မြေမြှုပ်ထားတဲ့ကြားက မြေပြင်ပေါ်ပြန်ထွက်လာကြတဲ့ ဇွန်ဘီမြွေပါလေးများ

instagram/mink.family instagram/myshka_mink

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို ကာကွယ်ဖို့အတွက် ဒိန်းမတ်ဟာ ထောင်ပေါင်းများစွာသော အမွှေးရှည်မြွေပါလေးတွေကို အမြစ်ပြတ်အောင်သုတ်သင်ရှင်းလင်းခဲ့ရပါတယ်။ ဒါပေမဲ့ မြွေပါလေးတွေကို အဆိပ်နဲ့သတ်အပြီး မြေမြှုပ်ခဲ့ရာမှာ ရာနဲ့ချီတဲ့မြွေပါအလောင်းကောင်တွေဟာ မြေပေါ်ပြန်ကြွတက်လာတာကြောင့် ဒိန်းမတ်အနေနဲ့ ၄င်းမြွေပါတွေကို ပြန်လည်တူးဖော်ဖို့ပြင်ဆင်နေကြောင်း CNN သတင်းအရ သိရပါတယ်။

မြွေပါတွေကို သတ်ဖြတ်ရာမှာအသုံးပြုခဲ့တဲ့ ဂက်စ်ကြောင့် အလောင်းကောင်တွေဟာ ဖောင်းပွပြီး မြေပြင်ပေါ်တက်လာတာဖြစ်နိုင်တယ်လို့ ယူဆထားကြပြီး ၄င်းတို့ကို ဇွန်ဘီမြွေပါတွေလို့ သမုတ်ထားကြပါတယ်။ ဒိန်းမတ်ဟာ အခုလအစောပိုင်းတုန်းက ကိုဗစ်သန္ဓေပြောင်းဗိုင်းရပ်စ်ကို လူ၁၂ဦးမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီဗိုင်းရပ်စ်ကတော့ လူတွေကတဆင့် မြွေပါ၊ မြွေပါကတဆင့် လူကိုအပြန်အလှန်ကူးစက်ကြောင်း တွေ့ရှိရတဲ့အတွက် mink ခေါ်အမွှေးရှည်မြွေပါအားလုံးကို ဖမ်းဆီးသုတ်သင်ဖို့ အမိန့်ချမှတ်ခဲ့တာပါ။

မြွေပါ ၁၇ သန်းခန့်ကို ဒိန်းမတ်အနောက်ပိုင်း စစ်တပ်ပိုင်နယ်မြေမှာ အဆိပ်ငွေ့နဲ့သတ်ပြီး မြေမြှုပ်ခဲ့ကြပါတယ်။  မြေအောက် နှစ်မီတာအနက်မှာ မြွေပါအလောင်းကောင်တွေကို မြှုပ်နှံခဲ့ကြပေမယ့် အလောင်းကောင်တွေဟာ မြေပေါ်ပြန်ပေါ်လာခဲ့ကြတာပါ။ သောကြာနေ့မှာတော့ ဒိန်းမတ် စိုက်ပျိုးရေးဝန်ကြီး Rasmus Prehn က မြှုပ်ထားတဲ့မြွေပါတွေကိုပြန်တူးပြီး မီးရှို့ပစ်တာသာ အကောင်းဆုံးအဖြေဖြစ်လိမ့်မယ်ဆိုပြီး အကြံပေးသွားပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်ဖို့ကလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီရဲ့ သဘောတူညီချက်ရဖို့ လိုပါသေးတယ်။

READ
အိမ်ခြေယာမဲ့တွေအတွက် လိုတရ ဣစ္ဆာသယ ရေခဲသေတ္တာ

TV2 သတင်းကတော့ မြွေပါအလောင်းတွေကို ပြန်ပိုးသတ်ပြီး မြေပြန်မြှုပ်မယ် ဆိုပါတယ်။ စိုက်ပျိုးရေးဝန်ကြီး Prehn မတိုင်ခင် သူ့ရှေ့မှာ တာဝန်ထမ်းဆောင်ခဲ့သူကတော့ Mogens Jensen ဆိုသူပါ။ Mogens Jensen ကတော့ မြွေပါတွေအားလုံးကို အမြစ်ပြတ်သုတ်သင်ဖို့ နှိမ်နှင်းရေးလုပ်ငန်းတွေလုပ်ခဲ့တဲ့အတွက် တရားမဝင်ဘူးလို့သတ်မှတ်ကာ ရာထူးကရပ်စဲခံခဲ့ရတာဖြစ်ပါတယ်။

သူ့ကို ရာထူးကပယ်ရှားလိုက်ပေမယ့် မြွေပါလေးတွေကို အစုလိုက်အပြုံလိုက်သတ်တဲ့ပရိုဂရမ်ကတော့ မရပ်သွားခဲ့ပါဘူး။ မြွေပါလေးတွေကို သေတ္တာကြီးတွေထဲထည့်ပြီး ဂက်စ်ပေးသတ်တဲ့ကိစ္စက လူ့ကျင့်ဝတ်အရ ပြောစရာတွေပေါ်လာခဲ့တာပါ။ ပြီးတော့ မြွေပါလေးတွေကို အလုံပိတ်သေတ္တာကြီးထဲ ထည့်သတ်တုန်း အထဲမှာ မြွေပါလေးတစ်ကောင်ဟာ မသေမရှင် ဆန့်ငင်ဆန့်ငင်နဲ့တွန့်လိမ်နေတဲ့ ဗီဒီယိုဖိုင်ဟာလည်း လူပြောစရာဖြစ်ခဲ့တာပါ။ ၄င်းမြွေပါလေးအနားမှာတော့ တခြားမြွေပါအသေကောင်တွေဟာ အပြည့်ဝိုင်းလျက်ရှိနေခဲ့တာပါ။ နောက်တစ်ခုကတော့ မြွေပါတွေနဲ့ ပတ်သက်ပြီး စီးပွားရေးအရ ဖြစ်လာနိုင်တဲ့အကျိုးဆက်ပါ။ ဒိန်းမတ်ရဲ့ သားမွှေးလုပ်ငန်းဟာဆိုရင် လုပ်ငန်း ၅,၅၀၀ကို တိုက်ရိုက်ပံ့ပိုးပေးနိုင်ပါတယ်။ ဒိန်းမတ်နည်းတူ စပိန်နဲ့ နယ်သာလန်တို့ဟာလည်း တိရစ္ဆာန်တွေမှာဖြစ်ပွားတတ်တဲ့ ကိုဗစ်ဗိုင်းရပ်စ်ကြောင့် မြွေပါလေးတွေကိုသုတ်သင်သတ်ဖြတ်ခဲ့ရကြောင်းလည်း သိရပါတယ်။

READ
လေယာဉ်ခရီးစဉ်နှောင့်နှေးမှု မဖြစ်အောင် လူမိုက်ကို ပညာပေးခဲ့ကြတဲ့ ခရီးသည်များ 

ShweMom

SHARE