ကြည့်ရှုသူတိုင်းကို ကြက်သီးထစေခဲ့တဲ့ သဘာဝလွန်ထိတ်လန့်စရာဓာတ်ပုံများ

သဘာဝလွန် ဖြစ်ရပ်ဆန်းတွေကို ယုံကြည်သူတွေရှိသလို မယုံကြည်သူတွေလည်းရှိပါတယ်။ တခါတလေ ဘာရယ်မဟုတ်ပဲ ဓာတ်ပုံရိုက်လိုက်တာတွေက  အံ့အားသင့်လောက်အောင် အထူးအဆန်းပုံတွေအဖြစ် ပြောင်းသွားတတ်ပါတယ်။ ဖော်ပြထားတဲ့ ဓာတ်ပုံတွေကတော့ သိပ္ပံနည်းနဲ့ ဘယ်လိုမှရှင်းမပြနိုင်တဲ့ ပုံတွေကို Bright Side သတင်းကနေစုစည်းတင်ပြလိုက်ပါတယ်။ ယနေ့အထိ ခိုင်ခိုင်လုံလုံအထောက်အထားမပြနိုင်သေးတဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။

© ligotti

ဖော်ပြပါ ဓာတ်ပုံဟာ Cooper မိသားစုပုံဖြစ်ပါတယ်။ Texas မိသားစုအိမ်တက်ပွဲလုပ်တုန်းက ရိုက်ထားတာပါ။ သူတို့မိသားစုက ဓာတ်ပုံရိုက်တုန်း ဘာမှမတွေ့ရပေမယ့် မျက်နှာကျက်ကတစ်ယောက်က ဇောက်ထိုးကျလာတဲ့ သဏ္ဍာန်ကို တွေ့ရမှာပါ။

© youtube

ဒီဗီဒီိယိုကတော့ ကြည့်ရှုသူအများအပြားရှိခဲ့ပြီး ပုဏ္ဏကတိုက်သယောင်၊ မြေငလျင်လှုပ်သယောင် အမျိုးမျိုးပြောကြပါတယ်။ မလေးရှားဇာတ်ကား Bangunan ရဲ့ စီးပွားရေးကြော်ငြာတစ်ခုဖြစ်ပါတယ်။

© wikipedia

ဒီဓာတ်ပုံကိုလည်း လူအပြောများကြပါတယ်။ ပုံမှာမြင်နေရတဲ့ ဖြူဖြူအရိပ်ကို Dorothy Walpole (အညိုရောင်အမျိုးသမီး)လို့ခေါ်ကြပါတယ်။ သူမအမျိုးသားက သူမကို လိမ်ညာတယ်လို့ သံသယရှိတာကြောင့် Raynham Hall မှာ တစ်သက်လုံးလှောင်ပိတ်ခံထားရသူပါ။ သူမသေသွားတဲ့ အခါမှာသူမရဲ့ဝိဥာဏ်ကိုမြင်တွေ့ရကြောင်းဆိုကြပါတယ်။

© shortoncontent.files.wordpress

ကြောက်တတ်သူတွေအဖို့တော့ ဒီဓာတ်ပုံဟာသွေးလန့်စရာပါ။ လူနာရဲ့ အိပ်ရာပေါ်မှာ နတ်ဆိုးတစ်ကောင် ကနေတဲ့ပုံလို မြင်ရမှာပါ။ အမှန်တော့ ဒါဟာပုံရိပ်ယောင်ဖြစ်ပါတယ်။ ခြေထောက်နေရာက လူနာရဲ့ခြေထောက်၊ တင်ပါးနေရာက ကုတင်လက်တန်းဖြစ်ပြီးတော့ အပေါ်ကိုယ်ပိုင်းက ဆေးရုံစွန့် အမှိုက်တွေပါ။

READ
မိသားစုဓာတ်ပုံရိုက်ရင်း အမှတ်မထင်ပါလာတဲ့ တစ္ဆေပုံရိပ်များ (ဖြစ်ရပ်မှန်)
© shortoncontent.files.wordpress.com

