ ဖေစ်ဘုတ်စာမျက်နာပေါ်မှာ ပရိသတ်တွေအတွက် ဝေမျှပေးထားပါသေးတယ်။ ပရိသတ်တွေကတော့ ပွဲနဲ့လိုက်ဖက်အောင် ဝတ်စားတတ်တဲ့ ဇာဏ်ခီရဲ့ ဖက်ရှင်အကြိုက်ကို သဘောတွေ့နေကြပါတယ်။

ဇာဏ်ခီကို အားပေးကြတဲ့ ပရိသတ်တွေအတွက် လူတိုင်းကို ကြွေသွားစေလောက်တဲ့ ဇာဏ်ခီရဲ့ အမိုက်စားပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

READ
ကိုရီးယားရိုးရာဝတ်စုံလေးနဲ့ ဗီဒီယိုဖိုင် တင်လိုက်တဲ့ နန်းဆုရတီစိုး

Source: Zen Kyi

SHARE