(၇)ရက်သားသမီးတို့အတွက် ယခုတစ်ပတ်စာ ဟောစာတမ်း

(၇)ရက်သားသမီးတို့အတွက် ယခုတစ်ပတ်စာ ဟောစာတမ်းလေး ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ ယခုတစ်ပတ် တနင်္ဂနွေနေ့မှ စနေနေ့ ပြီးဆုံးသည်အထိ (၇)ရက်သားသမီးတွေရဲ့ ကံကြမ္မာအဆိုးအကောင်းတွေကို ဖော်ပြထားပါတယ်။ ဆက်လက်ရှုစားကြည့်ပါဦး။

#တနင်္ဂနွေ

ယခုတစ်ပတ်မှာတော့ တနင်္ဂနွေသားသမီးတွေ လုပ်ငန်းကိုင်ငန်း အဆင်ပြေပြီး၊ လုပ်ငန်းအသစ်တွေ စီးပွားရေးလုပ်ငန်းအသစ်တွေ တိုးချဲ့လုပ်ကိုင်သင့်တဲ့ အချိန်ပါ။ စိတ်ပိုင်းဆိုင်ရာ ထွေးပြားမှုတွေလည်း ရှိနိုင်ပြီး၊ ထင်မှတ်မထားတဲ့ ခရီးစဉ်တွေ ထွက်ရဖို့ရှိကာ ပျော်ရွှင်ရပါလိမ့်မယ်။ အရောင်းအဝယ်၊ စပ်တူရှယ်ယာလုပ်ငန်းတွေ အကျိုးပေးနိုင်ပါတယ်။ အကျိုးပေးဂဏန်း 3-5။ အကျိုးပေးအရောင်- အဖြူ၊ အပြာဖျော့ဖျော့၊ အညို။

#တနင်္လာ

တနင်္လာသားသမီးတွေကတော့ ရပ်ဝေးနိုင်ငံခြားမှာ အလုပ်လုပ်တဲ့သူတွေ အမိမြေကို ပြန်လာနိုင်ဖို့ရှိပါတယ်။ ငွေကံကောင်းနတဲ့ အချိန်ဖြစ်ပြီး၊ မျက်လုံး၊ နား ကျန်းမာရေး ဂရုစိုက်သင့်တဲ့အချိန်ပါ။ ကုန်ရောင်းကုန်ဝယ်သမားတွေ ခေတ္တခေါင်းရှုပ်ရမယ့် အချိန်ဖြစ်ပြီး၊ မကြာခင် ပြေလည်သွားမှာပါ။ တစ်ပါးသူရဲ့ အချစ်ရေးပြဿနာကြားမှာ ယောင်လည်လည် ဖြစ်နေတတ်ပါတယ်။ ချစ်သူနဲ့ နားလည်မှုတွေ တိုးမယ့် ရက်သတ္တပတ်ပါ။ အကျိုးပေးဂဏန်း 3-6။ အကျိုးပေး အရောင် ကြက်သွေး၊ အဝါဖျော့ဖျော့၊ အနက်။

READ
ကုံရာသီဖွား (Aquarius) များအတွက် 2017 ဇွန်လ အထွေထွေ ဟောစာတမ်း

#အင်္ဂါ

အင်္ဂါသားသမီးတွေကတော့ သာမန်နေမကောင်းဖျားနာ ဂရုစိုက်ရမယ့် ကာလပါ။ လုပ်ငန်းကိုင်ငန်း အဆင်ပြေမှာဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ အလုပ်ဝန်၊ မိသားစုဝန်တွေကြောင့် ဖိအားတွေ များနေနိုင်ပါတယ်။ ငယ်ပေါင်းငယ်ကျွမ်းတွေနဲ့ ပြန်လည်ဆုံတွေ့ရဖို့ရှိပါတယ်။ ချစ်သူရဲ့ စိတ်ဆိုးစိတ်ကောက် ပြေမယ့်ကာလပါ။ လုပ်ငန်းတွေထဲမှာ လွန်နေတဲ့ ငွေတွေနဲ့ အမြတ်အစွန်းတွေ ပြန်ပေါ်နိုင်ပါတယ်။ အကျိုးပေး ဂဏန်း (2-7)၊ အကျိုးပေးအရောင် အစိမ်း၊ အပြာ၊ မိုးပြာ။

