သားသားမီးမီးတို့ ပညာရေးအတွက် ဖေဖေမေမေတို့ ငွေစုဆောင်းဖို့နည်းလမ်း (၅) သွယ်

MaunLife

ဖေဖေမေမေတို့ရေ – ၂၀၂၀ ခုနှစ်ကို ရှုပ်ထွေး၊ ရှည်လျားတဲ့နှစ်တစ်နှစ်လို့ပြောရင် မှားမယ်မထင်ပါဘူးနော်။

ဖေဖေမေမေတို့အများစုက COVID-19 စဖြစ်ကတည်းက ပြောင်းလဲလာတဲ့အခြေအနေတွေပေါ်မူတည်ပြီး ဆောင်ရွက်ရတဲ့တာဝန်ဝတ္တရားတွေကို အဆင်ပြေအောင် ပြောင်းလဲစီမံခဲ့ကြရပါတယ်။ ရုံးအလုပ်တွေကို အိမ်မှာလုပ်ရင်း၊ ကျောင်းမသွားရတဲ့သားသမီးတွေ ပညာရေးမလွတ်ရလေအောင် သင်ကြားမှုပုံစံအသစ်တွေကို လမ်းကြောင်းပေးရတယ်။ Lock down ကာလမှာ နေ့စဉ်စားသုံးဖို့ လိုအပ်တဲ့မီးဖိုချောင်ပစ္စည်းတွေကို အချိန်မီဝယ်ယူဖြည့်ဆည်းပေးရင်း တစ်ဖက်မှာလည်း အသက်ကြီးပြီဖြစ်တဲ့ မိဘတွေအတွက် နေရေးထိုင်ရေးအဆင်ပြေအောင်လည်း စီစဉ်ပေးရပါသေးတယ်။ ဒီလိုပဲအားလုံးက သင်ယူရင်းနဲ့အကောင်းဆုံးစီမံကြရပါတယ်။

ကပ်ဘေးရဲ့သက်ဆိုးက မြန်မာနိုင်ငံမှာ အခုဆို ၁၀ လ လောက်တောင်ကြာခဲ့ပြီမို့ ဖေဖေမေမေတို့ လည်းစိတ်ရောကိုယ်ပါ အားအင်ကုန်ခန်းနေလောက်ပါပြီ။ ဒါပေမယ့်လည်း ဘယ်လောက်ပဲ ပင်ပန်းနေပါစေ မိဘတစ်ဦးအနေနဲ့ သားသမီးပညာရေးကောင်းစားဖို့က နံပါတ်တစ် ဦးစားပေးစာရင်းထဲပါဝင်နေတုန်းပါပဲ။ မျက်မှောက်ခေတ်ကာလမှာ ကလေးတစ်ယောက်ရဲ့ပညာရေးစရိတ်ကလည်း အရမ်းမြင့်တက်နေတာဖြစ်လို့ မိဘတိုင်းစိုးရိမ်ကြတာဟာ မထူးဆန်းပါဘူး။ သို့ပေမယ့်လည်း ဒီလိုကာလကြီးမှာတောင် အဆိုးထဲက အကောင်းလို့ ဆိုရမယ့် အရာလေးတွေ ရှိခဲ့ပါတယ်။ အဲ့ဒါကတော့ သားသားမီးမီးတို့နဲ့ပိုပြီးနွေးထွေးတဲ့အချိန်တွေကို ပိုင်ဆိုင်လာရခြင်းပါပဲ။ ၂၄ နာရီ ၇ ရက်ပတ်လုံး သားသားမီးမီးတို့နဲ့ပိုထိတွေ့ခွင့်ရပြီး သူတို့ရဲ့သင်ယူနိုင်စွမ်းတွေ၊ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးလာတာတွေကို အနီးကပ်လေ့လာနိုင်ခဲ့ပါတယ်။ အချိန်ဟာတန်ဖိုးရှိပါတယ်။ သားသားမီးမီးတို့ရဲ့ ကြီးထွားမှုတွေလည်း တစ်ရက်ထက် တစ်ရက် ပိုပြီးမြန်လာပါတယ်။ ဒီတော့ သားသားမီးမီးတို့အတွက် မျှော်မှန်းထားတဲ့အနာဂတ်အတွက် လိုအပ်တဲ့ငွေကြေးအစီအမံတို့ကို ပြန်ပြီးချမှတ်ရေးဆွဲဖို့ အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။

