တိရိစ္ဆာန်တိုင်းကိုအကြောင်းရင်းမရှိ ကြောက်နေတတ်တဲ့ Zoophobia စိတ်ရောဂါအကြောင်း

Pixabay-12019

တိရိစ္ဆာန်တွေ့တိုင်း အမြဲတမ်းကြီးကြောက်မနေပေမယ့်လို့ တစ်ခါတစ်လေ ကြောက်ပြီဟေ့ဆိုရင်လည်း ခြင်တောင်မရိုက်ရဲတော့တာမျိုး ဖြစ်ဖူးကြလားမသိဘူး။ နေရတိုင်းနီးပါးမြင်တွေ့နေကျ ခွေးတို့၊ ကြောင်တို့၊ ပုရွက်ဆိတ်၊ ငှက်တွေကအဆုံး ထိဖို့ကိုင်ဖို့မပြောနဲ့ ကြည့်မိတာနဲ့တင် ကြောက်စိတ်ဝင်လာတာမျိုးဟာ သာမန်မဟုတ်ဘဲနဲ့ စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်ဆိုပြီး ရှာဖွေမိခဲ့ပါတယ်။

Pixabay-Free-Photos

စိတ်ရောဂါနာမည်ကတော့ Zoophobia ပါတဲ့။ Zoo ဆိုတာ တိရိစ္ဆာန်ကိုရည်ညွှန်းတာဖြစ်ပြီး phobia ဆိုတာကတော့ ကြောက်စိတ်ကိုရည်ညွှန်းထားတာပါ။ Zoophobia လို့ပြောလိုက်တာနဲ့ တိရိစ္ဆာန်တစ်ကောင်ချင်းစီ (ဥပမာ-ပျား၊ ပင့်ကူ) တို့ကို ကြောက်စိတ်လည်း ပါဝင်သလို လူမဟုတ်တဲ့တခြားသတ္တဝါတွေအပေါ် မနှစ်သက်တဲ့စိတ်၊ ကြောက်စိတ်တို့လည်း ပါဝင်နေပါတယ်။ များသောအားဖြင့် ကလေးတွေမှာ အဖြစ်များတယ်လို့ သိရပေမယ့်လို့ တစ်ခါတစ်ရံမှာလည်း အရွယ်ရောက်ပြီးသားလူတွေဆီမှာ zoophobia ကို တွေ့ရတတ်ပါတယ်။

Pixabay-PublicDomain
Pixabay-Pitsch

ဥပမာပြောရရင် မြွေဆိုးတို့၊ ကျားတို့၊ ငါးမန်းတို့နဲ့ရင်ဆိုင်တွေ့ရမယ်ဆိုရင်တော့ လူတိုင်းလိုလိုကြောက်ကြမှာပါ။ ဒီလိုကြောက်စိတ်နဲ့ zoophobia ဖြစ်နေတဲ့လူတို့ရဲ့ကြောက်စိတ်က မတူညီကြပါဘူး။ အပေါ်မှာဖော်ပြထားတဲ့အတိုင်းပဲ နေ့စဉ်တွေ့နေကျလည်းဖြစ်တယ်၊ အန္တရာယ်လည်း ပေးမှာမဟုတ်တဲ့ တိရိစ္ဆာန်မျိုးတွေကိုတောင်မှပဲ ကြောက်စိတ်ဖြစ်ပေါ်တတ်တာပါတဲ့။ တချို့ဆို အကောင်လိုက်မပြောနဲ့ တိရိစ္တာန်ရုပ်ပုံတွေမြင်ရင်တောင် ကြောက်ကြတဲ့ အဆင့်အထိပါ ဆိုးရွားနိုင်တာပါ။

READ
Youtube ဘလော့ဂ်ဖွင့်ပြီး မီလျံနာဖြစ်လာကြတဲ့ ဉာဏ်ကောင်းလွန်းကြသူလေးများ
Pixabay-Pexels

ကမ္ဘာပေါ်မှာ zoophobia စိတ်ရောဂါကို ခံစားနေရသူပေါင်း 8% ရှိနေတယ်ဆိုပြီး Vet Times မှာ ဖော်ပြလာခဲ့ပါတယ်။ အန္တရာယ်ရှိပြီး လေးနက်တဲ့ စိတ်ရောဂါမဟုတ်တဲ့အတွက်ကြောင့် ကုသမှုခံကိုခံရမယ်ဆိုပြီးတော့တော့ သတ်မှတ်ချက်မရှိထားပေမယ့်လို့ ရုပ်ပုံတွေကိုတောင် ကြည့်လို့မရတော့တဲ့ အဆင့်ကိုရောက်လာခဲ့မယ်ဆိုရင်တော့ အထူးကုနဲ့ဆွေးနွေးတိုင်ပင်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

Pixabay-Couleur

Penny

Ref : Wikipedia

SHARE