ရေကြီးပြီးမိကျောင်းတွေကျော်ထွက်တော့မှာမလို့ တိုက်ပွဲဝင်နေရတဲ့သြဇီတိရိစ္ဆာန်ရုံ

Youtube-Australian Reptile Park

ဒီနှစ်ကတော့ သြစတြေးရီးယားနိုင်ငံ ကပ်ဆိုက်နေတယ်လို့ပဲ ပြောရမှာပဲ။ တောမီးအကြီးအကျယ်လောင်တယ်၊ ရေကြီးတယ်၊ မိုးသည်းကြီးမည်းကြီးရွာတယ်၊ သဲမုန်တိုင်းတိုက်တယ် အစရှိတဲ့ သဘာဝကပ်ဘေးတွေဟာ သြစတြေးရီးယားနိုင်ငံထဲမှာပဲ ဖြစ်နေပါတယ်။ အခုလည်း New South Wales ပြည်နယ်ထဲမှာလည်း မိုးသည်းထန်စွာရွာသွန်းလို့ ရေကြီးနေပြန်ပါပြီ။

YouTube-Australian Reptile Park

World Of Buzz သတင်းဌာနရဲ့ တင်ပြချက်အရ NSW ဒေသနဲ့ Queensland ဒေသတွေမှာ စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေပြီး Orange နဲ့ Dubbo ဒေသတွေကတော့ မည်းမှောင်နေပြီး ဖုန်မှုန့်နေတွကလည်း ကောင်းကင်မှာ ဖုံးလွှမ်းနေတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် NSW ဒေသမှာရှိတဲ့ “The Australian Reptile Park” တိရစ္ဆာန်ရုံဟာလည်း ရေကြီးမှုကြောင့် တော်တော်အခက်တွေ့နေရပါတယ်။ ဒီအကြောင်းတွေကိုလည်း တိရစ္ဆာန်ရုံဝန်ထမ်းတွေက မှတ်တမ်းတင်ဗီဒီယိုရိုက်ကူးခဲ့ပြီး လူမှုကွန်ယက်ပေါ်တင်ခဲ့ပါတယ်။

READ
ကမ္ဘာ့အသက်အကြီးဆုံးပန်ဒါ အသက်၃၇အရွယ်မှာသေဆုံး

ဗီဒီယိုထဲမှာတွေ့ရတဲ့အတိုင်း တိရစ္ဆာန်ရုံရဲ့ နေရာတိုင်းမှာ ရေတွေကြီးနေပါတယ်။ ဒါ့အပြင် ၀န်ထမ်းတွေဟာ မိကျောင်းကန်ထဲက မိကျောင်းတွေ ရေကြီးလာတာနဲ့အမျှ ခြံစည်းရိုးအပြင်ကို ထွက်မလာအောင် တံမြက်စည်းတစ်ချောင်းနဲ့ ကာကွယ်နေတာကိုလည်း ဗီဒီယိုမှာတွေ့ကြရမှာပါ။ ဒါ့အပြင် ကိုအာလားလေးတွေကိုလည်း ရေလွတ်ရာကို ၀န်ထမ်းတွေက ပြောင်းရွှေ့ပေးနေကြရပါတယ်။ “15 နှစ်အတွင်း ဒီတိရစ္ဆာန်ရုံထဲမှာ အဲဒီလောက်ရေကြီးတာ မတွေ့ဖူးဘူးဗျ။ တော်တော်တော့ ပြန်လည်ပြုပြင်ရဦးမယ်။ ရေကလည်းတောက်လျှောက်တက်နေတာပဲ။ လက်ရှိတော့ တိရစ္ဆာန်လေးတွေကို ဘေးကင်းရာကို ရွှေ့ထားပါတယ်” လို တိရစ္ဆာန်ရုံမှ တာဝန်ရှိသူတစ်ယောက်က ပြောပြခဲ့ပါတယ်။

Pyi Hein Kyaw

SHARE