သင်လုံးဝမြင်ဖူးမှာမဟုတ်တဲ့ အရာဝတ္ထုတို့ရဲ့ အနီးကပ်ရိုက်ထားသောဓာတ်ပုံများ

Pyanek/"Amazing World"

လူသားတွေဟာ ဘယ်အရာကိုမဆို သူတို့တွေ့မြင်နိုင်တဲ့ အမြင်အာရုံစွမ်းအားကန့်သတ်ချက်ဘောင်အတွင်းမှာပဲ မြင်နိုင်ကြမှာပါ။ ဥပမာ သကြားပွင့်တစ်ပွင့်ရဲ့ အသွင်သဏ္ဍာန်ဘယ်လိုရှိတယ်ဆိုတာ လူအများစုအတွက်တော့ လုံးဝမမြင်ဖူးကြပါဘူး။

ဒါကြောင့် ဗဟုသုတလည်းရစေပြီး ဓာတ်ပုံပညာလေးကိုလည်း ခံစားရစေအောင် ဓာတ်ပုံဆရာ Pyanek ရဲ့ “Amazing Worlds” ဆိုတဲ့ ဓာတ်ပုံစုစည်းမှုထဲက ပုံတချို့ကို ဖော်ပြပေးချင်ပါတယ်။ Pyanek  ဟာ ဓာတ်ပုံပညာကို ကိုယ်တိုင်အပတ်တကုတ်နဲ့ ကြိုးစားလေ့လာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ “Amazing Worlds” ဓာတ်ပုံစီးရီးရဲ့ ရည်ရွယ်ချက်တော့ ကျွန်တော်တို့နေ့စဉ်ထိမြင်တွေ့နေရတဲ့ အသုံးအဆောင်ပစ္စည်းတွေအပေါ် ရှုထောင့်တစ်မျိုးပြောင်းကာ ဖော်ပြလိုခြင်းဖြစ်ပါတယ်။

မြင်နေကျအရာတွေ၊ အရာဝတ္ထုတစ်ခုရဲ့နာမည်ကိုပြောလိုက်တာနဲ့ ခေါင်းထဲပေါ်လာတတ်တဲ့ အလွတ်ရပြီးသားပုံရိပ်တွေကို Pyanek ရဲ့ “Amazing World” စုစည်းမှုထဲက ပုံတွေကိုကြည့်ပြီး ဘယ်လိုအမြင်သစ်မျိုးရသွားမလဲဆိုတာကို အဖြေရှာလိုက်ကြရအောင်ပါ။

သကြားပွင့်တစ်ပွင့်
Pyanek/”Amazing World”
စာအုပ်တစ်အုပ်ရဲ့ စာမျက်နှာများ
Pyanek/”Amazing World”
ပန်းကန်ဆေးစတီးဖတ်
Pyanek/”Amazing World”
မီးဖြစ်ဆံ
Pyanek/”Amazing World”
ဘောပင်ထိပ်ကဘောစေ့
Pyanek/”Amazing World”
ဓားသွား
Pyanek/”Amazing World”
စီးကရက်
Pyanek/”Amazing World”
ကွန်ပြူတာကီးဘုတ်က “X” ခလုတ်
Pyanek/”Amazing World”
အာလူးကြော်
Pyanek/”Amazing World”
နှုတ်ခမ်းနီ
Pyanek/”Amazing World”
ကော်ဖီစေ့အကွဲကြောင်း
Pyanek/”Amazing World”

Source: Boredpanda

READ
နယူးဇီလန်ကမ်းခြေတွင် ဝေလငါးများသောင်တင် သေဆုံးရခြင်း အကြောင်းရင်း

Penny

SHARE