Singleတွေရဲ့ အားသာချက်များ

အဖော်မမှီး၊ တစ်ကိုယ်တည်း၊ အပျိုကြီးလုပ်နေတဲ့ မမ-တွေနဲ့၊ မ-ဆိုရင် လက်မတောင် မကြည့်ချင်လို့ အေးအေးဆေးဆေး
တစ်ကိုယ်ရေတည်း ကွေးချင်တဲ့ ကိုကို တို့အတွက် Single ဖြစ်ရခြင်းရဲ့ ဂုဏ်ယူစရာ ပျော်ရွှင်စရာအချက်တွေကို ဖော်ပြ
လိုက်ပါတယ်။ Single ဖြစ်တာဟာ ဘာမှအားငယ်စရာမရှိပါဘူး။ ဘာလို့လည်း ဆိုတော့ အောက်ပါအချက်တွေကြောင့်ပါ။

1. လူမှုရေးကို အာရုံစိုက်နိုင်တယ်။

ဟုတ်ပါတယ်။ သူတို့တစ်တွေ တစ်ဦးနဲ့တစ်ဦး ဗိုက်ခေါက် ဆွဲလိမ်၊ လိုချင်တာမရလို့ ခြေစောင့်နေရတဲ့ အချိန်မှာ ကိုယ်တို့
တစ်တွေက လူမှုရေးတွေကို အာရုံစိုက်နိုင်တယ်၊ မိတ်ဆွေအပေါင်းအသင်းတွေကို ယုံယုံကြည်ကြည်နဲ့ ပေါင်းသင်းနိုင်
တယ်။ လူတစ်ယောက်နဲ့ ခင်မိတိုင်း ငါ့ကောင်မလေး/ ငါ့ဘဲ ကိုများ ဖြတ်ခုတ်သွားမလား သံသယတွေ ထားစရာမလို
တော့ ဖိအားကင်းတယ်၊ လူမှုရေးလုပ်ငန်းတွေလုပ်တော့ ကုသိုလ်ရတယ်။ မနာလိုစိတ်တွေနည်းတယ်။ သံသယစိတ်တွေ
နည်းတယ်။ စိတ်ဖိစီးမှုနည်းတယ်။

2. လွတ်လပ်မှုရဲ့အရသာ

လွတ်လပ်ရေးရဲ့ အရသာကို သူ့ကျွန်အဖြစ်ကျရောက်ဖူးမှ ပိုပြီး သိသာပါတယ်တဲ့။ လူတိုင်း အချစ်နဲ့ မကင်းကြပါဘူး။
သင်ရော ကျွန်တော်ရော ချစ်ခဲ့ကြပါတယ်။ ဟော အခု အဲဒီအချစ်နဲ့ဝေးတဲ့ သီးသန့်နယ်မြေမှာ ကျွန်တော်တို့တစ်တွေ
လွတ်လပ်စွာ ရှင်သန်ရပ်တည်နေကြပြီလေ … ဘယ်တော့မှ သူ့ကျွန်မခံဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ပေါ့။

3. မိသားစုဝင်တွေကို ဂရုစိုက်နိုင်တယ်

ဒါလည်း သိပ်မှန်ပါတယ်။ အတွဲရှိတဲ့သူတွေကတော့ အိမ်တောင် ကပ်ရတဲ့အခါ ရှိချင်မှ ရှိမှာ။ ချစ်သူ စိတ်မကောက်ဖို့
အရေး မျက်နှာချိုသွေးရင်း နေပူစပ်ခါး လျှောက်သွားနေရတာ သိပ်ကို ညည်းငွေ့စရာ ကောင်းတယ်လေ။ ဆိုတော့
အိမ်မှာ တီဗွီလေး ကြည့်လိုက်၊ မိသားစုနဲ့ ထမင်းလက်စုံလေး စားလိုက်၊ ထွေရာလေးပါး လုပ်လိုက်၊ အိမ်ဝေယျဝစ္စ
လေး ကူလုပ်လိုက်နဲ့  ကြည်းနူးစရာပါ။

READ
Panic Buying ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုး (၅)မျိုး