Manulife

ဘယ်လိုအခြေအနေမျိုးမှာမဆို  သားသားမီးမီးတို့အတွက် အောင်မြင်တဲ့အနာဂတ်ကိုပြင်ဆင်ပေးနိုင်ဖို့ အကောင်းဆုံးနည်းလမ်းတွေထဲကတစ်ခုကတော့ သူတို့ရဲ့ပညာရေးစရိတ်အတွက် စုဆောင်းပေးခြင်းပါပဲ။ ဒါပေမယ့် အခုလိုကိုဗစ်ကာလမှာ ဘယ်လိုမျိုးစုဆောင်းကြမလဲဆိုတာအတွက် အထောက်အကူဖြစ်မယ့် နည်းလမ်း ၅ ခုပေးလိုက်မယ်နော်။

၁။ အရေးပေါ်ကိစ္စအတွက်အမြဲတွေးထားပါ – စောစောအစပြုနိုင်ရင် များများပိုစုဆောင်းနိုင်ပြီး ပိုပြီးစိတ်အေးနိုင်ပါလိမ့်မယ်။ ငွေကြေးစုဆောင်းတဲ့နေရာမှာ ကိုယ်စုဆောင်းထားတဲ့ ငွေအတွက် စိတ်ချလုံခြုံမှု ရှိဖို့ လိုသလို အနာဂတ်မှာ ကိုယ်မမြင်ရတဲ့ လိုအပ်ချက်တွေအတွက် အကာအကွယ်ပေးနိုင်ဖို့ လုံလောက်တဲ့ ပမာဏ ရှိနေဖို့လည်း လိုပါတယ်။ အရေးကိစ္စကြုံလာတဲ့အခါ ငွေကြေးကို ကိုယ်က ဘယ်လိုစီမံမယ်ဆိုတာမျိုး အတွက်  ငွေကြေးဆိုင်ရာ ကျွမ်းကျင်တဲ့အကြံပေးပုဂ္ဂိုလ်တွေနဲ့ဆွေးနွေးတာမျိုးလုပ်သင့်ပါတယ်။ ငွေကြေးကိုဘယ်လိုမျိုး စုသင့်သလဲဆိုတာကိုလည်း အမြဲမပြတ် လေ့လာသင်ယူနေသင့်သလို  မှန်ကန်တဲ့ သတင်းအချက်အလက်တွေရရှိနေဖို့လည်း အရေးကြီးပါတယ်။

READ
လေ့ကျင့်ခန်းလုပ်ပြီးနောက် ရှောင်ကျဉ်ရမယ့်အရာများ

၂။ သေးသေးလေးကစလို့ နိုင်သလောက်စုပါ – ကပ်ဘေးကြောင့်အသုံးစရိတ်တွေကိုပြန်ပြီး ခွဲတမ်းချဖို့လိုအပ်နိုင်ပါတယ်။ ဒါပေမယ့် သားသားမီးမီးတို့အနာဂတ်အတွက် စုဆောင်းနိုင်ပါ့မလားဆိုပြီး မစိုးရိမ်ပါနဲ့။ အသေးအမွှားလေးကစပါ။ မိသားစုဝင်အရေအတွက်၊ ကိုယ့်ရဲ့ဝင်ငွေနဲ့ သားသားမီးမီးတို့ရဲ့အသက်အရွယ်ပေါ်မူတည်ပြီး စုဆောင်းငွေကိုချိန်ဆပါ။ ဘာဖြစ်လို့လဲဆိုတော့ ကပ်ဘေးအချိန်ကစပြီး သားသားမီးမီးတို့အရွယ်ရလာတာနဲ့အမျှ သူတို့ရဲ့လိုအပ်ချက်တွေလည်း ပြောင်းလဲလာတော့မှာပါ။

