အွန်လိုင်းအသုံးပြုသူတွေဟာ သမိုင်းဝင်ဒရာမာဇာတ်ကား Rebel Princess ထဲက အပိုင်း ၂၀ ရဲ့ ဇာတ်ဝင်ခန်းတစ်ခန်းထဲမှာ အမှားတစ်ခုကိုတွေ့ခဲ့ကြပါတယ်။ အဲ့ဒါကတော့ ဇာတ်ဝင်ခန်းထဲမှာ မင်းသမီး Zhang Ziyi က သူမရဲ့ဝတ်စုံအောက်မှာ sneaker ရှူးတစ်ရံကိုဝတ်ထားတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ Rebel Princess ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပရိသတ်တွေကိုတောင်းပန်ခဲ့ပါတယ်။

View this post on Instagram
ပရိသတ်တွေကလည်း အဝတ်အစားဆင်တဲ့ဒီိဇိုင်နာတွေကို စွပ်စွဲပြောဆိုကြသလို တစ်ချို့ကလည်း အတွေ့အကြုံရှိတဲ့ မင်းသမီးဖြစ်ရက်နဲ့ Zhang Ziyi ဟာ အလုပ်အပေါ်မလေးစားဘူးလို့လည်း စွပ်စွဲပြောဆိုနေကြပါတယ်။ Zhang Ziyi ဟာ သူမရဲ့ Wang Xuan အဖြစ် သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်အပေါ်မှာ လေးစားမှုရှိသင့်ပြီး သင့်တော်တဲ့ဖိနပ်မျိုး ဂရုတစိုက်ဝတ်သင့်တယ်လို့လည်း ဆိုထားပါသေးတယ်။ တစ်ချို့ကလည်း ဒရာမာကို တည်းဖြတ်သူတွေအပေါ် အပြစ်တင်ထားပါတယ်။

Rebel Princess ရဲ့ထုတ်လုပ်ရေးအဖွဲ့ကတော့ သူတို့အမှားဖြစ်ခဲ့တဲ့အတွက် ပရိသတ်တွေကို တောင်းပန်စာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အဖွဲ့ကတော့ အခုလိုအမှားမျိုးဖြစ်ရခြင်းဟာ ရုပ်ရှင်ရိုက်ကူးတုန်းက ပေါ့ဆမှုနဲ့ တည်းဖြတ်တဲ့အပိုင်းမှာလည်း မျက်လုံးရှမ်းပြီး သတိမမူမိလို့ဖြစ်ကြောင်း ကြေညာခဲ့တယ်လို့လည်း dramapanda အရ သိရပါတယ်။
ShweMom