ဂိမ်းဝါသနာရှင်တွေအတွက်တော့ ဖုန်းဝယ်တဲ့အခါမှာ Screen Size ကျယ်ဖို့၊ Installed RAM ကောင်းဖို့၊Battery ကြာ
ရှည်ခံဖို့၊ ပုံထွက်ကောင်းဖို့-စတဲ့ အချက်တွေကို အဓိကထားရွေးချယ်လေ့ရှိပါတယ်။ ဒါမှသာ ဂိမ်းတွေကို အားရပါးရ
ဆော့လို့ ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဂိမ်းဝါသနာရှင်တွေအတွက် 2016 ခုနှစ်မှာ ဂိမ်းဆော့ဖို့အကောင်းဆုံ ဖုန်း(၅)လုံးကို ဖော်ပြ ပေးလိုက်ပါတယ်။ (မှတ်ချက်- ဈေးနှုန်းများမှာ အမေရိကန်တွင် ရောင်းချနေသော ဈေးနှုန်းများဖြစ်သည်)
(၁) Apple iPhone 6s
နံပတ်(၁)နေရာမှာ ဖော်ပြခြင်းခံထားရတဲ့ Apple iPhone 6s ဟာ မျက်နာပြင် – 4.7 လက်မ၊ Processor – Dual-core 1.84 GHz Twister ၊ Installed RAM – 2 GB ၊ Battery – 1715.0 mAh ဖြစ်ပါတယ်။ ရောင်းဈေးကတော့ ဒေါ်လာ 600 ၀န်းကျင်ရှိပါတယ်။
(၂) Samsung Glaxy Note 5
Samsung Glaxy Note 5 >ဟာ ဂိမ်းကစားဖို့အတွက် သင့်တော်တဲ့ ဖုန်းဖြစ်ပြီး အဆင့်(၂)နေရာမှာ ရပ်တည်နေပါတယ်။မျက်နာပြင် – 5.7 လက်မ၊ Processor – Quad-core 1.5 GHz Cortex-A53 & Quad-core 2.1 GHz Cortex-A57 ၊ Installed RAM – 4 GB ၊ Battery – 3000.0 mAh ဖြစ်ပါတယ်။ ရောင်းဈေးကတော့ ဒေါ်လာ 350-400 ၀န်းကျင်ရှိပါတယ်။
(၃) Apple iPhone 6s Plus
မျက်နှာပြင်အရွယ်အစားကလည်း ဂိမ်းသမားတွေ စိတ်ကြိုက် ဖြစ်တဲ့ Apple iPhone 6s Plus ဟာ အဆင့်(3)နေရာမှာ
ရပ်တည် နေပါတယ်။ မျက်နာပြင် – 5.5 လက်မ၊ Processor – Dual-core 1.84 GHz Twister ၊ Installed RAM – 2 GB ၊ Battery – 2750.0 mAh ဖြစ်ပါတယ်။ ရောင်းဈေးကတော့ ဒေါ်လာ 750 ၀န်းကျင်ရှိပါတယ်။
(၄) Huawei Nexus 6P
Huawei ကနေ ထုတ်လုပ်ထားတဲ့ Nexus 6P ကလည်း ဂိမ်းသမားတို့ စိတ်ကြိုက်ဖြစ်တယ်လို့ သိရပါတယ်။ မျက်နာပြင် – 5.7 လက်မ၊ Processor – Dual core – Quad-core 1.55 GHz Cortex-A53 & Quad-core 2.0 GHz Cortex-A57 ၊ Installed RAM – 3 GB ၊ Battery – 3450.0 mAh ဖြစ်ပါတယ်။ ရောင်းဈေးကတော့ ဒေါ်လာ 889 ၀န်းကျင်ရှိပါတယ်။
(၅) Motorola Moto X Play
ဒီတံဆိပ်ကတော့ နည်းနည်းစိမ်းနေပါလိမ့်မယ်။ Motorola Moto X Play ကလည်း ဂိမ်းသမားတွေ အ၀ယ်အများဆုံး စာ
ရင်းထဲမှာ ပါဝင်ပါတယ် ။ မျက်နာပြင် – 5.5 လက်မ၊ Processor – Quad-core 1.7 GHz Cortex-A53 & quad-core 1.0 GHz Cortex-A53 ၊ Installed RAM – 2 GB ၊ Battery – 3630.0 mAh ဖြစ်ပါတယ်။ ရောင်းဈေးကတော့ ဒေါ်လာ 450-500 ၀န်းကျင်ရှိပါတယ်။
နတ်စည်တော် (Shwemom)
source : reviewgist.com