#ဗုဒ္ဓဟူး/ရာဟု

ဗုဒ္ဓဟူး/ရာဟုသားသမီးတွေကတော့ ငွေဝင်ကြမ်းသလောက် ငွေထွက်ကြမ်းနေမယ့် ရက်သတ္တပတ်ပါ။ အပေါင်းအသင်းတွေနဲ့ အလည်အပတ် အပျော်အပါးတွေကို ခေတ္တရှောင်ကြဉ်သင့်ပါတယ်။ မျက်ခုံး ဦးခေါင်းတို့ကို ဂရုစိုက်ပါ။ မိမိအောင်မြင်နေတာကို မနာလိုမရှုစိမ့်နေသူတွေရဲ့ အပုပ်ချတိုက်ခိုက်ခံရခြင်း ရှိလာနိုင်ပါတယ်။ လုပ်ငန်းကိုင်ငန်းတွေ ဆက်တိုက်အဆင်ပြေဖို့ရှိပြီး၊ ချစ်သူနဲ့ သဘောထား အနည်းငယ်လွဲမယ့် ရက်သတ္တပတ်ပါဘဲ။ အကျိုးပေးဂဏန်း (1-6-8)၊ အကျိုးပေ အရောင် အနီ၊ အစိမ်း၊ ငှက်ပျောစိမ်း။

#ကြာသပတေး

ပြည်ပမှာအလုပ်အကိုင် သွားရောက်လုပ်ကိုင်နေကြတဲ့သူတွေ ငွေကံ အထူးကျိုးပေးမယ့် အချိန်ပါဘဲ။ ဆွေးမျိုးတစ်ဦးဦးရဲ့ ကျန်းမာရေး စိုးရိမ်ရဖို့ရှိပြီး၊ ပြည်တွင်းမှာတော့ စီးပွားရေးမှာ အစုရှယ်ယာလုပ်ငန်းတွေ ဆင်ခြင်ရမယ့် အချိန်ပါ။ ရင်းနီးမြှုပ်နှံထားတဲ့ လုပ်ငန်းတွေ အောင်မြင်နိုင်ပြီး၊ ရောင်းဝယ်ရေးလည်း အထူးအဆင်ပြေပါမယ်။ အကျိုးပေး ဂဏန်း (1-3)၊ အကျိုးပေး အရောင်- အပြာ၊ အဖြူ၊ ပန်းရောင်။

READ
သိဟ်ရာသီဖွားတွေရဲ့ ဇူလိုင်လ ဟောစတမ်း

#သောကြာ

သောကြာသားသမီးတွေ ထင်မှတ်မထားဘဲ ငွေဝင်ကိန်း ရှိပါတယ်။ ရွှေရတနာလည်း ဝင်ကိန်းရှိပြီး၊ လုပ်ငန်းကိုင်ငန်းတွေလည်း အဆင်ပြေနိုင်ပါတယ်။ သူတစ်ပါးအိမ်ထောင်ရေးကိစ္စကို မစူးစမ်းဘဲ သွားရောက်မကူညီသင့်။ အထင်လွဲခံရနိုင်ပါတယ်။ ကျန်းမာရေးကောင်းမွန်ပြီး၊ လုပ်ငန်းကြီးလုပ်ကိုင်သူတွေ ဘေးပယောဂနဲ့ ရင်းနီးမြှုပ်နှံမှုအမှားတွေ ကြုံရနိုင်ပါတယ်။ သတိထားဆင်ခြင်ပါ။ အကျိုးပေးဂဏန်း (2-4-6) အကျိုးပေးအရောင်- ရေညှိစိမ်း၊ အပြာပုပ်ပုပ်၊ အဖြူ။

#စနေ

မိသားစု လုပ်ငန်းကိုင်ငန်းတွေ ဆက်တိုင်အဆင်ပြေမယ်၊ ငွေအဝင်ကြမ်းနိုင်ပြီး၊ ရောင်းမှားဝယ်မှား စာချုပ်စာတမ်း လက်မှတ်ထိုးမှားတာတွေ ရှိနိုင်လို့ သတိထားဆင်ခြင်ရပါမယ်။ ရင်းနီးမြှုပ်နှံမှုနဲ့ အနုပညာလုပ်ငန်း လုပ်ကိုင်သူတွေ အဆင်ပြေနိုင်ပြီး၊ ရေထွက်လုပ်ငန်းသမားတွေ လက်မထောင်ရမယ့် ရက်သတ္တပတ်ဖြစ်ပါတယ်။ ကိုယ်လက်ကိုက်ခဲနာကျင်ခြင်း၊ မျက်စိနာခြင်းစတဲ့ ရောဂါအသေးအမွှားလေးတွေ ဂရုစိုက်ရပါမယ်။ အကျိုးပေးဂဏန်း (4-5-7)။ အကျိုးပေးအရောင် ပန်းရောင်၊ နနွင်းရင့်ရင့်၊ အပြာဖျော့ဖျော့။

နတ်စည်တော် (Shwemom)

source : Internet

SHARE