မရိုးသားမှုတွေရှိနေလို့ ပြန်လည်စစ်ဆေးဖို့ပြင်နေတဲ့ ဒိုင်ယာနာရဲ့ (၁၉၉၅)ခုနှစ်က အင်တာဗျူး

instagram/lady.diana._

လွန်ခဲ့တဲ့၂၅နှစ်တုန်းက မင်းသမီးဒိုင်ယာနာကို လှည့်ဖျားပြီး အင်တာဗျူးဖြေဆိုခိုင်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်ပေါ်လာတဲ့အတွက် မင်းသားဝီလျံက ဒီကိစ္စကို စုံစမ်းစစ်ဆေးမှုတွေဆက်လုပ်နိုင်ကြောင်း ညွှန်ကြားခဲ့တယ်လို့ nbcnews အရ သိရပါတယ်။ ၁၉၉၅ ခုနှစ်က ဘီဘီစီအင်တာဗျူးတစ်ခုဟာ ယခုလပိုင်းမှာ “The Diana Interview: Revenge of a Princess” documentary တစ်ခုအဖြစ် လောလောလတ်လတ်ထွက်ပေါ်လာခဲ့တာပါ။

အဲ့ဒီထဲမှာတော့ သတင်းထောက် Martin Bashir ဆိုသူဟာ မင်းသမီးရဲ့ယုံကြည်မှုကိုရဖို့ မရိုးသားတဲ့နည်းလမ်းတွေကို အသုံးပြုခဲ့တယ်ဆိုပြီးတော့ ကောလဟာလတွေထွက်နေတာ ဖြစ်ပါတယ်။ ဒီကိစ္စစုံစမ်းမှုကိုတော့ ဗုဒ္ဓဟူးနေ့မှာစတင်ခဲ့ကြတာဖြစ်ပြီး ဒိုင်ယာနာရဲ့ အင်တာဗျူးကို တစ်ချိန်တည်းမှာပဲ လူသန်း၂၀ ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။

အင်တာဗျူးမှာတော့ ဒိုင်ယာနာက သူမနဲ့ ဗြိတိန်ထီးနန်းနန်းလျာ ချားလ်စ်မင်းသားတို့ရဲ့ အိမ်ထောင်ရေးကို အသေးစိတ်အတွင်းကျကျ ဝေမျှထားခဲ့ပါတယ်။ အဆိုပါ documentary အသစ်ထဲမှာတော့ Bashir ဟာ လက်ရှိမှာ BBC ရဲ့ ဒေသမန်နေဂျာတစ်ဦးဖြစ်ကြောင်းနဲ့ သူဟာ ABC News နဲ့ MSNBC တို့မှာလည်း အလုပ်လုပ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

READ
ရဲတင်းလွန်းတဲ့ ယောဂကျင့်ဟန်အနေအထားတွေနဲ့ တွေ့ရတဲ့ သူတို့စုံတွဲ

သိရတာက Bashir ဟာ ဂရစ်ဖစ်ဒီဇိုင်နာတစ်ယောက်နဲ့အတူပူးပေါင်းပြီး ဘဏ်ငွေစာရင်းရှင်းတမ်းအတုတွေကို ဖန်တီးခဲ့တယ်ဆိုပါတယ်။ သူက ဒီငွေစာရင်းအတုတွေကို ဒိုင်ယာနာရဲ့အစ်ကို ချားစ်စပန်ဆာဆီပြပြီး ဒိုင်ယာနာကိုစောင့်ကြည့်ဖို့ နန်းတော်ကသူ့ကိုခိုင်းထားတယ်ဆိုကာ အယုံသွင်းခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် Bashir က ချားစ်စပန်ဆာကို ဒိုင်ယာနာနဲ့တွေ့ဆုံဖို့ မိတ်ဆက်ခိုင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒိုင်ယာနာရဲ့အင်တာဗျူးနဲ့ပတ်သက်ပြီး မင်းသားဝီလျံကတော့ ဆက်လက်စစ်ဆေးကြဖို့ အခွင့်ပေးခဲ့ပါတယ်။ BBC ရဲ့ အထွေထွေဒါရိုက်တာ Tim Davie ကတော့ သတင်းထောက် Bashir အနေနဲ့ အင်တာဗျူးကို ဘယ်လိုရခဲ့တယ်ဆိုတာရယ်၊ ပြီးတော့ အလုပ်အမှုဆောင်အဖွဲ့ဝင်တွေအနေနဲ့ မဟုတ်တာတစ်ခုခုဖုံးထားသေးလားဆိုပြီး  အမှန်တရားကိုရနိုင်ဖို့ပြင်ဆင်နေပါတယ်။ သတင်းထောက် Bashir ကတော့ လတ်တလော သူ့ကိုစွပ်စွဲထားမှုတွေနဲ့ပတ်သက်ပြီး လူသိရှင်ကြားတစ်စုံတစ်ရာဖွင့်ပြောခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

READ
အရက်မူးလာတဲ့ အမျိုးသမီးကြီးက အိမ်မှားပြီး ဝင်ရိုက်တာကို ခံခဲ့ရတဲ့ ကောင်မလေး

ShweMom

SHARE