
လက်ရှိ နာမည်ကြီးနေတဲ့ ဂိမ်းတစ်ခုဖြစ်တဲ့ Among Us ဂိမ်းကိုတော့ တော်တော်များများ ဆော့ဖူးကြမယ်လို့ ထင်ပါတယ်။ မဆော့ရသေးရင်တော့ ဆော့ကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ ဒီဂိမ်းဟာ မသိတဲ့ လူတွေနဲ့ ဆော့ရတာထက် ကိုယ့်သူငယ်ချင်းတွေပဲ စုဆော့ရင် ပိုပြီးပျော်ဖို့ကောင်းတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဆော့နေရင်းနဲ့လည်း တောက်လျှောက်ရယ်နေရပြီး Imposter ဘယ်သူလဲဆိုတာကို ဖော်ရတာလည်း တစ်ကယ့်ကိုမှ ပျော်ဖို့ကောင်းပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ Shwemom ပရိသတ်ကြီးကို Among Us ဂိမ်းနဲ့ပတ်သတ်ပြီး လူတော်တော်များများ မသိကြသေးတဲ့ အချက် ၇ ချက်ကို အဓိကထားပြီး ပြောပြပေးသွားချင်ပါတယ်။
View this post on Instagram
၁။ Among Us ဂိမ်းဟာ ၂၀၁၈ ခုနှစ်ကတည်းကစ ထွက်ခဲ့တဲ့ ဂိမ်းတစ်ခုပါ
ဒီဂိမ်းဟာ ၂၀၁၈ ခုနှစ်ကတည်းက Innersloth က ထုတ်လုပ်ခဲ့တဲ့ ဂိမ်းတစ်ခုပါ။ Among Us ဂိမ်းမှာ အနည်းဆုံး player 4 ယောက်မှ ၁၀ ယောက်အထိ ပါဝင်ကစားနိုင်တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမာ့် စစထွက်ချင်းမှာ လူစိတ်ဝင်စားမှု တော်တော်လေးကို နည်းခဲ့တာပါ။
၂။ Among Us စထွက်ထွက်ချင်းမှာ Download လုပ်သူ ၁၀၀၀ အောက်သာ ရှိခဲ့တာပါ
Among Us ဂိမ်းစပေါ်ကာစ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ၂ နှစ်ကာလအချိန်အတွင်းမှာ ဆော့ကစားသူ သိပ်မရှိတဲ့အပြင် Download လုပ်သူဟာ လူဦးရေ ၁၀၀၀ အောက်သာ ရှိခဲ့တာ ဖြစ်ပါတယ်။ အဓိကအကြောင်းကတော့ Among us ဂိမ်းရဲ့ပုံစံဟာ Werewolf ဂိမ်းနဲ့ ဆင်တူဖြစ်နေတာကြောင့် လူစိတ်ဝင်စားမှု သိပ်မရခဲ့ပါဘူး။
View this post on Instagram
၃။ Among Us ဂိမ်းကို Developer ၃ ယောက်ကသာ တီထွင်ခဲ့တာ ဖြစ်ပါတယ်
Among Us ဂိမ်းကို Innersloth လို့ အမည်ရတဲ့ ဂိမ်းကုမ္ပဏီတစ်ခုက ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကုမ္ပဏီမှ Forest Willard, Amy Liu နဲ့ Marcus Bromande လို့ အမည်ရတဲ့ Developer ၃ ယောက်က တီထွင်ခဲ့တာပါ။ သူတို့ထဲကမှ Marcus ကတော့ Puffballs United အဖြစ် နာမည်ကြီးတဲ့ ဂိမ်း developer တစ်ယောက်ဖြစ်ပြီး Henry Stickmon series ကို တီထွင်ခဲ့တဲ့ creator တစ်ဦး ဖြစ်ပါတယ်။
၎။ Among Us ဂိမ်းဟာ ၂၀၂၀ ခုနှစ်မှ နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်
Among Us ဂိမ်းကို ၂၀၂၀ ခုနှစ် အစပိုင်းလောက်မှာ နာမည်ကျော် Twitch streamer တွေဖြစ်တဲ့ Sodapoppin နဲ့ Pewdiepie တို့နှစ်ဦးက စတင်ကစားပြခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ ပရိသတ်တွေအပြင် နှစ်ဦးပေါင်းရင် follower ၄ သန်းကျော် ရှိတာကြောင့် ၂၀၂၀ ခုနှစ် အစပိုင်းမှာတင် Among Us ဂိမ်းဟာ တစ်ရှိန်ထိုးနာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။
၅။ ဒီ ၂၀၂၀ ခုနှစ်တည်းမှာတင် Among Us ဂိမ်းကို download လုပ်သူ ၈၅ သန်းကျော်ရှိလာခဲ့ပါတယ်
၂၀၁၈ ခုနှစ် Among Us ဂိမ်းစပေါ်ကာစမှာ ဒီဂိမ်းကို Download လုပ်သူဦးရေဟာ ၁၀၀၀ အောက်သာ ရှိနေခဲ့တာကြောင့် Innersloth ဂိမ်းကုမ္ပဏီက အရှုံးပေါ်ပြီလို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၀ ခုနှစ်တည်းမှာတင် သူတို့ မျှော်မှန်းထားတဲ့ အခြေအနေတစ်ခုအထက် ၆၆၁ ရာခိုင်နှုန်းကျော် အောင်မြင်ခဲ့ပြီး အချိန်ခဏလေးအတွင်းမှာ Download လုပ်သူဦးရေ ၈၅ သန်းအထိ ရှိလာခဲ့ပါတယ်။
View this post on Instagram
၆။ Among Us ဂိမ်းဟာ Tiktok နဲ့ ဆိုရှယ်မီဒီယာ Memes တွေမှာပါ နာမည်ကြီးလာခဲ့ပါတယ်
Among Us ဂိမ်းဆော့သူတွေဟာ သူတို့ Crewmate ကျတဲ့ အချိန်တွေ၊ Imposter ကျတဲ့ အချိန်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမှားတွေကို ဗီဒီယိုရိုက်ပြီး Tiktoks တွေမှာ တင်လေ့ရှိကြပါတယ်။ အဲဒီနောက်မှာတော့ Among Us ဂိမ်းနဲ့ ပတ်သတ်တဲ့ Memes တွေလည်း ဆိုရှယ်မီဒီယာတွေမှာ တော်တော်လေးကို ခေတ်စားလာခဲ့ပါတယ်။
၇။ Among Us ဂိမ်းကို PC မှာ ၅ ဒေါ်လာလောက်နဲ့ download ဆွဲပြီးဆော့နိုင်ပါတယ်
Among Us ဂိမ်းကို တော်တော်များများက Mobile phone နဲ့ ဆော့ကစားလေ့ ရှိတာကြောင့် အဆိုပါဂိမ်းကို Google play နဲ့ App Store တွေမှာ အခမဲ့ download ဆွဲပြီး ဆော့ကစားနိုင်ပါတယ်။ ဒါပေမယ့် PC မှာ ကစားချင်တယ်ဆိုရင်တော့ Steam အကောင့်မှာ ၅ ဒေါ်လာနဲ့ ပေးပြီး download လုပ်ကာ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။
View this post on Instagram
Pyi Hein Kyaw