ချစ်သူကိုဘယ်လောက်ချစ်ကြောင်းပြသနိုင်မယ့် ရိုမန်းတစ်ဆန်တဲ့နည်းလမ်း(၇)ခု

သင့်ကို တကယ်ပြန်ချစ်တဲ့သူနှင့် သင် ချစ်မိနေတယ်ဆိုတာ အရမ်းကောင်းတဲ့ကိစ္စတစ်ခုပါ။ သူ့ကို သင် ဘယ်လောက် ချစ်ကြောင်း ပြချင်နေတယ်။ ပြီးတော့ သင့်အနားကနေ သူ့ကို တစ်သက်လုံး ထွက်မသွားစေချင်ဘူးဆိုရင် သင့်အချစ်ကို
အောက်တွင်ဖော်ပြထားတဲ့ နည်းတွေနှင့် သူ သိအောင် ပြသလိုက်ပါ။

(၁) သူ့အကြိုက်ဆုံးအစားအစာကို ချက်ပြုတ်ပြင်ဆင်ပေးပါ

လူတစ်ယောက်ရဲ့ နှလုံးသားက အစာအိမ်မှာ ရှိတယ်ဆိုတဲ့ စကားက အရမ်းမှန်ပါတယ်။ သူ့အကြိုက်ဆုံးအစားအစာကို ချက်ပြုတ်ပြင်ဆင်ပြီးတာက ရှင့်ကို တစ်သက်လုံးချစ်နေမယ်လို့ ပြောတာနဲ့ အတူတူပါပဲ။ သူ့အလုပ်တွေ အရမ်းပင်ပန်းပြီး ရုံးက ပြန်လာတဲ့အခါအချိန်မှာ သူ့အတွက် ညစာပြင်ထားပေးပါ။

(၂) သူနှင့် ပက်သက်ပြီး သင်သဘောကျတဲ့ အသေးအဖွဲကိစ္စလေးတွေကို သတိပေးပါ

ချစ်ပါတယ်ဆိုတဲ့စကားကို တစ်နေ့မှာ အကြိမ်ပေါင်းများစွာ ပြောဖို့က လွယ်ပါတယ်။ ဒါပေမဲ့ မျာျးများပြောလေ စကားရဲ့ အဓိပ္ပာယ်လေးနက်မှုက လျော့လာလေဖြစ်တတ်ပါတယ်။ သူ့ကို ချစ်နေတယ်လို့ ပြောမယ့်အစား သူနှင့် ပက်သက်ပြီး သင်ချစ်တဲ့အရာတွေကို စဉ်းစားပါ။ သူ့ရဲ့ ကြည့်ကောင်းတဲ့ အသွင်အပြင်၊ ရုပ်ရည်ကို အလေးပေးမယ့်အစား အသေးအဖွဲအရာလေးတွေကို သင် သဘောကျကြောင်း မကြာခဏ အသိပေးပါ။

READ
သင့် Crush က သင့်ကိုပြန်ကြိုက်နေသည့် လက္ခဏာများ

(၃) သင့်ကမ္ဘာနှင့် သူ့ကို မိတ်ဆက်ပေးပါ

သူ့ကို ချစ်ကြောင်း ပြသတဲ့ အကောင်းဆုံးနည်းလမ်းကတော့ သင့်ကမ္ဘာနှင့် သူ့ကို မိတ်ဆက်ပေးခြင်းပါပဲ။ သင့်ဝါသနာတွေကို သူ့ကို ပြောပြပြီး သူနှင့်အတူ လုပ်ပါ။ သင့်မိသားစု သူငယ်ချင်းတွေနှင့် မိတ်ဆက်ပေးပါ။ သူ့အိမ်မက်တွေ၊ မျှော်လင့်ချက်တွေအကြောင်း သူ့ကို ပြောပြပေးပါ။

(၄) သင့်အစီအစဉ်တွေကို ဖျက်ပါ

သူ့အလုပ်ပိတ်ရက်မှာ သင်နှင့်အတူ သူက ရှိချင်တယ်။ ဒါပေမယ့် သင့်မှာ သူငယ်ချင်းတွေနှင့် အပြင်သွားဖို့ ဈေးဝယ်ဖို့ အစီအစဉ်တွေ ရှိနေလို့ သင်က အချိန်မပေးနိုင်ဖြစ်နေမယ်။ အဲဒါဆို သူ စိတ်အနှောင့်အယှက်ဖြစ်ပြီး ၀မ်းနည်းသွားမှာပါ။ ဒါပေမဲ့ သင့်ကိုတော့ စိတ်မကောင်းဖြစ်သွားကြောင်း ပြောမှာ မဟုတ်ပါဘူး။ အဲဒါဆိုရင် သင့်အစီအစဉ်တွေကို ဖျက်ပြီး သူ့ကို အချိန်ပေးသင့်ပါတယ်။ သင့်အစီအစဉ်တွေကို ဖျက်လိုက်ခြင်းက သူ့ကို သင် ချစ်ကြောင်းပြသလိုက်တာပါ။

READ
သင့်အပေါ်ထားတဲ့ အချစ်တွေ ဘယ်တော့မှပြောင်းလဲသွားမှမဟုတ်တဲ့ ချစ်သူမျိုးဆိုတာ....

(၅) နားထောင်ပေးပါ

ရိုးရှင်းပြီး ထိရောက်တဲ့ နည်းလမ်းတစ်ခုက သူ စကားပြောတဲ့အခါ အာရုံစိုက်ပြီး နားထောင်ပေးပါ။ သူ့အလုပ်က အကြောင်းတွေ ပြောပြတဲ့အခါ အခြားလုပ်နေတဲ့အရာတွေကို ချထားပြီး သူပြောတာကို နားထောင်ပေးပါ။
ပြီးတော့ မေးခွန်းတွေ ပြန်မေးပြီး သူ့ကို သင် စိတ်ဝင်စားကြောင်းပြပါ။

(၆) သင့်ဖုန်းကို ပိတ်ထားပါ

ညနေခင်း သူနှင့်အတူ ရှိနေတဲ့အခါ သင့်ဖုန်းကိုချည်း ကြည့်ပြီး အလုပ်ရှုပ်နေတာဟာ သူ့ကို သင် မချစ်ဘူးလို့ ပြောတာနဲ့ အတူတူပါပဲ။ ဒါကြောင့် သူနှင့်အတူ ရှိတဲ့အခါ တတ်နိုင်သမျှ သင့်ဖုန်းကို ပိတ်ထားပါ။

(၇) သူ့ကို အံ့သြသင့်အောင် လုပ်ပါ

မိန်းကလေးတွေပဲ အံ့သြသင့်အောင် အလုပ်ခံရတာကို ကြိုက်တာမဟုတ်ပါဘူး။ ယောင်္ကျးလေးတွေလည်း သူတို့ကို အံသြသင့်အောင် လုပ်ပေးတာကို သဘောကျပါတယ်။ အကြောင်းတစ်ခုခုကြောင့် သူ စိတ်ဓာတ်ကျနေတဲ့အခါ သူ မမျှော်လင့်ထားတဲ့အရာတွေနှင့် အံ့သြသင့် ပျော်ရွှင်ရအောင် လုပ်ပေးပါ။

(Shwemom)

Ref: beautyandtips.com

SHARE