ကင်ဆာဖြစ်ပွားစေနှုန်း အများဆုံးအစားအစာများ

သင့်ကျန်းမာရေးအတွက် မကောင်းမှန်းသိသိကြီးနဲ့ စားနေမိတဲ့အစားအစာမျိုး ရှိပါသလား။ တစ်ချို့အစားအစာတွေဟာ သင့်ရဲ့ကျန်းမာရေးကို ထိခိုက်စေပြီး ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေကိုပဲ ပေးပါတယ်။ လူတွေဟာ ကိုယ်နှစ်သက်တဲ့အစားအစာ တစ်ခုခုဟာ ကိုယ့်ကို ဆိုးကျိုးတွေပဲပေးမယ်ဆိုတာ သိသိကြီးနဲ့ စားသောက်လေ့ရှိပါတယ်။ ဒီအရာတွေကြောင့် တစ်ချိန်ချိန် ရောဂါဝေဒနာကို ခံစားရတဲ့အခါ ကိုယ်ပဲ ထိခိုက်နစ်နာရပါတယ်။ အခုဖော်ပြပေးမယ့် အစားအစာတွေကတော့ သင်ကြိုက်လို့စားသည်ဖြစ်စေ၊ ဘယ်လိုအကြောင်းမျိုးကြောင့်ပဲ စားစား ကင်ဆာဖြစ်ပွားစေနှုန်း အများဆုံး အစားအစာတွေပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီအစားအသောက်တွေကို ရှောင်ရှားဖို့နဲ့ လျှော့စားဖို့လည်း တိုက်တွန်းလိုက်ပါရစေနော်။

(၁) ဆိုဒါ

ဆိုဒါဟာ ကင်ဆာဖြစ်ပွားစေနှုန်းအမြင့်ဆုံးထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဆိုဒါတွေဟာ သူ့ရဲ့အမျိုးအစားအလိုက် အမျိုးမျိုးသော ကင်ဆာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ အက်စစ်ဓာတ်များစွာပါဝင်တဲ့ ဆိုဒါတွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ကင်ဆာဖြစ်ပွားစေနိုင်ပါတယ်။

READ
ကမ္ဘာ့အဆိပ်အပြင်းဆုံးမှို(၁၀)မျိုး

(၂) အာလူးကြော်

အာလူးကြော်ထဲမှာ ပါဝင်တဲ့ ဓာတ်တစ်မျိုးဟာ စီးကရက်ထဲမှာ တွေ့ရတဲ့ဓာတ်နဲ့ အတူတူဖြစ်နေတာကို တွေ့ရပါတယ်။ နောက်ပြီးတော့ အာလူးကြော်ထဲမှာပါဝင်တဲ့အဆီနဲ့ ဆိုဒီယမ်တွေဟာ ကင်ဆာဖြစ်ပွားစေနိုင်ပါတယ်။

(၃) အသင့်စားအသားများ

Meat Delicacies, Ham, Sausage, Salami, Hot dogs, Small sausages

အသင့်စားအသားတွေဖြစ်တဲ့ Hot dog, Bacon နဲ့ အသားပြားတွေဟာ ဓာတုပစ္စည်းပါဝင်မှုများပြားလှတာကြောင့် ကင်ဆာဖြစ်ပွားမှုနှုန်း အရမ်းမြင့်မားပါတယ်။

(၄) စည်သွပ်ဗူးများ

ခရမ်းချဉ်သီးပါဝင်တဲ့အစားအစာ စည်သွပ်ဗူးတွေဟာ အက်စစ်ဓာတ်ပါဝင်မှု မြင့်မားလွန်းတဲ့အပြင် ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းကို မြင့်တက်စေပါတယ်။

(၅) ပြောင်းဖူးပေါက်ပေါက်

ရိုးရိုးပြောင်းဖူးပေါက်ပေါက်ဟာ ကိစ္စမရှိပေမယ့် သူ့ကိုထုပ်ပိုးထားတဲ့ အိတ်မှာ ပြဿနာရှိနေတာပါ။ ပြောင်းဖူးပေါက်ပေါက်တွေကို ထည့်တဲ့အိတ်မှာ ဓာတုပစ္စည်းတစ်မျိုးပါဝင်ပြီး အဲဒီ့ဓာတုပစ္စည်းက မျိုးမအောင်ခြင်း၊ အသည်း၊ ဆီးအိမ်၊ ကျောက်ကပ်နဲ့ ယောက်ျားလိင်အင်္ဂါဆိုင်ရာ ရောဂါတွေကို ဖြစ်ပွားစေပါတယ်။

READ
ကလေးတစ်ယောက်၏ စားသောက်မှုပုံစံနှင့်သင်ယူမှုစွမ်းရည်ဆက်စပ်မှု

(၆) French Fried

ဒီလိုအာလူးကြော်မျိုးလည်း သင့်အတွက်မကောင်းပါဘူး။ သူ့မှာပါဝင်တဲ့ အဆီနဲ့ ဆားတွေဟာ သင့်ရဲ့ သွေးဖိအားကို မြင့်တက်စေပြီး အဝလွန်ရောဂါဖြစ်ပွားစေနိုင်ပါတယ်။ နောက်ပြီး ဓာတုပစ္စည်းတွေလည်းပါဝင်တာကြောင့် ကင်ဆာဖြစ်ပွားစေနိုင်ပါတယ်။

(၇) သကြားမဟုတ်တဲ့အချို

ဒီအမှုန့်တွေဟာ သကြားတော့မဟုတ်ပေမယ့် သကြားလိုချိုပြီး ဝိတ်လျှော့နေတဲ့သူတွေ အဓိက စားသုံးတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီအချိုပစ္စည်းဟာ ခန္ဓာကိုယ်ထဲမှာ DXP လို့ခေါ်တဲ့ အဆိပ်တစ်မျိုးကိုဖြစ်ပေါ်စေပြီး ဦးနှောက်ကင်ဆာ ဖြစ်ပွားစေနိုင်ပါတယ်။

Em Em

SHARE