4. ကိုယ့်ကိုယ်ကို ချစ်ရတဲ့အရသာ

လူတွေရဲ့ ပင်မ အတ္တဖြစ်တဲ့ ကိုယ့်ကိုယ်ကို ချစ်ရတဲ့ အရသာဟာ ဘာနဲ့မှမတူပါဘူး။ တစ်ယောက်ကို တစ်ယောက် ချစ်
တယ်ဆိုတာကလည်း ကိုယ့်ကိုယ်ကို ချစ်တာလောက်တော့ ဘယ်ပိုနိုင်ပါ့မလဲ။ ဒါကို အစစ်ထင်ပြီး သာယာနေတဲ့သူတွေ
လည်း ရှိတယ်လေ။ ပြောကြသေးတယ်။ “အသက်ထက်ကို ပိုချစ်ပါတယ်ကွာ ”တဲ့။ ရယ်စရာ အတော်ကောင်းတယ်နော်။
ကိုယ်တို့လို တစ်ကိုယ်ရေသမားတွေအတွက်ကတော့ ကိုယ့်ကိုယ်ကို တရားဝင် ချစ်လို့ရတယ်။

5. သွားချင်တဲ့ခရီးကို ကောက်ခါငင်ကာ သွားနိုင်တယ်။

တစ်ချို့ အိမ်မပိုင်ဘဲ ဂေါ်လီလုပ်တဲ့သူတွေ ရှိသေးတယ်။ အပေါင်းရယ်အသင်းရယ် စုံလို့ ချောင်းသာကို မိန်းမမသိအောင်
ခိုးလိုက်မိတယ်။ လမ်းတဝက်ရောက်မှ မိန်းမက လှမ်းခေါ်လို့ … အဟမ်းအဟမ်း အော်ပြီး ရန်ကုန် ပြန်ခေါက်ပြေးရတဲ့သူ
တွေ ရှိသေးသဗျ …။ ဟော ကျွန်တော်တို့ကကျတော့ ဘယ်ခရီးပဲဖြစ်ဖြစ် နေ့ချင်း ညချင်း ကောက်သွားနိုင်တယ်ဗျာ။
ဘယ်လောက် ပေါ့ပါးလက်ဆက်လိုက်တဲ့ ဘ၀လဲ … ကဲ ပြော။

READ
သင့်ကိုပိုမိုဆွဲဆောင်မှုရှိနေစေမည့် အသေးအဖွဲအပြုအမူလေးများ

6. ကိုယ်ကြိုက်ရာကို လုပ်နိုင်တယ်။

သင် စာရေးတာကို ၀ါသနာပါလား။ သင် ဂစ်တာတီးတာကို ၀ါသနာပါသလား။ သင် စိတ်ကြိုက်လုပ်လို့ရတယ်။ နှစ်ယောက်
တစ်ဘ၀ တည်ထောင်လိုသူများကတော့ စာရေးတာ ၀ါသနာပါပေမယ့် မယားမျက်နှာငယ်မှာစိုးလို့ မတက်ချင်တဲ့ ရုံးကို
ရှုံ့မဲ့ပြီး တက်ရတယ်၊ မမောင်းချင်တဲ့ ကား မောင်းနေရတယ်၊ မသွားချင်တဲ့ နိုင်ငံခြား သွားနေရတယ် … ဘာများ ပျော်စရာ
ကောင်းသလဲ …။

7. သင့်ကို ချုပ်ချယ်မည့်သူ မရှိ။

အထက်ပါ အချက်အလတ်တွေ ကြည့်ချင်းအားဖြင့်လည်း သင်ဟာ ဘယ်လောက် ဂုဏ်ယူစရာကောင်းစွာနဲ့ လွတ်လပ်နေ
သလဲဆိုတာ သင် တွေ့ရမှာပါ။ သင် ကြိုက်တာ စားနိုင်တယ်၊ သင် ၀တ်ချင်တာ ၀တ်နိုင်တယ်၊ သင် သုံးချင်ရာ သုံးနိုင်တယ်၊
သင် သွားလိုရာ သွားနိုင်တယ်။ သင့်ကို နေရာတကာ မျက်ထောင့်နီကြီးနဲ့ ဆရာလုပ်မယ့်သူ မရှိဘူး။ ဒီတော့ သင့်လောက်
ပျော်စရာ ကောင်းတဲ့သူ ဘယ်မှာ ရှိနိုင်တော့မလဲ … သင် စဉ်းစားသာ ကြည့်ပေတော့။

နတ်စည်တော် (Myanmar Online Media)

Myanmar Online Media

Ref: allowmen

SHARE