ဈေးကွက်ထဲကိုအသစ်ဝင်ရောက်လာဖို့ရှိတဲ့ Smartphone(၃)လုံး

တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာခေတ်ကြီးမှာ နည်းပညာမြင့် ပစ္စည်းတွေဟာ တစ်ခုနဲ့တစ်ခု မရိုးရ
အောင် အမျိုးမျိုးသော အမည်နာမတွေနဲ့ ဈေးကွက်ထဲကို အပြိုင်အဆိုင် ၀င်ရောက်နေပါတယ်။ အထူးသ
ဖြင့် ဖုန်းနဲ့ဆက်စပ်တဲ့ ပစ္စည်းတွေဟာ အရောင်းတွင်ကျယ်လှပြီး တံဆိပ်အမျိုးမျိုး စွမ်းဆောင်ရည်အမျိုးမျိုး
နဲ့ လူတွေကို စွဲဆောင်ထားနိုင်ဆဲပါ။ အခုလည်း လာမည့်အချိန်တိုအတွင်း ဈေးကွက်အတွင်းကို ၀င်ရောက်လာ
နိုင်တဲ စမတ်ဖုန်း(၃)ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Asus Zenphone 5

3-in-Our-List-of-the-Good-Smartphones-for-Gaming-Asus-Zenphone-5

နည်းပညာကုမ္မဏီ Asus ကနေ ထုတ်လုပ်လိုက်တဲ့ Asus Zenphone 5 ဖုန်းဟာ ဈေးနှုန်းအားဖြင့်
သင့်တင့်ပြီး စွမ်းဆောင်ရည် မြင့်ပါတယ်။ Intel Atom က  Z2560 processor ဖြစ်ပြီး RAM ကတော့
2 GB ဖြစ်ပါတယ်။ Resolution က 1280 x 720 px ဖြစ်လို့ ဂိမ်းတွေ၊ ပုံရိပ်တွေကို ပြတ်သားစွာ ပုံဖော်
ပေးနိုင်ပါတယ်။ ဒါ့အပြင် Internal storage ကလည်း 16 GB အထိ ပါဝင်လို့ Data အတွက်လည်း
သင့်တော်ပါတယ်။ 5 လက်မ အရှည်အရှိတဲ့ LCD နဲ့ မြင့်မားတဲ့ စမ်းဆောင်ရည်ကြောင့် ဂိမ်းသမားတွေ
အတွက် သင့်တော်တဲ့ ဖုန်းဖြစ်ပြီး ရောင်းဈေးကတော့ ဒေါ်လာ 307 ၀န်းကျင် ရှိမှာပါ။

READ
တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဒေါ်လာ ၁ ဘီလီယံအထိရှိပြီဖြစ်တဲ့ E-Sports ရဲ့ဝင်ငွေ

၂။ Huawei Honor 4X

2-in-Our-List-of-Good-Smartphones-for-Gaming-Huawei-Honor-4X

ကမ္ဘာကျော်နည်းပညာကုမ္မဏီ Huawei ကနေ အသစ်ထုတ်လုပ်လိုက်တဲ့ Honor 4X စမတ်ဖုန်းဟာ
လည်း လူငယ်တွေကြား ရေပန်းစားလာနိုင်စရာ ရှိပါတယ်။ Snapdragon 410 processor ဖြစ်ပြီး RAM
ကလည်း 2 GB ဖြစ်ပြီး Adreno 306 GPU နဲ့မို့ စွမ်းဆောင်ရည် ကောင်းမွန်ပါတယ်။ 5.5 လက်မရှိတဲ့
မျက်နှာပြင်နဲ့ Internal 8 GB အထိ ပါဝင်လို့ ဂိမ်းသမားတွေအတွက် လက်စွဲဖြစ်လာမယ့် ဖုန်းပါ။ micro
SD 32 GB အထိ ထည့်ပြီး အသုံးပြုနိုင်ပါတယ်။ ဘတ္ထရီကလည်း 300 mAh ဖြစ်လို့ အထူးကောင်းမွန်
ပါတယ်။ ရောင်းဈေးကတော့ ဒေါ်လာ 225 ၀န်းကျင် ရှိနိုင်ပါတယ်။

READ
တမူထူးခြားတဲ့ selfie ဗားရှင်းသစ်နဲ့ ထွက်ရှိလာမယ့် Nokia 8

၃၊ Xiaomi Redmi Note 3

1-in-Our-List-of-Good-Smartphones-for-Gaming-Xiaomi-Redmi-Note-3

မြန်မာတွေကတော့ ရှောင်မီလို့ခေါ်တဲ့ Xiaomi Redmi Note 3 လည်း ဈေးကွက်အတွင်း ၀င်ရောက်လာ
ဖွယ်ရှိနေပါတယ်။ ဈေးနှုန်းလည်း သင့်တင့်ပြီး စွမ်းဆောင်ရည် မြင့်ပါတယ်။ Snapdragon 650 processor
နဲ့ Adreno 510 GPU ဖြစ်ပြီး RAM က 3 GB ဖြစ်လို့ စွမ်းဆောင်ရည်ကို ခန့်မှန်းလို့ရပါတယ်။ မျက်နှာ
ပြင်အရွယ်အစားကတော့ 5.5 လက်မဖြစ်ပြီး ရုပ်ထွက်လည်း အထူးကောင်းမွန်ပါတယ်။ အကောင်းမွန်ဆုံး
ကတော့ ဘတ္ထရီဖြစ်ပြီး 4050 mAh မို့ ဂိမ်းသမားတွေအတွက် သင့်တော်ပါတယ်။ ဈေးနှုန်းကတော့
ဒေါ်လာ 295.3 ၀န်းကျင်ပါ။

shwemom

source : smartphone2016.com

SHARE