ကိုဗစ်ကို အကြောက်အလန့် မရှိဘဲ ခပ်ပြတ်ပြတ် စိန်ခေါ်ခဲ့တဲ့ Zalatan Ibrahimovic

[email protected] iamzlatanibrahimovic

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါဖြစ်နေတဲ့ အချိန်ဖြစ်ပြီး လူတိုင်းသတိထားရမယ့် အချိန်ဆိုလည်း မမှားပါဘူး။ အပြင်သွားရင်လည်း လူထူထပ်တဲ့ နေရာတွေကို ရှောင်သွားရမှာဖြစ်ပြီး မဖြစ်မနေ Face mask ကိုလည်း ဝတ်ဆင်ထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ COVID 19 ကပ်ရောဂါဟာ လူမရွေးပါဘူး။ ကမ္ဘာကျော်အနုပညာရှင်တွေ၊ နာမည်ကြီးအားကစားသမားတွေဆိုရင်လည်း အခုအချိန်မှာ တောက်လျှောက် COVID 19 ဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ အခုလည်း မကြာသေးခင်အချိန်က AC Milan အသင်းရဲ့ နာမည်ကြီးတိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ Zlatan Ibrahimovic တစ်ယောက်ဟာလည်း COVID 19 ရောဂါပိုးကူးစက်ခံခဲ့ရကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

I never left @acmilan

A post shared by Zlatan Ibrahimović (@iamzlatanibrahimovic) on

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့(၂၃.၉.၂၀၂၀)တုန်း AC Milan အသင်းတစ်သင်းလုံးဟာ COVID 19 ရောဂါပိုး စမ်းသပ်မှူတွေ ပြုလုပ်ခဲ့ကြပေမယ့် အဖြေက Negative ထွက်ခဲ့ပါတယ်။ ဒါပေမယ့် နောက်တစ်နေ့ မနက်မှာ ရောဂါပိုးရှိမရှိ ဒုတိယအကြိမ်ထပ်စစ်ဆေးကြည့်တဲ့အချိန်မှာတော့ AC Milan အသင်းရဲ့ တိုက်စစ်မှူး Ibrahimovic တစ်ယောက်တည်းမှာ COVI 19 ရောဂါပိုးကို တွေ့ရှိခဲ့ပါတယ်။ Ibrahimovic က တော့ သူ့ရဲ့ Twitter အကောင့်မှာ COVID 19 ရောဂါပိုးစစ်ဆေးတဲ့အချိန် သူ့တစ်ယောက်တည်းစီမှာ ရောဂါပိုးတွေ့ရှိခဲ့ရကြောင်း၊ ပထအကြိမ်စစ်တဲ့အခါမှာ Negative ပြပြီး ဒုတိယအကြိမ်ထပ်စစ်ကြည့်မှ သူတစ်ယောက်တည်းစီမှာ ရောဂါပိုးတွေ့ရတာဟာ COVID 19 က သူ့ကို စိတ်ခေါ်နေတာလို့ထင်ကြောင်း ခပ်မာမာပဲ ရေးသားခဲ့ပါတယ်။

READ
ကလေးငယ်တွေရဲ့အုတ်ဂူကို ပေါင်(၃)သောင်းကျော်အကုန်ခံပြီးပြင်ဆင်ခဲ့တဲ့မိဘနှစ်ဦး

 

“ပထမတစ်ရက်စစ်တော့ COVID 19 ရောဂါပိုးကို ကျွန်တော့်ကိုယ်မှာ မတွေ့ခဲ့ရပါဘူး။ ဒုတိယအကြိမ်ထပ်စစ်တော့ တစ်သင်းလုံးမှာမှ ကျွန်တော်တစ်ယောက်တည်းဆီမှာ ဒီရောဂါပိုးကို တွေ့ခဲ့ရတယ်ဗျာ။ ကျွန်တော့်ဆီမှာလည်း ဒီရောဂါပိုးနဲ့ ပတ်သတ်တဲ့ ရောဂါလက္ခဏာတွေပြတာ မရှိပဲနဲ့။ ဒါကျွန်တော့်ကို ဒီပိုးက သက်သက်စိန်ခေါ်တာပဲဗျ။ ကျိန်းသေတာကတော့ ဒီ COVID 19 ရောဂါပိုးက လူရွေးမှားသွားပြီဗျ”လို့ Ibrahimovic က ပြောကြားခဲ့ပါတယ်။

READ
ဖုန်းဆက်ပြီးကြော်ငြာတဲ့ ဆက်သွယ်ရေးကုမ္ပဏီတွေကို ဒဏ်ရိုက်မယ့်အိန္ဒိယ

 

 

View this post on Instagram

 

Same Zlatan. Different Devil. @acmilan Arrivo

A post shared by Zlatan Ibrahimović (@iamzlatanibrahimovic) on

Pyi Hein Kyaw

SHARE