ကယ်လိုရီနဲ့အဆီတွေကို လောင်ကျွမ်းစေတဲ့ Zumba အက

Fitness လောကထဲကို ၀င်လာတဲ့ Zumba အကအကြောင်းကို Shwemom   ပရိသတ်ကြီးအတွက် ဗဟုသုတအနေနဲ့ ဖော်ပြပေး ချင် ပါတယ်။ Zumba အကဆိုတာ မြန်မာနိုင်ငံမှာ အစပိုင်းတုန်းကတော့ လူသိပ်မသိခဲ့ကြပေမယ့် အခုနောက်ပိုင်းမှာတော့ Zumba အက ဆိုတာကို လူသိများလာပါတယ်။ Zumba အကကတဲ့ သီးသန့်ခန်းမတွေနဲ့ Fitness Centre တွေမှာပါ Zumba အက ကို ထည့်သွင်းလာတာကို တွေ့ရပါတယ်။

Zumba ဆိုတာဟာ တကယ်တော့ Dancing fitness ပရိုဂရမ်တစ်ခုပါ။ စတင် ဖန်တီးခဲ့သူကတော့ ကိုလံဘီယာအကဆရာနဲ့ကကွက်ဖန်တီးသူ Beto Perez ပါ။(၁၉၉၀)ခုနှစ်လောက်က ဖန်တီးခဲ့တာပါ။Zumba ဟာ  Zumba Fitness, LLC ရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ်တစ်ခုပါ။ပိုင်တဲ့ သူကတော့ ဘရာ ဇီးလူမျိုးပေါ့အဆိုတော် Claudia Leitte ပါ။အခုဆိုရင်တော့ သူဟာ Zumba Fitness ရဲ့ နိုင်ငံတကာသံတမန်တစ်ယောက် ဖြစ်လာခဲ့ပါ တယ်။Zumba ဟာ အကနဲ့အေရိုးဗစ်လှုပ်ရှားမှုကို Music တက်တက်ကြွကြွ လေးတွေနဲ့ ပေါင်း စပ်ဖန်တီးထားတာပါ။Zumba ကကွက်တွေကိုတော့ Hip-hop၊Soca၊ Samba၊Salsa ၊Merengue နဲ့ Mambo စတဲ့ Music တွေနဲ့ပေါင်းစပ် ဖန် တီးလေ့ရှိပါတယ်။Zumba Fitness ရဲ့ ပိုင်ရှင် က fitness centers တွေမှာ Zumba ကို ထည့်သွင်းတာနဲ့ပတ်သက်ပြီး လိုင်စင်ကြေးေ ကာက်ခံတာမျိုး မလုပ်ဘူးလို့ သိရပါတယ်။

READ
ခရစ်စတီယာနိုရော်နယ်လ်ဒိုရဲ့ဘော်ဒီမျိုးရဖို့ သူကိုယ်တိုင်ပြောပြခဲ့တဲ့လိုက်နာစရာများ

ကမ္ဘာတစ်ဝန်းက နိုင်ငံပေါင်း (၁၈ ၀)ကျော်လောက်က နေရာပေါင်း နှစ်သိန်းေ ကျာ်မှာ  Zumba classes တွေဖွင့်ထားပြီး၊တတ်ရောက်သူအရေအတွက်ဟာ (၁၅)သန်းလောက် ရှိတ ယ်လို့ သိရပါတယ်။Perez ၊ Alberto Perlman နဲ့ Alberto Aghion တို့ဟာ Zumba အကကို အသက်သွင်းနိုင်ဖို့ fitness videos စီးရီးတွေ ထုတ်ခဲ့ပါတယ်။(၂၀၁၂)ခုနှစ်မှာတော့ Insight Venture Partners နဲ့ the Raine Group တို့က ရင်းနှီးမြှုပ်နှံပေးခဲ့ပါတယ်။(၂၀၁၅) မှာတော့ Zumba အကဟာ တွင်ကျယ်လာခဲ့ပါတယ်။”Zumba” ဆိုတဲ့ နာမည်မှာ ထူးထူးခြားခြားအဓိပ္ပါယ်ရှိမယ်လို့ ထင်ကြသူတွေရှိပါတယ်။ဒါပေမယ့် ဒီနာမည်ဟာ ထူးထူးခြားခြားအဓိပ္ပါယ်ရယ်လို့ မရှိပဲ စိတ်ကူးပေါက်ရာ ပေးထားတဲ့ နာမည်ပါ။

READ
နည်းမှန်လမ်းမှန် Bellyရိုက်ခြင်း (အိပ်ထမတင်လုပ်ခြင်း)

Zumba Dance ရဲ့ ထူးခြားချက်ကတော့ Fitness ကိုယ်လက်လှုပ်ရှားမှု ဆိုပေမယ့် အကနဲ့တွဲဖက်ထားတာကြောင့် သီးသန့်ကြီး တမင်လေ့ကျင့်ခန်း လုပ်ယူနေရသလိုမျိုး မခံစားရပါဘူးMusic နဲ့အတူလိုက်ပြီးကရင်းနဲ့ အဆီနဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေသလို နှလုံးကျန်းမာရေးအတွက်လည်း အများကြီး အထောက်အကူဖြစ်စေပါတယ်။ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခု ချင်းစီအတွက် သီးသန့် လေ့ကျင့်ခန်းလုပ်ပေးစရာမလိုပဲ သူ့ရဲ့ အကပုံစံကိုက တစ်ကိုယ်လုံးအတွက် ပါပြီးသားပါ။Fitness စင်တာတွေမှာ စနစ်တကျ သွားရောက် သင်ကြားပြီး ကတာကတော့ ပိုကောင်းပေမယ့် အကြောင်းကြောင့် သွားဖို့ အဆင်မပြေသူတွေအနေနဲ့လည်း You Tube ပေါ်မှာ Download လုပ်ယူပြီး အိမ်မှာလည်း ကလို့ ရပါတယ်။

Ref;Wiki

Nilar(Shwemom)

SHARE