မြင်းသေ (၂၅)ကောင်ကို လယ်ထဲမှာ ဒီအတိုင်းပစ်ထားတဲ့ ရက်စက်တဲ့လယ်ပိုင်ရှင်

(၂)ဧကကျယ်တဲ့ လယ်ထဲမှာ မြင်သေ (၂၅)လောင်းရှိနေခဲ့ပြီး စစ်ဆေးရေးအရာရှိတွေတောင် ထိတ်လန့်ခဲ့ရတဲ့အဖြစ်ပါ။ မြင်းတွေက မသေခင်က ဆာလောင်လွန်းလို့ အိမ်ရဲ့ အလူမီနီယံမှန်တွေကိုတောင် ခွဲပြီး အိမ်ထဲ အစာဝင်ရှာဖို့ ကြိုးစားခဲ့ကြရှာပါတယ်။ အမေရိကန်နိုင်ငံ၊ မေရီလန်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လယ်ပိုင်ရှင်မှာ Barbara Pilchard ဆိုတဲ့ အမျိုးသမီးဖြစ်ပါတယ်။

တစ်ခြံလုံးမှာ မြင်းသေတွေ ပြန့်ကျဲနေခဲ့ပြီး အချို့မှာ အရိုးတောင် ကျနေပြီဖြစ်ကာ အချို့မြင်းသေတွေကိုဆိုရင် လင်းတတွေကတောင် စားနေကြပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးညမှာ Nicole Constante ဆိုတဲ့ ဒေသခံတစ်ဦးက ၎င်းခြံအနားမှာ မြင်းသေလေးတစ်ကောင်ကို တွေ့ခဲ့ရာ ရဲတွေကို တန်းအကြောင်းမကြားခဲ့ဘဲ မီဒီယာတွေကို အကြောင်းကြားခဲ့ပါတယ်။ ထို့နောက် ဒီအိမ်နဲ့ ပတ်သက်ပြီး အရင်ကတည်းက ရဲတွေ ဘာမှမဆောင်ရွက်ခဲ့ဘူးဆိုကာ ဖွင့်ဟခဲ့ပါတယ်။

သက်ဆိုင်ရာတွေက သောကြာနေ့မှာ မြင်းတွေသေဆုံးနေရာ ခြံထဲသို့ သွားရောက်ခဲ့ကြပြီး ရဲအရာရှိ Lewis က ဒီလိုအခြေအနေမျိုးမှာ မြင်းတွေသာမကပဲ လူတွေပါ နေထိုင်နေနိုင်ကြတာ အံ့သြရကြောင်းဆိုပါတယ်။ ငတ်မွတ်ဒဏ်ကြားထဲက မြင်းမ တစ်ကောင်လည်း သားမွေးခဲ့ပြီး မွေးလာခဲ့တဲ့ မြင်းပေါက်လေးကို ခြံရှင် Pilchard က မွေးမြူခဲ့ဖို့ ကြိုးစားခဲ့ပေမယ့် (၄)နာရီသာ အသက်ရှင်ခဲ့ပြီး သေဆုံးသွားခဲ့တာကိုလည်း အလောင်းကို အိမ်ရှေ့မှာသာ ထားခဲ့ပါတယ်။

READ
အိုဘားမားနဲ့ မီလ်ရှဲလ်တို့ရဲ့ ဓာတ်ပုံများက ပြောနေသော ချစ်ခြင်းမေတ္တာများ

၎င်းခြံထဲမှာ မသေဆုံးသေးတဲ့မြင်း အကောင်ရေ (၁၀၀)လောက်ကျန်ဦးမယ်လို့ ခန့်မှန်းရပြီး ဘယ်လိုအခြေအနေနဲ့ အသက်ဆက်နေကြလဲဆိုတာ မသိရသေးပါဘူး။ ပြီးခဲ့တဲ့စနေနေ့ကတော့ ကျန်ရှိတဲ့မြင်းတွေ ဆက်ရှင်နိုင်ဖို့ Pilchard ရဲ့ ခြံကို စပါးပေါင်ချိန် (၅၀၀၀)နဲ့ ကောက်ရိုး (၂၅)အိတ်ကို လှူခဲ့ကြပါတယ်။ ခြံရှင် Pilchard ကလည်း ရဲတွေရဲ့ စစ်ဆေးမှုမှာ ပူးပေါင်းဆောင်ရွက်ပေးနေပါတယ်။

Pilchard ဟာ (၁၉၉၅)ခုနှစ်တုန်းကလည်း ၎င်းခြံထဲမှာပဲ ကြောင်အကောင် (၂၀၀) သေဆုံးခဲ့တဲ့အတွက် တိရိစ္ဆာန်များကို ပစ်ပယ်ထားမှု အမှု (၁၀၀)နဲ့ တရားစွဲဆိုခံခဲ့ရခြင်းရှိပေမယ့်လည်း သက်သေမခိုင်လုံတဲ့အတွက် အရေးယူမခံခဲ့ရပါဘူး။ Pilchard ကတော့ အခုလို တိရိစ္ဆာန်အသေတွေကို ခြံထဲမှာ ထားတာဟာ ဥပဒေနဲ့ မညီတာလည်း မဟုတ်ဘဲ သဘာဝအတိုင်းပုပ်သိုးဆွေးမြေ့သွားတဲ့အတွက် သူမမှာ အပြစ်မရှိကြောင်းဆိုပါတယ်။

White (Shwemom)

Ref: Dailymail UK

SHARE