ဖိလစ်ပိုင်နိုင်ငံက အသက် (၅၂) နှစ်အရွယ် ကာလစ်တိုရိုမန်နီလိုစ်အမည်ရတဲ့ ဒရိုင်ဘာတစ်ဦးဟာ သူ့ရဲ့ထူးခြားလှပတဲ့ အနုပညာလက်ရာတွေကြောင့် ဆိုရှယ်မီဒီယာပေါ်မှာတော့ အာရုံစိုက်ခံနေရပါတယ်။ ကာလစ်တိုဟာ အသေးစိတ်တဲ့ လက်မှုပစ္စည်းတွေကို ဖန်တီးဖို့အတွက် အလူမီနီယမ်ဝါယာကြိုးတွေကို အသုံးပြုခဲ့တာ ဖြစ်ကြောင်း elitereaders သတင်းအရ သိရပါတယ်။

ဒါကတော့ ဖေ့စ်ဘုတ်ပေါ်မှာ ပြန့်နှံ့နေတဲ့ ရိုမန်နီလိုစ်ရဲ့ အနုပညာလက်ရာတွေပါပဲ။

အခုဆို ခရစ္စမတ်ကာလရောက်လာတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် လက်ဆောင်ပစ္စည်းပေးဖို့ ရွေးချယ်စဉ်းစားနေကြရာမှာ ရိုမန်နီလိုစ်ရဲ့အရုပ်လေးတွေကတော့ ထင်ရှားနေတာ ဖြစ်ပါတယ်။

သူဟာ တက္ကစီမောင်းသူတစ်ဦးအဖြစ် အသက်မွေးနေခဲ့တာ (၁၀) နှစ်နီးပါး ရှိနေပါပြီ။

အိမ်ထောင်ကွဲထားပြီး သမီးကလေးတစ်ယောက်ရှိပါတယ်။

စစချင်းမှာတော့ ဒီမော်တော်ဆိုင်ကယ်လေးကို (၆) လအချိန်ယူပြီး လုပ်ခဲ့ရပါတယ်။

ဒါပေမယ့် အခုအခါမှာတော့ ကျွမ်းကျင်သွားတဲ့အတွက် ပစ္စည်းတစ်ခုလုပ်ရင် တစ်ပတ်ပဲ ကြာပါတော့တယ်။

အစပိုင်းတော့ ဒီပစ္စည်းလေးတွေကို ရောင်းဖို့ မရွယ်ထားပေမယ့် သူငယ်ချင်းတွေရဲ့ တိုက်တွန်းမှုနဲ့ အွန်လိုင်းပေါ်ရောင်းဖြစ်ခဲ့ပါတယ်။ ရိုမန်နီလိုစ်ဟာ သူ့ရဲ့အလုပ်နဲ့ ပတ်သက်လို့ အရမ်းဂုဏ်ယူသူတစ်ဦးပါ။ လှပပြီး အသေးစိတ်တဲ့ ဒီဇိုင်းလေးတစ်ခုကို ဖန်တီးဖို့ နာရီပေါင်းများစွာ အချိန်ယူခဲ့တာပါ။ သူ့ရဲ့ လက်ရာလေးတွေကို ဒေါ်လာ(၃၀) ၀န်းကျင်ကနေ (၁၃၅) ဒေါ်လာအထိ ၀ယ်ယူရရှိနိုင်တယ်လို့လည်း သိရပါတယ်။
လင်းလင်း (ShweMom)