၃။ အသုံးစရိတ်ကိုသတိပြုပါ – အခုလိုအချိန်မှာ ဘာမဆိုဖြစ်နိုင်တာကြောင့် ငွေကြေးအားဖြင့်အဆင်သင့်ဖြစ်နေဖို့ပြင်ဆင်ထားရပါမယ်။ တချို့သော အသုံးစရိတ်တွေကိုသတိပြုပြီး မလိုတဲ့အရာတွေမှာ လျော့ချသုံးစွဲတယ့်အကျင့်ကို စတင်သင့်ပါတယ်။

၎။ ရည်မှန်းချက်ထားပါ – တိုးတက်လာမယ့် ကာလယန္တရားပေါ်မူတည်ပြီး  လိုက်ပါပြောင်းလဲနိုင်ဖို့ ကြိုတင်ပြင်ဆင်ပါ – အရေးကြီးတာတွေထဲကတစ်ခုကို ပြပါဆို ကိုယ့်သားသမီးလေးတွေအတွက် ပညာသင်ဖို့ ကျောင်းကို စဉ်းစားတဲ့အခါ ပြည်တွင်းမှာထားမှာလား၊ ပြည်ပကိုလွှတ်မှာလား။ သူသဘောကျတဲ့ ဘာသာရပ် ကဘာတွေဖြစ်မလဲ။ ဒါတွေအပေါ်မူတည်ပြီး စရိတ်စကတွေလည်း ပြောင်းလဲနိုင်ပါတယ်။ သားသားမီးမီးတို့ကြီးလာတာနဲ့အမျှ ဖြစ်ချင်တာတွေလည်းပြောင်းလဲလာနိုင်ပါတယ်။ အချိန်နဲ့အမျှ သတိပြုရင်း ဖြစ်ချင်တဲ့ရည်မှန်းချက်အတွက် လိုအပ်တဲ့ပမာဏကိုချန်ထားနိုင်မှာပါ။ ကျောင်းစရိတ်နဲ့ တက္ကသိုလ် ကုန်ကျစရိတ်တွေက နှစ်စဉ်နဲ့အမျှမြင့်မားလာတာဖြစ်လို့ ရည်မှန်းချက်ပန်းတိုင်ထားရှိဖို့ အရေးကြီးပါတယ်။

Manulife

၅။ ကာကွယ်မှုရယူထားပါ – ဒီလိုအချိန်ဟာ ငွေကြေးအကာအကွယ်ရယူထားဖို့နဲ့ ကြိုတင်မမြင်နိုင်တဲ့အရာတွေအတွက် ပြင်ဆင်ထားဖို့ အကောင်းဆုံးဥပမာပြစရာအချိန်ဖြစ်သလို ဒီအချိန်ကို သာဓကယူပြီး နောင်လာမယ့်အချိန်တွေအတွက် ကြိုပြင်ဆင်ထားဖို့ လိုပါတယ်။ သားသားမီးမီးတို့ရဲ့ပညာရေးဟာ အဖိုးထိုက်တန်ပြီး ကာကွယ်ပေးသင့်တဲ့အရာဖြစ်ပါတယ်။ အခုအချိန်မှာ ဖေဖေမေမေတွေတော်တော်များများက ကျန်းမာရေးအာမခံမှာ ရင်းနှီးမြှုပ်နှံထားကြဖို့ ပြင်ဆင်လာကြပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ပညာရေးအသက်အာမခံအစီအစဉ်တွေရှိနေပြီဆိုတာရော သိထားကြပြီလား။ ဖေဖေမေမေတို့က သားသားမီးမီးတို့ရဲ့ပညာရေးမှာ မိမိတို့ရဲ့အချိန်၊ ငွေကြေးနဲ့ ခွန်အားတွေကိုအပြည့်အဝပုံအောကြတယ်ဆိုတာ သိပါတယ်။ ပညာရေးအသက်အာမခံနဲ့ဆိုရင် ကိုယ်မျှော်လင့်ပုံဖော်ထားတဲ့ သားသားမီးမီးတို့အတွက် အနာဂတ်ကို စိတ်ချလက်ချထောက်ပံ့ပေးသွားနိုင်မှာပါ။

