ငှက်ပျောသီးပုံမှန်စားခြင်း၏ ထူးခြားသောအကျိုးကျေးဇူး(၅)မျိုး

ငှက်ပျောသီးဟာ မြန်မာ့ဒေသအားလုံးနီးပါးမှာ ဖြစ်ထွန်းအောင်မြင်ပါတယ်။ မြန်မာနိုင်ငံမှာ ငှက်ပျောသီးကို
ဈေးနှုန်းချိုချိုသာသာနဲ့ ရနိုင်ပါတယ်။ အရင်ကလည်း စာဖတ်သူတွေအတွက် ဈေးနှုန်းအကုန်အကျ သက်သာ
တဲ့ ကျန်းမာရေးနဲ့ပက်သက်တဲ့ဆောင်းပါးတွေ ဖော်ပြပေးခဲ့ပါတယ်။ အခုလည်း ငှက်ပျောသီး စားပေးခြင်းကနေ
ရလာနိုင်တဲ့ အကျိုးရလဒ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

1. သွေးပေါင်ချိန်မြင့်တက်ခြင်းကို ထိန်းပေးတယ်။

ငှက်ပျောသီးဟာ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာဖြစ်ပါတယ်။ အမျှင်ဓာတ်ဟာ ခန္ဓကိုယ်အတွက် အရေးကြီး
တဲ့ ဓာတ်ဖြစ်ပါတယ်။ ဒါ့အပြင် ငှက်ပျောသီးတစ်လုံးမှာ ပျမ်းမျှအားဖြင့် ပိုတက်စီယမ် 422 mg အထိ ပါဝင်တာမို့
သွေးလည်ပတ်မှုကို ကောင်းမွန်အောင် ထိန်းချုပ်နိုင်တဲ့အပြင် သွေးပေါင်ချိန် မြင့်တက်နေပါကလည်း ချက်ချင်း
ပုံမှန်သွေးချိန်ကို ပြန်ကျစေပါတယ်။ ဒါ့အပြင် သွေးအားနည်းရောဂါကိုလည်း ပျောက်ကင်းစေပါတယ်။

READ
လေလည်ခြင်းကနေ ရရှိမယ်လို့ သင်လုံးဝ မမျှော်လင့်ထားတဲ့ ကောင်းကျိုးများ

2. အစာချေစနစ်ကို ထောက်ပံ့ပေး။

ငှက်ပျောသီးဟာ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာဖြစ်တာကြောင့် မာခဲတဲ့အစားအစာကို ချေဖြတ်နိုင်စွမ်းရှိပြီး
ဝမ်းကိုက်ခြင်း၊ ၀မ်းယောင်ခြင်း၊ အစာမကြေဖြစ်ခြင်းတို့ကို ပျောက်ကင်းသက်သာစေလို့ ငှက်ပျောသီးကို မနက်ပိုင်း
စားသောက်တဲ့အစားအစာအမည်ထဲမှာ အမြဲ ထည့်ထားသင့်ပါတယ်။

3. နှလုံးသွေးကြောစနစ်ကို ကောင်းမွန်စေတယ်။

နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးသွေးကြောထဲမှာ အဆီဓာတ်များခြင်း၊ သွေးကြောပိတ်ခြင်း- စတာတွေကို ငှက်
ပျောသီးကို ပုံမှန်စားပေးခြင်းနဲ့ သက်သာစေတယ်၊ အရှင်းပျောက်ကင်းစေသည်အထိ ငှက်ပျောသီးရဲ့ စွမ်းဆောင်
မှုက မြင့်မားပါတယ်။

4. ကျန်းမာသန်စွမ်းတဲ့ ဆဲလ်တွေကို မွေးဖွားပေးတယ်။

လူခန္ဓာကိုယ်မှာ ဆဲတွေ ခဏခဏသေဆုံးမှုတွေ ဖြစ်ပေါ်ပါတယ်။ ဒီအတွက် ကျန်းမာသန်စွမ်းတဲ့ ဆဲလ်အသစ်
တွေ ပြန်လည် မွေးဖွားဖို့ လိုအပ်ပြီး အဲဒီ လိုအပ်ချက်ကို ငှက်ပျောသီးက အပြည့်အ၀ ထောက်ပံ့ပေးပါတယ်။

READ
နေ့လည်ခင်း အချိန်အကြာကြီးအိပ်ခြင်းဟာ အယ်လ်ဇိုင်းမားနဲ့ ဆက်စပ်နေကြောင်းဆို

5. အသားအရည်ကို ချောမွတ်လှပစေတယ်။

ငှက်ပျောသီးဟာ အာဟာရဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ သီးနှံဖြစ်တာမို့ ပုံမှန်စားသုံးပေးပါက အသားအရည်
ခြောက်သွေ့ခြင်း၊ နေလောင်ဒဏ်ကြောင့် ညိုမဲခြင်း၊ အနံ့ဆိုးထွက်ခြင်းများကို အကာအကွယ်ပေးပြီး
အသားအရေ ချောမွတ်လှပမှုကို ပေးစွမ်းနိုင်ပါတယ်။

နတ်စည်တော် (Shwemom)

Source: lifehack

SHARE