Time မဂ္ဂဇင်း ရဲ့ 2020 Kid of the Year အဖြစ် ရွေးချယ်ဖော်ပြခြင်း ခံခဲ့ရတဲ့ Gitanjali Rao

[email protected]

ဒီဖက်ခေတ်မှာ ရှင်သန်ကြီးပြင်းလာတဲ့ ကလေးတော်တော်များများဟာ စူးစမ်းလေ့လာချင်စိတ်တွေ အရမ်းရှိကြပါတယ်။ အဓိကကတော့ ခေတ်ရေစီးကြောင်းကြောင့်ပါပဲ။ နည်းပညာတွေ တိုးတက်ပြောင်းလဲလာတဲ့ ဒီခေတ်ကြီးထဲမှာ ရှင်သန်ကြီးပြင်းလာခဲ့တဲ့ ကလေးတော်တော်များများဟာ တော်တော်လေး ကံကောင်းကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ခေတ်မီတဲ့ နည်းပညာတွေနဲ့ ရင်ဘောင်တန်းပြီး ကြီးပြင်းလာခဲ့ရလို့ပဲ ဖြစ်ပါတယ်။ အခုလည်း အသက် ၁၅ နှစ်အရွယ်သာရှိသေးတဲ့ ကလေးမလေးတစ်ယောက်ဟာ ကမ္ဘာကျော် Time မဂ္ဂဇင်းက 2020 Kid of the Year အဖြစ် ရွေးချယ်ခံခဲ့ရတယ်လို့ npr.org သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ ကလေးမလေးကတော့ အမေရိကန်နိုင်ငံ၊ Colorado ပြည်နယ်မှာ နေထိုင်တဲ့ အသက် ၁၅ နှစ်အရွယ်သာ ရှိသေးတဲ့ Gitanjali Rao လို့ အမည်ရ ကလေးမလေးပဲ ဖြစ်ပါတယ်။ Rao ဟာ လူမှန်းသိတတ်သစ အရါယ်လေးကတည်းက အရာရာကို စူးစမ်းလေ့လာချင်စိတ် အပြည့်ရှိပြီး ပစ္စည်းအသစ်တွေ တီထွင်ရတာကို သဘောကျ နှစ်ခြိုက်သူတစ်ယောက် ဖြစ်ပါတယ်။ အခုလိုမျိုး Times မဂ္ဂဇင်းက ပထမဆုံးအကြိမ် ရွေးချယ်ခဲ့တဲ့ Kid of the Year အဖြစ် သတ်မှတ်ခံခဲ့ရတာလည်း မကြာသေးခင်က သူမကိုယ်တိုင် တီထွင်ခဲ့တဲ့ လူသားအကျိုးပြု ရေသန့်စက်ကိရိယာတစ်ခုကြောင့်ပါပဲ။ အဲဒီရေသန့်စက်ဟာ မိုဘိုင်းဖုန်း အရွယ်အစားသာရှိပြီး သုံးရေ၊ သောက်ရေအတွင်းမှာ ခဲဓာတ်ပါဝင်မှုနှုန်းကို အချိန်ခဏလေးအတွင်း စမ်းသပ် သိရှိနိုင်တဲ့ ကိရိယာတစ်ခုပါပဲ။

READ
ကမ္ဘာ့မြတ်ဆရာဆု ချီးမြှင့်ခြင်းခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံက ကျောင်းဆရာအမျိုးသား

 

“ဒီလိုမျိုးလူသားအကျိုးပြုနိုင်တဲ့ အရာတွေကို တီထွင်ချင်ခဲ့တာ ငယ်ငယ်လေးကတည်းကပါ။ ဒါပေမယ့် အဲဒီအချိန်တွေမှာတုန်းက ဘာမှမသိသေးတဲ့ အရွယ်ဖြစ်တာကြောင့် ကလေးတစ်ယောက်လိုပဲ နေခဲ့တာပါ။ အရာရာကို သင်ယူနိုင်တဲ့ အရွယ်ရောက်ကတည်းက သမီးသိချင်တာတွေကို တောက်လျှောက် self-learning လုပ်ခဲ့ရပါတယ်။ အဖြစ်ချင်ဆုံးကတော့ သိပ္ပံပညာရှင်ပါ။ တစ်ကမ္ဘာလုံးမှာ ဖြစ်ပျက်နေတဲ့ ပြသနာပေါင်းစုံကို ဖြေရှင်းပေးနိုင်တဲ့ သိပ္ပံပညာရှင်ကောင်းတစ်ယောက် ဖြစ်ချင်ပါတယ်”လို့ Rao က ပြောကြားခဲ့ပါတယ်။

READ
Google Map က ဖုန်းနဲ့ချိတ်ဆက်ပြီး မြေပုံသွားလမ်းညွှန်လုပ်ဆောင်ချက်အသစ် ဖန်တီး

 

Pyi Hein Kyaw

SHARE