ဒီဓာတ်ပုံကိုတော့ လောင်စာဆီသယ်သဘောင်္ SS Watertown ကနေ ၁၉၂၄ ခုနှစ်က ရိုက်လိုက်တဲ့ပုံပါ။ မြင်ရတဲ့အတိုင်းရေထဲမှာ ပေါ်နေတဲ့မျက်နှာပုံတွေနဲ့ ပတ်သတ်ပြီး ရှင်းရှင်းလင်းလင်းမသိရှိခဲ့ကြပါဘူး။ တချို့တွေကတော့ ၀မ်းနည်းစရာဖြစ်ရပ်ဆိုးမှာသေဆုံးခဲ့တဲ့ James Courtney နဲ့ Michael Meehan တို့ရဲ့ မျက်နှာတွေလို့ယုံကြည်ကြပါတယ်။

© cia

၁၉၆၂တုန်းက ရိုက်တဲ့ပုံဖြစ်ပါတယ်။ ပုဂံပြားပျံလို့ အမျိုးအမည်မသိတဲ့ ယာဉ်ပုံစံတွေပါ။ ၁၉၇၈မှာ Cental Intelligence Agency က UFOနဲ့ ပတ်သတ်ပြီး ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေကနေ တွေ့ခဲ့တာပါ။

© skeptic

၁၉၅၉ခုနှစ်တုန်းက Mabel Chinnery ရိုက်ခဲ့တဲ့ဓာတ်ပုံဖြစ်ပါတယ်။ သူမနဲ့ အမျိုးသားဖြစ်သူဟာ သင်္ချိုင်းမှာရှိတဲ့ သူမအမေရဲ့ အုတ်ဂူကို သွားတဲ့အခါမှာ ကားပေါ်မှာရှိနေတဲ့ အမျိုးသားကို ကိုယ်တိုင်ဓာတ်ပုံရိုက်ပေးခဲ့တာပါ။ ဓာတ်ပုံထုတ်လိုက်တဲ့အခါမှာတော့ အမေဖြစ်သူကို နောက်ခန်းမှာထိုင်နေတာ တွေ့ခဲ့ပါတယ်။

READ
ဒီ ရုပ်ရှင်အသစ်က နာမည်ကြီးတွေကို မျက်ရည်တွေကျ ဆေးခန်းတွေပြရတဲ့ထိ ဖြစ်စေတယ်ဆိုပဲ
© spr.ac.uk

၁၉၈၇ တုန်းက အင်္ဂလန်နိုင်ငံ Somerset ကစစ်အခြေစိုက်စခန်းမှာရိုက်ခဲ့တာပါ။ မိန်းမကြီးက တစ်ယောက်တည်းပါ။ ဒါပေမယ့်ဓာတ်ပုံကိုကြည့်တဲ့အခါမှာတော့ လူတစ်ယောက်က ဘေးနားမှာထိုင်နေတာတွေ့ရမှာပါ။ သူမပြောခဲ့တာက အဲ့ဒီတုန်းကနေသာတဲ့နေ့ဖြစ်ပေမယ့် အတော်လေးအေးနေခဲ့တယ်လို့ဆိုပါတယ်။ လုံလောက်တဲ့ သက်သေလည်း မရှိခဲ့ပါဘူး။

© imgur

ဘုန်းတော်ကြီးတစ်ပါးကရိုက်ခဲ့တဲ့ပုံဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံ North Shire က Newby ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာပါ။ ပုံပါအတိုင်းဆိုရင် ကြောက်စရာကောင်းတဲ့ တစ္ဆေတစ်ကောင်ပုံကိုရှင်းရှင်းလင်းလင်းတွေ့ရမှာပါ။ သုတေသနပြုလုပ်ခဲ့ကြတဲ့ လူတွေကတော့ ဓာတ်ပုံဟာအစစ်ဖြစ်တယ်လို့ဆိုပါတယ်။

© ettoday

ဂျပန်နိုင်ငံက ပွဲတစ်ခုမှာရိုက်ခဲ့တဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ဒီပုံကတော့ အတုဖြစ်တယ်လို့ပြောကြပါတယ်။ ဗီဒီယိုထဲမှာတွေ့ရတာကတော့ အမျိုးသမီးလေးက ကင်မရာကို ပြုံးပြခဲ့တဲ့ပုံပါ။

လင်းလင်း(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE