တပ်ထဲဝင်ချင်လို့ ၇ လအတွင်း ပေါင် ၁၀၀ ကျော်ကို အံ့သြဖွယ်အမြန်နှုန်းနဲ့ချပြခဲ့သူ

U.S Army/Website

တချို့အသက်မွေးဝမ်းကျောင်းတွေဟာ မိမိရှိရင်းစွဲခန္ဓာကိုယ်ပုံသဏ္ဍာန်အတိုင်း ဝင်လုပ်လို့မရတဲ့အလုပ်တွေရှိနေပါတယ်။ ဥပမာ လေယာဉ်မယ်တို့၊ မော်ဒယ်တို့၊ တပ်သားတို့လိုမျိုးပေါ့။ ကိုယ်အလေးချိန်ဘယ်လောက်ရှိရမယ်၊ အရပ်မြင့်ဘယ်လောက်ရှိရမယ်၊ ကျန်းမာရေးကောင်းမှ၊ ဆေးစစ်ချက်တွေ၊ စိတ်ဓာတ်ရေးရာစာမေးပွဲတွေ အောင်ကာမှ အဲဒီအလုပ်တွေကိုလုပ်ဖို့အတွက် သင်တန်းတွေတက်ရတယ်ပေါ့။

Las Vegas မှာတော့ ကြီးလာရင် စစ်သားကြီးလုပ်မယ်ဆိုပြီး ငယ်ကတည်းက စိတ်ကူးအိပ်မက်လာတဲ့ ကောင်လေးတစ်ယောက်ရှိနေပါတယ်။ အသက်က ၁၈ နှစ်သာရှိသေးပေမယ့်လို့ သူ့ရဲ့ ခန္ဓာကိုယ်ကတော့ သာမန်လူ ၂ ယောက်စာ အလေးချိန်ရှိနေသူလေးပါ။ ၃၁၇ ပေါင်ဆိုတဲ့ အလေးချိန်ဟာ သူအိပ်မက်မက်ခဲ့ရတဲ့ စစ်သားတစ်ယောက်လုပ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အနေအထားတစ်ခုမှာ ရှိနေခဲ့ပါတယ်။ ဒါကြောင့် မဖြစ်နိုင်ဘူးဆိုတာမရှိဘူး၊ မရရအောင်ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ ကိုယ်အလေးချိန်လျော့ဖို့ကို စတင်လုပ်ဆောင်ခဲ့ပါတော့တယ်။

U.S Army/Website

သူ့နာမည်ကတော့ Luis Enrique Pinto Jr. ပါ။ အရပ် ၆ ပေ ၁ လက်မ၊ ပေါင်အလေးချိန်ကတော့ ၃၁၇ ပေါင်ရှိခဲ့ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် Oakland မှာမွေးခဲ့ပြီး ပီရူးမှာငယ်ဘဝကုန်ဆုံးကာ တစ်ဖန် Las Vegas မှာ ကြီးပြင်းလာခဲ့တဲ့ကလေးပါ။ မိသားစုထဲမှာ စစ်မှုထမ်းပြီး စစ်ထဲဝင်သူမရှိသေးတဲ့အတွက် သူဟာ ပထမဆုံးစစ်ဖက်ဆိုင်ရာအကြီးအကဲ ဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်ကလေးနဲ့ တပ်ထဲဝင်ဖို့ဆိုတဲ့ကိစ္စဟာ ဘဝတစ်ခုလုံးအတွက် အိပ်မက်ကြီးလို ဖြစ်လာခဲ့ပါတော့တယ်။ နောက်ပြီး Luis ပြောခဲ့တဲ့စကားတစ်ခွန်းလည်းရှိပါသေးတယ်။ “ဒီခန္ဓာနဲ့တစ်ဘဝပဲနေရတာ။ မနက်လင်းလို့ မျက်စိနှစ်လုံးပွင့်လာတိုင်း ရိုးအီနေတဲ့အလုပ်တွေကို ထပ်ခါထပ်ခါမလုပ်ချင်ဘူးလေ။ ကိုယ့်အတွက် ကမ္ဘာကြီးတစ်ခုလုံး အဆင်သင့်ရှိနေတာပဲ” တဲ့။

READ
ဝက်ဝံရဲ့ တိုက်ခိုက်ခံရမှုကနေ သူ့သခင်မိသားစုကို အသက်ပေးကာကွယ်ခဲ့တဲ့ ခွေးကလေး
U.S Army/Website

ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ အထက်တန်းပြီးပြီးချင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲကိုဝင်ကာ စစ်တပ်ကဖွင့်ပေးထားတဲ့ gym ကို စသွားခဲ့ပါတော့တယ်။ Lius ရဲ့ အိပ်မက်ကို ဂဂနနသိနေတဲ့အတွက် အနီးကပ်ထရိန်နင်တွေပေးကာ အားပေးခဲ့တဲ့လူတစ်ယောက်ရှိလို့နေပါတယ်။ အဲဒါကတော့ အရာရှိ Philip Long ပါ။ Cardio တွေ၊ HITT ထရိန်နင်တွနဲ့ ပထမ ၁၀ ပတ်ကို စတင်ခဲ့ပြီး နောက်ပိုင်းမှာတော့ Lius ဟာ တစ်မိုင်ကို ၆ မိနစ်ခွဲတည်းနဲ့ အပြီးပြေးနိုင်သွားခဲ့ပါပြီ။

၇ လအတွင်းမှာ ၃၁၇ ပေါင်ကနေ ၂၀၄ ပေါင်အထိ ချနိုင်ခဲ့ပြီး တပ်ထဲကို ဝိတ်အများဆုံးစာရင်းနဲ့ ဝင်ခွင့်ရသွားခဲ့ပါပြီ။ ဒါပေမဲ့ Luis ဟာ ဝိတ်ချမယ့် ခရီးစဉ်ကို ဒီမှာတင်မရပ်နားဘဲ ပေါင် ၁၉၀ ကို ဆက်သွားဦးမှာပါလို့ Fox News မှာ ဖော်ပြထားခဲ့ပါတယ်။

READ
သင်္ဂြိုဟ်ပြီးခါစ ဇနီးရဲ့အုတ်ဂူထဲမှ အသံကြားလို့ ပြန်ဖွင့်ပြီး ဆေးရုံပြန်ပို့ခဲ့ရတဲ့အဖြစ်

Penny

SHARE