စူပါဟီးရိုးနေရာက သရုပ်ဆောင်လို့ လူအထင်သေး ခံရတဲ့အကြောင်း ဖွင့်ဟခဲ့တဲ့ Zoe Saldana

Zoe Saldana ဆိုတာ ဟောလိဝုဒ်ရဲ့ နာမည်ကြီး မင်းသမီးတစ်လက်ပါ။ သူမဟာ ၀င်ငွေကောင်းပြီး လူကြိုက် များခဲ့တဲ့ Pirates of The Caribbean ၊ Star Treks ၊ Guardians of the Galaxy ၊ The Avatar စတဲ့ ရုပ်ရှင် ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ အဲဒီရုပ်ရှင်ဇာတ်ကားတွေမှာ သူမ ဟာ ဂြိုလ်သား၊ စုန်းမ၊ စူပါဟီးရိုးစတဲ့ ပုံမှန်မဟုတ်တဲ့ ဇာတ်ရုပ်တွေနေရာက သရုပ်ဆောင်ခဲ့ရတာပါ။

Twitter

Zoe ဟာ အောင်မြင်တဲ့ ရုပ်ရှင်တွေမှာ ပါဝင်ခွင့်ရခဲ့ပေမယ့် သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးလို့ သတ်မှတ်ခြင်း ခံရလေ့မရှိပါဘူး။ ဒါ့အပြင်လည်း ရုပ်ရှင်ရိုက်ကွင်းတွေ၊ အခမ်းအနားတွေကို သူမရောက်သွားတိုင်း ဘ၀တူ ဟောလိဝုဒ်ရုပ်ရှင်လောကသားတွေက “ဂြိုလ်သားမ လာပြီ” ဆိုပြီး မကြားတကြားနဲ့ လှောင်ပြောင်တာ ခံရလေ့ ရှိပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သတ်ပြီး Zoe ဟာ ဗြိတိန်ဝက်ဘ်ဆိုဒ်တစ်ခုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။

READ
သူငယ်ချင်း Yoo Yeon Seok ကို ၀န်းရံပေးလိုက်တဲ့ Lee Kwang Soo

Zoe က “ဒီရုပ်ရှင်လောကထဲက လူတိုင်းဟာ ကလေးတွေအတွက် စဉ်းစားပေးတဲ့ လူတွေ မဟုတ်ပါဘူး။ တစ်ချို့ သရုပ်ဆောင်တွေကပဲ (၅)နှစ်သားကလေးတစ်ယောက်ရဲ့ အကြီးမားဆုံးဆန္ဒဟာ သူအရမ်းနှစ်သက်တဲ့ ရုပ်ရှင်ထဲက စူပါဟီးရီုးနဲ့ လက်တွေ့ဘ၀မှာ တွေ့ချင်တယ် ဆိုတာကို နားလည်ပေးနိုင်တာပါ။ အဲလို သရုပ်ဆောင်တွေကပဲ သူတို့ရဲ့မာနကို ချိုးနှိမ်ပြီး ကလေးတွေရဲ့ လိုအပ်ချက်ကို သိကြောင်း၊ နားလည်ကြောင်း၊ ဖြည့်ဆည်းပေးလိုကြောင်း ရုပ်ရှင်ထဲက တစ်ဆင့် ပြောပြကြပါတယ်” ဆိုပြီး ဖွင့်ဟခဲ့ပါတယ်။

Wireimage

ဒါ့အပြင်လည်း Zoe က “ဟောလိဝုဒ်ရုပ်ရှင်လောကမှာ ကိုယ့်ကိုကိုယ် မြင့်မြတ်တယ်လို့ ထင်နေကြတဲ့ လူတွေကတော့ ကျွန်မတို့ကို နှိမ့်ချကြပါတယ်။ ဒါပေမယ့် သူတို့ဟာ ကလေးတွေရဲ့ လိုအပ်ချက်နဲ့ ကျွန်မတို့ရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကို နားမလည်ပါဘူး။ ကျွန်မတို့ သရုပ်ဆောင်တဲ့ ဇာတ်ရုပ်ကြောင့် ဘယ်သူမှ အတုယူမမှားစေရဘူးလို့ ရဲရဲကြီး အာမခံနိုင်ပါတယ်။ ကျွန်မကတော့ အာကာသထဲမှာပဲ နေပြီး အပြာရောင်ဖြစ်လိုက်၊ အစိမ်းရောက်ဖြစ်လိုက်၊ ဂြိုလ်သားဖြစ်လိုက်နဲ့ မျိုးဆက်သစ်တွေကို စူးစမ်းလိုစိတ်၊ ကြိုးစားလိုစိတ်ရှိလာအောင် လှုံဆော်ပေးနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကို အမြဲတမ်း ဂုဏ် ယူနေမှာပါ” ဆိုပြီး ပြောခဲ့ပါတယ်။

READ
ပရိသတ်တွေကြားမှာ "သဘောရှိလေး" ဆိုပြီး နာမည်ကြီးနေတဲ့ လီလီကျော်ခိုင်
The Game of Chance

သူမဟာ ငယ်ရွယ်စဉ်ကလေးဘ၀တုန်းက Alien ရုပ်ရှင်ဇာတ်ကားထဲက မင်းသမီး Sigourney Weaver နဲ့ Terminator ရုပ်ရှင်ဇာတ်ကားတွေထဲက မင်းသမီး Linda Hamilton တို့ကို ကြည့်ပြီး အရမ်းသဘောကျခဲ့ ကြောင်း၊ ဒီမင်းသမီးတွေကို အားကျလွန်းလို့သာ သရုပ်ဆောင် လုပ်ဖို့စိတ်ဝင်စားခဲ့တာဖြစ်ကြောင်းနဲ့ သူတို့လို ဂန္တ၀င်မင်းသမီးတွေအဖြစ် သတ်မှတ်မခံရရင်တောင်မှ သူမကြိုက်တဲ့ မင်းသမီးတွေလိုမျိုး မျိုးဆက်သစ်တွေကို အားတက်စရာ၊ အတုယူစရာတစ်ခုခု ဖန်တီးပေးနိုင်တယ်ဆိုရင် ကျေနပ်နေမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Source : The Warp

SHARE