၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အသင်းတွေရဲ့ ဘောလုံးမင်းသားများ

©(AP Photo/Michael Probst)

မကြာခင်အချိန်တိုအတွင်းမှာ ၂၀၁၈ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး စတင်ကျင်းပပါတော့မယ်။ လက်ရှိအချိန်မှာ ပြိုင်ပွဲဝင်အသင်းအတော်များများဟာ ပြိုင်ပွဲဝင်ဖို့အတွက် အသင်းလူစာရင်းတွေကို ထုတ်ပြန်နေကြပါပြီ။ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို နိုင်ငံကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားတဲ့ ကစားသမားတွေရဲ့ ခြေစွမ်းတွေက အငြင်းပွားဖွယ်မရှိ အကောင်းဆုံးဖြစ်ဖို့ သေချာနေပြီး သူတို့ရဲ့ခြေစွမ်းတွေနဲ့ ဘောလုံးဝါသနာရှင်ပရိသတ်တွေကို ဆွဲဆောင်ဦးမှာပါ။ ခြေစွမ်းကောင်းသလောက် ရုပ်ရည်ရူပကာ ခန့်ညားလွန်းတဲ့ ဘောလုံးမင်းသားတွေကလည်း ပြိုင်ပွဲကာလအတွင်းမှာ ဘောလုံးဝါသနာ,မပါတဲ့ ပျိုပျိုမေတွေကိုတောင် တီဗီဖန်သားပြင်ရှေ့ကိုရောက်လာဖို့ ဆွဲဆောင်နေဦးမှာ အမှန်ပါပဲ။ ဒါကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စောင့်ကြည့်ရမယ့် ဘောလုံးမင်းသားတွေကို ဖော်ပြပေး လိုက်ပါတယ်နော်။

(1) Antoine Griezman (France)

အက်သလက်တီကိုမက်ဒရစ် ကလပ်အသင်းနဲ့ ပြင်သစ်လက်ရွေးစင်အသင်းမှာ ပရိသတ်အားပေးမှုအရဆုံး ဘောလုံးသမားကို ပြပါဆိုရင် အသင်းရဲ့ တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ Antoine Griezman ဟာ ရှေ့ဆုံးကနေ ပါဝင်ပါလိမ့်မယ်။ စူးရှတဲ့ အကြည့်နက်နက်တွေ၊ ကွင်းထဲမှာ တစ်ဖက်အသင်း ခံစစ်မှုးတွေကို ကျော်ဖြတ်နေတဲ့ ဟန်ပန်တွေဟာ ပျိုမေတို့ရင်ကို ခိုးလိုးခုလုဖြစ်အောင် လုပ်နိုင်စွမ်းအရှိဆုံး ကစားသမားတစ်ဦးဆို မမှားနိုင်ပါဘူးနော်။

https://www.instagram.com/p/Bgi8yPWAkXd/?utm_source=ig_embed

(2) Philippe Coutinho (Brazil)

ဘရာဇီးလ် လက်ရွေးစင်အသင်းကို ကိုယ်စားပြုပြီး (၂၀၁၈) ဖီဖာကမ္ဘာ့ဖလားကို ပါဝင်ယှဉ်ပြိုင်ကစားမယ့် အသက်(၂၅)နှစ်အရွယ် Philippe Coutinho ဟာလည်း သူရဲ့ ညှို့ယူနိုင်စွမ်းရှိတဲ့ ဟန်ပန်တွေကြောင့် ဂျာနယ်လစ်တွေနဲ့ မော်ဒယ်လ်အေဂျင်စီတွေရဲ့ အာရုံစိုက်မှုကို အပြည့်အ၀ရရှိခဲ့သူတစ်ဦးပါ။ အခုအချိန်မှာလည်း သူဟာ ကုန်ပစ္စည်း အမှတ်တံဆိပ်ကြော်ငြာတွေနဲ့ မော်ဒယ်လောကမှာ အခိုင်အမာ နေရာရထားပြီး ဖြစ်ပါတယ်။

READ
ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းတွေထဲမှ စတိုင်လ်အကျဆုံး ကစားသမား (၅)ဦး

https://www.instagram.com/p/BSHfee6AroG/?utm_source=ig_embed

(3) Jame Rodrigues (Colombia)

ကိုလံဘီယာအသင်းလက်ရွေးစင် ကစားသမားတစ်ဦးဖြစ်တဲ့ Jame Rodrigues ဟာ လက်ရှိအချိန်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းသို့ (၂) နှစ်အငှားစာချုပ်နဲ့ ပြောင်းရွေ့ကစားနေသူပါ။ (၂၀၁၈) ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင် ကစားသွားမှာဖြစ်တဲ့ Jame Rodrigues ဟာ ရုပ်ရည်လှပမှုရှိသလို လျှင်မြန်တဲ့ ပြေးနှုန်းတွေ၊ ပြင်းထန်တဲ့ ကန်ချက်တွေနဲ့ ကိုလံဘီယာသူတွေရဲ့ အသည်းစွဲဖြစ်နေသူလေးပါ။

https://www.instagram.com/p/BihyPT3lF-Z/?utm_source=ig_embed

(4) Toni Kroos (Germany)

Toni Kroos ကတော့ ဂျာမနီနိုင်ငံလက်ရွေးစင်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ဗိုလ်ချုပ် စွယ်စုံရ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ Toni Kroos ဟာ နိုင်ငံလက်ရွေးစင်အသင်းဖြစ်တဲ့ ဂျာမနီမှာလည်း နာမည်ကြီး ကစားသမားဖြစ်သလို၊ ကလပ်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာလည်း ပုံမှန်နေရာရနေသူဖြစ်ပါတယ်။ သူဟာ တည်ကြည်ခန့်ညားပြီး အမြဲလိုလို ပြုံးရွှင်နေတတ်တဲ့ သူရဲ့မျက်နှာပုံစံလေးကြောင့် ပရိသတ်ရဲ့အချစ်တွေကို ရယူပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပါတယ်။

(5) Cristiano Ronaldo

READ
ယခုကမ္ဘာ့ဖလားအတွက် သိကိုသိထားရမယ့် အချိန်အခါကောင်းများ

နောက်ဆုံးအနေနဲ့ မိတ်ဆက်ပေးမယ့် ဘောလုံးမင်းသားကတော့ ပျိုမေတွေရဲ့ အသည်းကျော် ကစားသမားတစ်ဦးဖြစ်တဲ့ Cristiano Ronaldo ပဲဖြစ်ပါတယ်။ Cristiano Ronaldo ဟာ ကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ်အချိုးအစား၊ ခန့်ညားတဲ့ ရုပ်ရည်သွင်ပြင်ကို ပိုင်ဆိုင်ထားသလို ကြောက်ခမန်းလိလိ ခြေစွမ်းပိုင်း ကောင်းမွန်သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ နာမည်ကြီး ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိကအားထားရတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာတော့ နိုင်ငံလက်ရွေးစင်အသင်းဖြစ်တဲ့ ပေါ်တူဂီအသင်းနဲ့အတူ (၂၀၁၈) ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင် ကစားတော့မှာဖြစ်ပါတယ်။

https://www.instagram.com/p/BelhTMXleaE/?utm_source=ig_embed

SHARE