လူတွေရဲ့မလိုလောဘကြောင့် ကျောကုန်းမှာစူပါဂလူးနဲ့ ခြင်းကြီးအကပ်ခံထားရတဲ့လိပ်လေး

Pixabay-Public Domain, Weibo

တိရိစ္ဆာန်ရုံတွေကို ဘယ်လိုမြင်မိပါသလဲ။ တချို့တွေကတော့ တိရိစ္ဆာန်ရုံတွေထားရခြင်းဟာ တိရိစ္ဆာန်လေးတွေကို မုဆိုးတွေလက်ထဲက ကာကွယ်ပေးတယ်၊ တိရိစ္ဆာန်ချင်းသတ်ဖြတ်မှုကနေကာကွယ်ပေးတယ်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အစာရေစာပေါများမှုတွေစတဲ့ အကျိုးကျေးဇူးတွေရတာကြောင့် ကောင်းတယ်လို့ဆိုကြပေမယ့်လို့ တချို့လူတွေရဲ့စိတ်ထဲမှာကျတော့လည်း တိရိစ္ဆာန်ရုံမှာ တိရိစ္ဆာန်လေးတွေရဲ့သဘဝကိုလွန်ဆန်ပြီး ထိန်းသိမ်းထားတာဟာ ညှင်းပန်းနှိပ်စက်ရာရောက်တယ်ဆိုပြီး ကန့်ကွက်လေ့ရှိကြပါတယ်။

ဒါကတော့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်အမြင်နဲ့ယူဆချက်တွေမလို့ ဘာမှမပြောလိုပေမယ့် ဒီမနက်ဖတ်လိုက်ရတဲ့သတင်းတစ်ပုဒ်ကြောင့် တိရိစ္ဆာန်ရုံထဲကအကောင်လေးတွေကို စိတ်ပူမိခဲ့ပါတယ်။ သတင်းကတော့ World of Buzz မှာ ဖော်ပြထားခဲ့တာပါ။ တရုတ်နိုင်ငံက Guangxi ဒေသမှာဖြစ်ပွားခဲ့တာပါ။

Weibo/OddityCentral

The Nanning Zoo ဆိုတဲ့ တိရိစ္ဆာန်ရုံဟာ နိုင်ငံတကာအဆင့်မှီဆိုတဲ့ ခေါင်းစဉ်အောက်မှာ တည်ရှိနေတဲ့ တိရိစ္ဆာန်ရုံတစ်ရုံဖြစ်ပါတယ်။ တိရိစ္ဆာန်ရုံမှာနေ့တိုင်းလိုလို လူတွေအုံနေတဲ့ နေရာတစ်ခုရှိနေပါတယ်တဲ့။ အဲဒီနေရာကတော့ အာဖရိကကခေါ်လာတဲ့လိပ်ကလေးရဲ့ကန်လေးပါ။ လိပ်ကလေးတစ်ကောင်ကို ဘာကြောင့်လူတွေဝိုင်းအုံနေတာလဲ။ လိပ်ကြောင့်မဟုတ်ဘဲ ကျောကုန်းပေါ်က ခြင်းတောင်းကြောင့်ပါ။ ဒေသတော်တ်ာများများရဲ့အယူအဆတစ်ခုဖြစ်တဲ့ အကြွေစေ့ဝင်အောင်ပစ်နိုင်ရင် ဆုတောင်းပြည့်မယ်၊ ကံကောင်းမယ်ဆိုတဲ့ အယူကိုသိတယ်မဟုတ်လား။

READ
တကယ့်လူသတ်သမားမြှုပ်ထားတဲ့အလောင်းတွေကို ပုံဆွဲပြခဲ့တဲ့စွပ်စွဲခံအကျဉ်းသား

အခုလိပ်ကလေးရဲ့ကျောကုန်းပေါ်မှာလည်း ခြင်းတစ်ခြင်းကိုစူပါဂလူးနဲ့ကပ်ထားပြီး အဲဒီခြင်းထဲဝင်အောင်ပစ်နိုင် ကံကောင်းမယ်ဆိုပြီး တိရိစ္ဆာန်ရုံလာတဲ့လူတွေက လိပ်ကလေးရဲ့ကျောပေါ်က ခြင်းထဲအကြွေစေ့တွေဝင်အောင် ပစ်ထည့်နေလို့ လူတွေအုံအုံလာနေတာပဲဖြစ်ပါတယ်။ လူများလေ၊ အကြွေစေ့ပစ်တာများလေ၊ တိရိစ္တာန်ရုံက ပိုက်ဆံပိုရလေဆိုတော့..

ဒီလိုအာဖရိကလိပ်မျိုးနွယ်တွေဟာ International Union for Conservation of Nature (IUCN) ရဲ့ မျိုးသုန်းတော့မယ့် အန္တရာယ်ရှိစာရင်းမှာ အနီရောင်အမှတ်ပေးခြင်းခံထားရတဲ့ လိပ်အမျိုးအစားတစ်ခုပါ။

Pixabay-Capri23auto

Penny

 

SHARE