တိုးတက်ပြောင်းလဲနေတဲ့ ဒီခေတ်ကြီးထဲမှာ လူတိုင်းလိုလို ဆိုရှယ်မီဒီယာအကောင့်တွေ ရှိနေကြပြီ ဖြစ်ပါတယ်။ Facebook, Instagram, Twitter, LINE အစရှိတဲ့ ဆိုရှယ်မီဒီယာတွေကတော့ ကမ္ဘာပေါ်မှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာတွေပဲ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာအကောင့်တိုင်းမှာ Password ဆိုတာရှိသလို အခြားအရာတွေဖြစ်တဲ့ မီးခံသေတ္တာ၊ မိုဘိုင်းဖုန်း၊ လက်တော့ပ် အစရှိတဲ့ ပစ္စည်းတွေမှလြည်း လူတော်တော်များများက Password တွေ ခံထားလေ့ ရှိပါတယ်။ အခုပြောပြချင်တာကတော့ ဒီ ၂၀၂၀ ခုနှစ်ထဲမှာ ကမ္ဘာတစ်ဝှမ်းကလူတွေ အသုံးများတဲ့ Password တွေပဲ ဖြစ်ပါတယ်။

လူတော်တော်များများကတော့ Password တွေကို များသောအားဖြင့် လွယ်လွယ်ကူကူနဲ့ မှတ်မိနိုင်မယ့် ဂဏန်းတွေနဲ့ စကားလုံးတွေသာ ထားလေ့ ရှိပါတယ်။ ဒါပေမယ့် Password တစ်ခုကို လွယ်လါယ်ကူကူထားလိုက်ရင် hacker တွေက အလွယ်တကူ hack နိုင်တာကြောင့် နည်းပညာကုမ္ပဏီတွေက ခက်ခဲပြီး မှတ်မိလွယ်တဲ့ Password တွေထားဖို့၊ ဆိုရှယ်မီဒီယာအကောင့်တွေကို two-factor ခံသုံးဖို့ အကြံပေးလေ့ ရှိပါတယ်။

၂၀၂၀ ခုနှစ်မှာ လူတော်တော်များများ အသုံးပြုလေ့ရှိတဲ့ Password ၃ ခုကတော့ 123456, 123456789 နဲ့ picture1 တို့ပဲ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ password ဆိုတဲ့ စကားလုံးကိုလည်း လူတော်တော်များများက Password ပြန်ထားကြပါသေးတယ်။ အခုလည်း Pass Word Manager App ကို ဖန်တီးထုတ်လုပ်ထားတဲ့ NordPass ကုမ္ပဏီကနေပြီးတော့ ကမ္ဘာပေါ်မှာရှိတဲ့ Password ပေါင်း 275,699,516 ခုကို database ကောက်ခဲ့ရာမှာတော့ ထွက်လာတဲ့ အဖြေက အတော်ထူးဆန်းပါတယ်။ Password ပေါင်း 122,894,788 ခုကတော့ တော်တော်လေး မိုက်တဲ့ Password တွေ ဖြစ်ပေမယ့် ကျန်တဲ့ 152,804,728 ခုရဲ့ Password တွေကတော့ အောက်ဖော်ပြပါ Password တွေပဲ ထပ်ခါတလဲလဲ ဖြစ်နေပါတယ်။
- 123456
- 123456789
- picture1
- password
- 12345678
- 111111
- 123123
- 12345
9.1234567890
- senha
- 1234567
- qwerty
- abc123
- Million2
- 000000
- 1234
- iloveyou
- aaron431
- password1
- qqww1122 တို့ပဲ ဖြစ်ပါတယ်။

Pyi Hein Kyaw