ခရီးသွားရင် မပါမဖြစ် ယူသွားသင့်သည့် အလှကုန်ပစ္စည်းများ

ခရီးသွားရတဲ့အခါမျိုးမှာ အလှကုန်ပစ္စည်းအားလုံးကိုယူမသွားနိုင်တာ ၊အေးအေးဆေးဆေးအလှပြင်နေဖို့ အချိန်မရှိ တာတွေကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့ပုံပေါက်ပြီး အလှပျက်မှာကို စိုးရိမ်ကြသူတွေအတွက် နည်းလမ်းကောင်းတွေ ရှိပါတယ်။အောက်မှာပြောပြထားတဲ့ အလှကုန်ပစ္စည်းလေးတွေကို ယူဆောင်သွားမယ်ဆိုရင် အလှပျက်မှာကို လုံးဝစိုးရိမ်ဖို့ လိုမှာမဟုတ်ပါဘူး။

(၁)မျက်နှာဖြန်းဆေးဗူး

အချိန်အကြာကြီးကား၊ရထားနှင့်လေယာဉ်ပျံကို စီးသွားရမှာဖြစ်တာကြောင့် မျက်နှာမှာရေဓါတ်ခမ်းခြောက်မှာတော့ အသေအချာပါပဲ။ဒါကြောင့်အဲ့ဒီလိုမဖြစ်ရအောင် ရေဓါတ်ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ မျက်နှာဖြန်းဆေးဗူးကို ယူသွားကြဖို့ အကြံပြုပါရစေ။

714275506

(၂)ခရင်မိတ်ကပ်

ခရင်မိတ်ကပ်ဟာ သုံးရတာအဆင်ပြေပြီး နေရာမရွေးအလွယ်တကူထုတ်လိမ်းလို့ရတာကြောင့် ခရီးသွားရာမှာ မပါမဖြစ်ယူဆောင်သွားသင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်။အလင်းရောင်ကောင်းကောင်းမမြင်ရတဲ့ အခြေအနေ မျိုးနဲ့ကြုံရနိုင်တာကြောင့် ပေါင်ဒါအမှုန့်မိတ်ကပ်အစား ခရင်မိတ်ကပ်ကသာ ပိုပြီး သင့်တော်နိုင်ပါတယ်။

(၃)ဇစ်နဲ့ပိတ်လို့ရတဲ့အိတ်

အလှကုန်ပစ္စည်းသယ်ပြီဆိုတည်းက သူတို့ကိုထည့်ဖို့  အိတ်တစ်လုံးမရှိမဖြစ်လိုအပ်ပါတယ်။ခရီးဆောင်အိတ်ထဲ မှာပြန်ကျဲနေမယ့်အစား အတူတကွ တစ်စုတစ်စည်းတည်းဖြစ်နေဖို့အတွက် ဇစ်ပါအိတ်တစ်လုံးလိုအပ်ပါတယ်။ဒါမှသာ သယ်သွားတဲ့အလှကုန်ပစ္စည်းတွေကို အလွယ်တကူရှာဖွေနိုင်မှာဖြစ်ပါတယ်။

(၄)dry shampoo

ဆံပင်တွေဖရိုဖရဲဖြစ်နေတဲ့ပြသာနာကို ဖြေရှင်းနိုင်ဖို့ dry shampoo ကိုမပါမဖြစ်ယူဆောင်သွားဖို့လိုပါတယ်။ အနည်းငယ်အသုံးပြုရုံနဲ့အဆီတွေကိုစုပ်ယူပေးနိုင်မှာဖြစ်ပြီး ဆံပင်ကိုပုံကျလှပနေစေမှာဖြစ်ပါတယ်။

READ
ဆံပင်ကျွတ်ခြင်းပြဿနာကို ဖြေရှင်းပေးနိုင်ပြီး ဆံပင်ကိုပိုမိုအရှည်မြန်စေနိုင်တဲ့ကြက်သွန်နီ

dry-shampoo-reviews-2016

(၅)moisturiser(အလှဆီ)

ယူဆောင်သွားဖို့လိုအပ်တဲ့ နောက်ထပ်အလှကုန်ပစ္စည်းကတော့ moisturiser(အလှဆီ)ပါ။ ကား၊ ရထား ၊လေယာဉ်ဘာနဲ့ပဲသွားသွား အသားအရေရေဓါတ်ဆုံးရှုံးတာ၊အသားခြောက်တာတွေတော့ အနည်းနဲ့အများ ကြုံရနိုင်ပါတယ်။ဒါကြောင့်ခရီးသွားဖို့ထွက်တဲ့အချိန်၊လိုရာခရီးကိုရောက်တဲ့အချိန်နှစ်ခုလုံးမှာmoisturiser ကောင်းကောင်းအသုံးပြုပေးဖို့လိုအပ်ပါတယ်။

SHARE