ကောလိပ်ဒီဂရီ လိုချင်တဲ့ဆန္ဒ ပြည့်ဝသွားပြီဖြစ်တဲ့ အသက်(၇၅)နှစ် အရွယ်အဖွားအို

ကိုယ်လိုချင်တာကို ကြိုးကြိုးစားစား လုပ်ကိုင်ဆောင်ရွက်တတ်သူတွေအတွက် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ ဒီအဆိုကို မကြာသေးခင်က တက္ကသိုလ်ကနေ ဘွဲ့ရယူထားတဲ့ အသက်(၇၅)နှစ်အ ဖွားအိုရဲ့အဖြစ်အပျက်က သက်သေခံနေပါတယ်။ အဖွားအိုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာက ဗီယက်နမ်စစ်ပွဲအတွင်းမှာ ပညာတစ်ပိုင်းတစ်စနဲ့ ဖြစ်ခဲ့ရပြီးနောက် အခုတဖန် သူမပညာရေးကို ပြန်လည်ကြိုးစားခဲ့ရတာ ဖြစ်ပါတယ်။

Source: KCBS

အဖွားအိုရဲ့အမည်က ဖူသရွန်း ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တခဲ့ရတဲ့ ကောလိပ်ဒီပလိုမာကို လက်ခံရယူဖို့ စတိတ်စင်ဆီကို လျောက်သွားခဲ့တဲ့ ဖူသရွန်းဟာ အဆုံးမှာတော့ သူမရဲ့မျှော်လင့်ချက်တွေ ပြည့်ဝခဲ့ရပါပြီ။ တကယ်တော့ ဖူသရွန်းက သူမရဲ့မွေးရပ်မြေ ဗီယက်နမ်နိုင်ငံမှာ အစောကြီးကတည်းက ဘွဲ့ရခဲ့ဖို့ပါ။ ဒါပေမယ့်လည်း ထိုအချိန်တုန်းက စစ်ဖြစ်နေတာကြောင့် ကျောင်းမပြီးခဲ့ပဲ ရှိခဲ့တာပါ။

Source: KCBS

ဗီယက်နမ်မှာ စစ်ဖြစ်တုန်းက ဖူသရွန်းဟာ နောက်ဆုံးနှစ် ကျောင်းစာမေးပွဲဖြေဆိုဖို့ စောင့်ဆိုင်းနေဆဲ ကာလဖြစ်ပြီး ကောလိပ်ကဘွဲ့ရခါနီး ဖြစ်နေပါပြီ။ ဒါပေမယ့် သမိုင်းရဲ့သွေးစွန်းတဲ့ စစ်ပွဲတွေကြောင့် သူမရဲ့အိပ်မက်ဟာ ပြိုကွဲခဲ့ရပြီး အလုပ်လုပ်ရဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဖူရွန်းက သူမတစ်ယောက်တည်း ၀မ်းစာအတွက် အလုပ်လုပ်ရတာ မဟုတ်ပဲ ညီအကိုမောင်နှမ (၇)ယောက်ကိုပါ စောင့်ရှောက်ရတာကြောင့် အခုလိုအချိန်တွေ ကြာမြင့်သွားခဲ့ရတာ ဖြစ်ပါတယ်။

READ
ကျူရှင်မတက်နိုင်တဲ့ ကောင်လေးကို ဂျူတီချိန်ပြီးတာနဲ့ စာအမြဲသင်ပေးနေတဲ့ ရဲအရာရှိ
Source: KCBS

စာရင်းကိုင်အနေနဲ့ ဗီယက်နမ်လျှပ်စစ်ကုမ္ပဏီမှာ (၃၂)နှစ်လုံးလုံး အလုပ်လုပ်ပြီးတဲ့အခါ (၂၀၀၇)ခုနှစ်မှာတော့ သူမကအမေရိကန်နိုင်ငံကို ရွှေ့ပြောင်းလာခဲ့ပါတယ်။ (၂၀၁၂)ခုနှစ်မှာ အမေရိကန်နိုင်ငံသားအဖြစ် လျောက်ထားရာမှာ အောင်မြင်ခဲ့ပါတယ်။ ထိုအချိန်ကျမှ ဖူသရွန်းက သူမရဲ့ငုပ်လျိုးနေတဲ့ ဆန္ဒတွေ အကောင်အထည်ဖော်ဖို့ အချိန်ရောက်ပြီလို့ ခံစားမိပြီး ကျောင်းပြန်တက်ကာ နောက်ဆုံးမှာ ဘွဲ့ရယူခဲ့တာဖြစ်ပါတယ်။

Source: KCBS

နှစ်ပေါင်းများစွာ ကျိုးကျိုးနွံနွံနဲ့ ပညာဆည်းပူးပြီးတဲ့အခါ ဖူသရွန်းဟာ နောက်ဆုံးမှာတော့ Cal State Long Beach ကနေ ဘွဲ့ရခဲ့ပါတယ်။ အသက်(၇၅) နှစ်အရွယ်အနေနဲ့ သူမဟာ အတန်းထဲမှာ အသက်အကြီးဆုံး ဘွဲ့ရရှိသူဖြစ်ပါတယ်။ သူမရဲ့ပြင်းထန်တဲ့ စိတ်ဓာတ်နဲ့ ရည်မှန်းချက်ဟာ သူမနဲ့အတန်းတူ ကျောင်းသားတွေအတွက် အများကြီးခွန်အား ဖြစ်စေခဲ့ပါတယ်။ ဖူသရွန်းဟာ ကိုယ်လိုချင်တဲ့ အိပ်မက်တွေ တကယ်ဖြစ်လာဖို့ ကြိုးစားရာမှာ ဘယ်တော့မှ နောက်မကျဘူးဆိုတာကို သက်သေပြလျက် ရှိနေပါတော့တယ်။

READ
ထောင်ကျနေပေမယ့် စာကြိုးစားပြီး ဒီပလိုမာဘွဲ့တွေရယူနိုင်ခဲ့တဲ့ အကျဉ်းသား(၇၈)ယောက်

လင်းလင်း (ShweMom)

Ref: Elitereaders

SHARE