ကျောက်ကပ်မှာ ကျောက်တည်ရခြင်းရဲ့ အဓိက အကြောင်းအရင်း ၅ ချက်

Pixabay-mohamed_hassan

ကျောက်ကပ်ဆိုတာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အညစ်အကြေးတွေကို စွန့်ပစ်ပေးတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပြီး ဝမ်းဗိုက်အပေါ်ပိုင်းရဲ့ အနောက်ဖက်မှာ တည်ရှိတာ ဖြစ်ပါတယ်။ ကျောက်ကပ်ရဲ့ ပုံစံကတော့ ပဲစေ့ပုံစံရှိပြီး ပြွန်ငယ်တွေ၊ ဆံချည်မျှင်သွေးကြောလေးတွေနဲ့ ဖွဲ့စည်တည်ဆောက်ထားတာပါ။ ကျောက်ကပ်နဲ့ ပတ်သတ်ပြီး လူအများစုက သိပ်ဂရုစိုက်လေ့ မရှိသလို အရေးမကြီးတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုလို့တောင် ထင်ကြပါတယ်။ တစ်ကယ်တော့ ကျောက်ကပ်ဟာလည်း ခန္ဓာကိုယ်အတွက် အရေးကြီးသလို ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အညစ်အကြေးတွေကို စွန့်ထုတ်ပေးတာကြောင့် မရှိမဖြစ်အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ ကျောက်ကပ်မှာ ကျောက်တည်ရတဲ့ အကြောင်းအရင်း ၅ ချက်ကို ပြောပြပေးချင်ပါတယ်။

Pixabay-congerdesign

၁။ ရေသောက်နည်းခြင်း

လူတစ်ယောက်ဟာ ရေအသောက်နည်းရင် အဖြစ်အများနိုင်ဆုံးကတော့ ကျောက်ကပ်မှာ ကျောက်တည်တာပါပဲ။ ရေကို အလုံအလောက်မသောက်သုံးတာကြောင့် အဲဒီလိုမဟုတ်ပဲ ရေအသောက်နည်းရင်တော့ အဲဒီလူရဲ့ ကျောက်ကပ်မှာ ကျောက်တည်နိုင်ဖို့ ရာခိုင်နှုန်းအလွန်များပါတယ်။

READ
အီဘိုလာသံသယရှိသူတစ်ဦး တွေ့ရှိခဲ့တာကြောင့် အလုပ်များခဲ့ရတဲ့ ဒန်ဗာဆေးရုံ

၂။ Calcium ဓာတ်မြင့်မားခြင်း

ထုံးဓာတ်ပါတဲ့ ရေကို အမြဲလိုလို သောက်မိတဲ့ လူတော်တော်များများဟာလည်း ကျောက်ကပ်မှာ ကျောက်တည်နိုင်ပါတယ်။ ဒါ့အပြင် ကွမ်းအစားများသူတွေ၊ အထူးသဖြင့် ကွမ်းစားရင် ထုံးများများထည့်တတ်တဲ့လူတွေဟာလည်း ကျောက်ကပ်မှာ ကျောက်တည်နိုင်ပါတယ်။

၃။ မျိုးရိုးအရလည်း ကျောက်ကပ်မှာ ကျောက်တည်နိုင်ပါတယ်

ကိုယ့်ရဲ့ဆွေမျိုး ဒါမှမဟုတ် မိဘတွေဟာ ကျောက်ကပ်မှာ ကျောက်တည်တဲ့ ရောဂါရှိရင်လည်း ကိုယ်ရဲ့ ကျောက်ကပ်မှာ ကျောက်တည်နိုင်ပါတယ်။

Pixabay-Joenomias

၎။ ဆီးချိုရောဂါ အခံရှိသူတွေနဲ့ အဝလွန်ရောဂါရှိတဲ့ လူတွေလည်း ကျောက်တည်နိုင်ပါတယ်

တစ်ကယ်လို့ သင်ဟာ ဆီးချိုရောဂါရှိပြီး အဝလွန်နေတဲ့ လူတစ်ယောက်ဆိုရင်တော့ သင့်ရဲ့ကျောက်ကပ်မှာ ကျောက်တည်နိုင်တဲ့ ရာခိုင်နှုန်းတော်တော်များပါတယ်။ အဲဒီလိုရောဂါနှစ်မျိုးလုံးရှိနေရင်တော့ နီးစပ်ရာ ဆေးရုံဆေးခန်းက ဆရာဝန်နဲ့ အမြန်ဆုံးသွားပြသင့်ပါတယ်။

၅။ အသားအလွန်အကျူစားသူတွေလည်း ကျောက်ကပ်မှာ ကျောက်တည်နိုင်ပါတယ်

READ
Bipolar Disorder အကြောင်း သင်လုံးဝသိဦးမှာ မဟုတ်တဲ့ စိတ်ဝင်စားဖွယ် (၅) ချက်

ကြက်သား၊ဝက်သား၊ အမဲသားတွေကို စားပြီးနောက်မှာတော့ အဆိုပါ အသားတွေဟာ ကျောက်ကပ်ဆီကို ရောက်သွားပါတယ်။ အဲဒိလိုရောက်သွားတဲ့ အချိန်မှာ အဲဒီအသားတွေကနေ ထုတ်လုပ်တဲ့ အက်ဆစ်တစ်မျိုးဟာ Calcium ဓာတ်ကို မြင့်မားစွာထုတ်ပေးပြီး အဲဒီ Calcium ဓာတ်တွေ စုပေါင်းသွားတဲ့အချိန်မှာတော့ ကျောက်လေးတွေဖြစ်လာပြီး ကျောက်ကပ်ထဲမှာ ကျောက်တည်စေနိုင်ပါတယ်။

Pixabay-Free-Photos

Pyi Hein Kyaw

SHARE