ကြည့်ရှုသူပေါင်း ၃ ဒသမ ၅ ဘီလီယံကျော်ခဲ့တဲ့ PSY ရဲ့ GangNam Style MTV

www.facebook.com/officialpsy/photos

လွန်ခဲ့တဲ့ ၇ နှစ်ကျော်ခန့်က ကလေးလူကြီး မရွေး ပါးစပ်ဖျားမှာ ရေပန်းစားတဲ့ သီချင်းတစ်ပုဒ်ကို မှတ်မိကြမှာပါ။ နေရာတိုင်း လူတိုင်းက ဒီသီချင်းကို ဖွင့်လို့ အလွတ်ရတဲ့အထိ ခေတ်စားလွန်းခဲ့တဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံတင် မဟုတ် တစ်ခြားနိုင်ငံတွေမှာပါ ဒီသီချင်းကို လူကြိုက်များခဲ့တာပါ။

တောင်ကိုရီးယားရဲ့ နာမည်ကြီး အဆိုတော်ဖြစ်တဲ့ Park Jae-sang ကို PSY အဖြစ် ကမ္ဘာတစ်ဝှမ်းမှာ လူသိများပါတယ်။ သူရဲ့သီချင်းတွေနဲ့ သူနဲ့ကို ခွဲလို့ မရအောင်ကို ကမ္ဘာက သူ့ကို သိကြပါတယ်။ သူ့ရဲ့ GANGNAM STYLE သီချင်းကလည်း ကလေးလူကြီးမရွေး ကြိုက်နှစ်သက်ခဲ့ကြပြီး သီချင်းမှာပါတဲ့ ကကွက်တွေလည်း နာမည်ကျော်ကြားခဲ့ပါတယ်။

www.youtube.com/officialpsy

GANGNAM STYLE ဆိုတဲ့ သီချင်းက ၂၀၁၂ မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး အခုဆိုရင် ၈ နှစ် ပြည့်တော့မှာပဲ ဖြစ်ပါတယ်။ သီချင်းထွက်ရှိပြီး ၈ နှစ်နီးပါး အကြာမှာ အဆိုပါ သီချင်းဗီဒီယိုကို ကြည်ရှုသူပေါင်း ၃ ဒသမ ၅ ဘီလီယံကျော်သို့ ရောက်ရှိခဲ့ပါတော့တယ်။ ၃ ဒသမ ၅ ဘီလီယံကျော်ဆိုတဲ့ လူဦးရေက မြန်မာနိုင်ငံရဲ့ လူဦးရေထက် အဆပေါင်းမြောက်များစွာ ကွာဟသော ပမာဏ ဖြစ်ပါတယ်။

READ
နိုဝင်ဘာလ ဒုတိယပတ်အတွင်း BILLBOARD TOP-10 စာရင်းဝင် နိုင်ငံတကာသီချင်းများ
www.youtube.com/officialpsy

PSY ရဲ့ တရားဝင် လူမှုကွန်ယက်စာမျက်နှာကနေလည်း အခုလို ကြည့်ရှုသူပေါင်း ၃ ဘီယီယံကျော်ခဲ့တာကို ပိုစ့်တင်ခဲ့ပါတယ်။

www.facebook.com/officialpsy

ဒါ့အပြင် သူရဲ့ Gentle Men ဆိုတဲ့ ဗီဒီယိုဖိုင်ကိုလည်း ကြည့်ရှုသူပေါင်း ၁ ဒသမ ၂ ဘီလီယံကျော် ရှိနေခဲ့ပါတယ်။

www.yputube.com/officialpsy

PSY ရဲ့ အောင်မြင်မှုကတော့ အံ့မခန်းပါပဲ။

Written by Kham

SHARE