READ
ပြီးပြည့်စုံတဲ့ မိသားစုဘ၀တစ်ခု ပိုင်ဆိုင်နိုင်ဖို့ အရေးကြီးတဲ့အချက် (၅)ချက်

သားသားမီးမီးတို့ဟာ အနာဂတ်ရဲ့ခေါင်းဆောင်တွေဖြစ်လို့ အခုလိုအချိန်မှာ သူတို့ရဲ့ပညာရေးအတွက် ရင်းနှီးမြှုပ်နှံမှုဟာ မဖြစ်မနေလုပ်ဆောင်သင့်တဲ့အရာပါ။ သားသားမီးမီးရဲ့အိပ်မက်တွေအမှန်တကယ်ဖြစ်လာဖို့ ပြင်ဆင်ပေးခြင်းဟာ သူတို့ရဲ့အနာဂတ်အတွက် ထောက်ပံ့ပေးခြင်းသက်သက်မဟုတ်ဘဲ ကိုယ့်ဘဝအတွက်လည်း အကြီးမားဆုံးနဲ့ စိန်ခေါ်မှုအရှိဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုကို ပြုလုပ်ခြင်းပါပဲ။ ကိုယ့်ရဲ့အနာဂတ်နဲ့အတူ သူတို့ရဲ့အနာဂတ်တွေဟာလည်း ကာကွယ်ပေးဖို့ထိုက်တန်ပါတယ်။ လက်ရှိမှာ ရသလောက်အချိန်လေးကို သားသားမီးမီးတို့နဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းရင်း ဘေးကင်းစွာနေကြပါနော်။

နှစ်ပေါင်း ၁၃၀ ကျော်သက်တမ်းရှိတဲ့ Manulife အာမခံကုမ္ပဏီက မြန်မာမိသားစုတွေအတွက် ယုံကြည် စိတ်ချရတဲ့ လက်တွဲဖော်ဖြစ်ပါတယ်။ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ အသင့်လျော်ဆုံး အာမခံအမျိုးအစား၊ ရယူနိုင်မယ့်အာမခံတွေနဲ့ အာမခံသဘောတရားတွေကို ကောင်းကောင်းနားလည်နိုင်ဖို့ Manulife ရဲ့ ကျွမ်းကျင် တဲ့ အာမခံကိုယ်စားလှယ်များနှင့်အာမခံ အကြံပေးပုဂ္ဂိုလ် များက သေချာရှင်းပြပေးမှာပါ။

Manulife ကို မြန်မာနိုင်ငံမှာ ၁၉၀၃ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး ပထမဆုံး ပေါ်လစီကို ရောင်းချခဲ့ခြင်းနဲ့အတူ ရှည်လျားတဲ့သမိုင်းကြောင်း ရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ကိုယ်စားလှယ်ရုံးကို ဖွင့်လှစ်ပြီး မြန်မာ့ဈေးကွက်ထဲပြန်လည်ဝင်ရောက်ခဲ့ချိန်ကစလို့ Manulife က မြန်မာနိုင်ငံရှိ တည်ဆဲအာမခံလုပ်ငန်းဥပဒေစည်းမျဉ်းစည်းကမ်းတွေနှင့်အညီလိုက်နာဆောင်ရွက်ပြီး၊ လုပ်ငန်းရှင်တွေနဲ့ အမြဲတမ်း လက်တွဲဆောင်ရွက်ခဲ့ပြီး ဆန်းသစ်တဲ့ အာမခံအမျိုးအစားတွေကို ဘယ်လိုဖန်တီးအသုံးချရမလဲ ဆိုတဲ့ အကြံဉာဏ်ကောင်းတွေ အမြဲတမ်းပေးခဲ့ပါတယ်။ ဒီလိုနဲ့ Manulife က မြန်မာနိုင်ငံရဲ့ အာမခံလုပ်ငန်းရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်လာစေဖို့ ဆက်ပြီးကူညီထောက်ပံ့ပေးနေပါတယ်။

Manulife အနေနဲ့ ဘယ်လိုငွေကြေးအစီအစဉ်ကောင်းတွေနဲ့ ကူညီပေးမလဲဆိုတာသိချင်တယ်ဆိုရင်တော့

ဖုန်း – +၉၅ ၉ ၇၆၅၄၆၇၁၀၀

အီးမေးလ် – [email protected] နှင့်

Manulife Myanmar Facebook page တို့ကနေတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

 

Sponsored by Manulife

SHARE