(၂၀၅၀) ရောက်ရင် အ၀လွန်သူဦးရေ (၄)ဘီလီယံ ကျော်အထိ ရှိလာနိုင်

Image:freepik.com/doctorfp/brgfx

တစ်ကမ္ဘာလုံးမှာ လူတွေရဲ့ နေထိုင်စားသောက်မှု ပုံစံတွေ ချို့ယွင်းပျက်စီးလာတာ အားလုံးပဲ သိ ကြ မှာပါ။စားသောက်နေထိုင်မှု ပုံစံ မမှန်တာတွေ ကြောင့် အ၀လွန်သူ ဦးရေ ကလည်း တစ်နေ့တခြား များ ပြား လာနေပါတယ်။၂၀၅၀ ရောက်ရင်တော့ အ၀လွန်သူ ဦးရေ ဟာ (၄)ဘီလီယံ ကျော် အထိ ရှိလာ နိုင်တယ်လို့ လေ့လာ တွေ့ရှိချက် တစ်ခုမှာ ကြိုတင် ခန့်မှန်း ခဲ့ပါတယ်။အလွန်အမင်း အ၀ လွန်သူ က တော့(၁.၅)ဘီလီယံ အထိ ရှိလာ လိမ့်မယ်လို့ ခန့်မှန်းချက်မှာ ဖော်ပြထားပါတယ်။ဒီအ ကြောင်းကိုတော့ Daily Mail မှာ ဖော်ပြထားတာပါ။

Image:.freepik.com/spukkato

လူသန်းငါးရာက တော့ အစာရေစာ ငတ်မွတ်မှုကြောင့် ကိုယ်အလေးချိန် မပြည့်မီပဲ တဲ့ အ နေ အထား မျိုး ဖြ စ်နေလိမ့်မယ်လို့ လည်း ခန့်မှန်းခဲ့ပါတယ်။The Potsdam Institute for Climate Impact (PIK)က နေ ဒီလေ့လာ တွေ့ရှိချက် ကို တွေ့ ရှိခဲ့ပါတယ်။ global nutrition က နောက် နှစ် ၃၀ ကြာရင် ဘယ်လို မျိုး ပြောင်းလဲ လာနိုင်လဲ၊လူတွေ စား သောက် နေတဲ့ ပုံစံ၊လူဦးရေ တိုးတက်လာမှု၊အစားအသောက် ထုတ်လုပ်မှု ၊ဖြုန်းတီးမှု . ဒါတွေကို ထည့်သွင်းစဉ်းစား တွက် ချက် ပြီး အခုလို ထုတ်ပြန် ပေးလိုက်တာပါ။

READ
ကော်ဖီ နေ့စဉ်သောက်သုံးခြင်းကြောင့် ရလာနိုင်တဲ့ အကျိုးကျေးဇူးများ
Image:freepik.com/doctorfp

1965 ခုနှစ်က စပြီး တစ်ကမ္ဘာလုံးမှာ ပရိုတင်းများတဲ့ အသားတွေ၊သကြားပါတဲ့ အစား အသောက်တွေ၊ carbohydrate တွေ ကို စားသောက်တဲ့နှုန်းတွေ တဟုန်ထိုး မြင့်တက် နေပါတယ်။ကျန်းမာရေးနဲ့ တကယ်ညီညွတ်တဲ့ သစ်သီးဝလံ၊ဟင်းသီးဟင်းရွက်တွေ နဲ့ အပင်ကို အခြေခံ ထားတဲ့ အရာ မျိုးတွေကို တော့ စားသောက်တာက တဖြည်းဖြည်း နည်း ပါး လာပါတယ်။အစား အသောက်ဆိုရင် သဘာဝ ဆိုတာ ထက် ပြုပြင် ဖန်တီး ထုတ်လုပ်ထားတာ မျိုး တွေက အစားသောက် ဈေးကွက်မှာ ပို နေရာ ယူ၊ပိုများလာခဲ့ပါတယ်။

Image:freepik.com/pakorn1981

လေ့လာချက်တွေ အရ ဆိုရင် ၂၀၁၀ တုန်းက အ၀လွန်သူ (၂၉)ရာခိုင်နှုန်း ၊အလွန်အမင်းဝ သူ (၉)ရာခိုင်နှုန်း၊ body mass index (BMI) က Over 30 ရှိခဲ့ပါတယ်။၂၀၀၉ နဲ့ ၂၀၁၀ မှာ ဆိုရင်တော့ အ မေရိကန်မှာ ရှိတဲ့ အရွယ်ရောက်ပြီးသူ  35.7 ရာခိုင်နှုန်းက အ၀လွန် နေပါတယ်။2017 နဲ့ 2018 မှာတော့ 42.4 အထိ မြင့်တက်လာတယ်လို့ အမေရိကန် ရောဂါ ကာကွယ်ထိန်းချုပ်ရေး စင်တာ CDC က ပြောပါတယ်။လက်ရှိမှာတော့ ဗြိတိန် လူဦးရေရဲ့ ၂၈ ရာခိုင်နှုန်း ကလည်း အ၀လွန် နေပါတယ်။ဒီနှစ် နိုင်ငံတည်း မဟုတ်ပါဘူး။ကမ္ဘာ့နိုင်ငံအ သီးသီးမှာ အ၀လွန်နှုန်းေ တွက တစ်နှစ် ထက် တစ်နှစ် မြင့်တက် နေတာပါ။ဒီနှုန်း အတိုင်း ဆက်သွား ရင်တော့ ၂၀၅၀ မှာ ကမ္ဘာ့ လူဦးရေ ရဲ့ ထက် ၀က်နီးပါး(45 ရာခိုင်နှုန်း)က အ၀လွန်၊၁၆ ရာခိုင်နှုန်းက တော့ အလွန်အမင်းအ၀လွန်လာ နိုင်ပါတယ်။

READ
သင့်ဘေးမှာရှိနေတဲ့ သူငယ်ချင်းဟာ မိတ်ဆွေစစ်လား၊ နောက်ကျောဓားနဲ့ထိုးမယ့်သူလား
Image:freepik.com/lazy-bear

#SHWEMOM

SHARE