ခရစ်စတီယာနို ရော်နယ်ဒိုရဲ့အကြောင်း လူသိနည်းတဲ့အချက်(၇) ချက်

ခရစ်စတီယာနို ရော်နယ်ဒိုဟာ ယနေ့ခေတ်ဘောလုံးလောကမှာ ကမ္ဘာ့အကောင်းဆုံးဘောလုံးကစားသမား တစ်ယောက်ဆိုတာ အားလုံးလက်ခံထားပြီးဖြစ်ပါတယ်။ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းသမိုင်းတလျောက် ဂိုးသွင်းအများဆုံးကာစားသမားအဖြစ် မှတ်တမ်းဝင်ထားပါတယ်။ ဒါ့အပြင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (၃) ကြိမ်တိုင်တိုင်ရရှိထားတဲ့ ရော်နယ်ဒိုရဲ့အကြောင်းကို လူတော်တော်များများကသိပြီး လူသိပ်မသိတဲ့ အကြောင်းအရာတွေလည်း ရှိနေပါတယ်။ အဲဒီအကြောင်းအရာတွေဟာ ဘာတွေလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်….

(၁)   မန်ယူမှာ နံပါတ် (၇) ဂျာစီကို ငြင်းဆိုခဲ့တယ်။

မန်ယူကိုစရောက်တော့ နည်းပြဖာဂူဆန်က ရော်နယ်ဒိုကို နံပါတ် (၇) ဂျာစီ ၀တ်ဆင်ဖို့ စတင်ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုဟာ မန်ယူမသင်းရဲ့ ဂန္တ၀င်ကစားသမားတွေ ၀တ်ဆင်ခဲ့တဲ့ နံပါတ် (၇) ဂျာစီကို ၀တ်ပြီး ဖိအားတွေခံစားရမှာစိုးတဲ့အတွက် ငြင်းဆန်ခဲ့ပြီး နံပါတ် (၂၈) ကိုပဲဝတ်ဆင်ချင်ပါတယ်လို့တောင်းဆိုခဲ့ပါတယ်။

 (၂)  C.Ronaldo ရဲ့ ငယ်နာမည်က  Cristiano Dos Santos Aveiro လို့ခေါ်တယ်။

ယနေ့အချိန်မှာ ကျွန်တော်တို့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးကစားသမား C.Ronaldo ရဲ့ ငယ်နာမည်က Cristiano Dos Santos Aveiro လို့ခေါ်ပါတယ်။ ဒီနာမည်ကို Ronaldo ရဲ့ဖခင်က သူလေးစားခဲ့ရတဲ့ အမေရိကန် သမ္မတဟောင်းတစ်ဦးဖြစ်တဲ့ Ronald Reagan ရဲ့ နာမည်ကိုအစွဲပြုပြီး ပေါ်တူဂီအခေါ်အဝေါ် Ronaldo ဟု အတိုကောက်ခေါ်ဆိုခဲ့ကြတာပဲဖြစ်ပါတယ်။

READ
အနီကတ်(၉)ကတ်ပြခဲ့ရတဲ့ ဘရားဇီဒေသတွင်းပြိုင်ပွဲနဲ့အတူ အားကစားသတင်းများ

(၃)    Sporting Lisbon မှ Man United ကိုမရောက်မီ ဘယ်အသင်းတွေဆီရောက်ဖို့ နီးစပ်ခဲ့ပါသလဲ။

Ronaldo ဟာ Sporting Lisbon မှ Man United ကိုမရောက်မီ Liverpool အသင်းနှင့် Arsenal တို့တွင် ခြေစွမ်းစမ်းသပ်ခံခဲ့ပြီး သတ်မှတ်ချက်နဲ့မကိုက်ညီလို့ဆိုပြီး လက်မှတ်ထိုးခေါ်ယူမှု မပြုလုပ်ခဲ့တာကြောင့် နောက်ဆုံးမှာတော့ မန်ယူနည်းပြ Sir Alex Ferguson က ခေါ်ယူခဲ့ပါတယ်။

(၄) ဘောလုံးကစားခြင်းကို စွန့်လွှတ်ရလုနီးပါးဖြစ်ခဲ့တယ်။

အသက် (၁၅)နှစ်အရွယ် Sporting Lisbon မှာကစားနေစဉ်အတွင်းမှာ နှလုံးခုန်မြန်လာပြီး ဆက်မပြေးနိုင်တော့ပဲ နေရာမှာပဲလဲကျနေချိန်တွင် ၀န်ထမ်းတစ်ဦးက ဆေးရုံသို့ပို့ဆောင်ခဲ့ရပါတယ်။ ဆေးရုံရောက်ချိန်မှာ ခွဲစိတ်ခန်းဝင်ခဲ့ရပြီး သူရဲ့ဘောလုံးသမားဘ၀ အဆုံးသတ်တော့မှာကို စိုးရိမ်ခဲ့ရပါတယ်။ ဒါပေမယ့် ခွဲစိတ်မှုအပြီး ရက်ပေါင်းအနည်းငယ် အနားယူပြီးချိန်မှာတော့ လေ့ကျင့်ရေးကွင်းကို တစ်ကျော်ပြန်လာနိုင်ခဲ့ပါတယ်။

READ
၁၄-၁-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

(၅) ဆေးလိပ်နဲ့ အရက်မသောက်တဲ့အပြင် Tattos မထိုးပါ။

C.Ronaldo က ဆေးလိပ်နဲ့ အရက်ကို လုံးဝ မသောက်ပါဘူးတဲ့အပြင် Tattoos လုံးဝမထိုးပါဘူးတဲ့။ ဘာလို့လဲဆိုတော့ သူဟာ Professional ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်ပါတဲ့။

(၆) ငယ်ငယ်တုန်းက လူဆိုးတစ်ယောက်ပါ။

C.Ronaldo ဟာ ငယ်ငယ်ကတည်းက ကျောင်းမှာ နာမည်ကျော်ကြားတဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။ ကောင်းတဲ့နေရာမှာတော့မဟုတ်ဘူး ။ ဆရာကိုတောင် ထိုင်ခုံနဲ့ပေါက်ခဲ့တာတဲ့နော်။

(၇) ကြင်နာတတ်တဲ့လူတစ်ယောက်

ရော်နယ်ဒိုဟာ ၂၀၁၂ ခုနှစ်မှာ သူမွေးဖွာရာဒေသဖြစ်တဲ့ madeira ကျွန်းက ကင်ဆာရောဂါဝေဒနာခံစားနေရတဲ့ကလေးငယ်တွေကို စောင့်ရှောက်ပေးတဲ့ Centre တစ်ခုကို £ 100,000 လှူဒါန်းခဲ့ပါတယ်။ Ronaldo ဟာ ‘Save the Children and The Mangrove Care Forum’ တို့ရဲ့ Brand ambassador တစ်ဦးလည်း ဖြစ်ပါတယ်။

သူ့ရဲ့ကစားသမားဘဝအကောင်းဆုံး ၁၀ဂိုးကိုတော့ အောက်ပါ ဗီဒီယိုလေးမှာကြည့်နို်င်ပါတယ်။

Myo Ko (Shwemom)

Source: therichest.com

 

SHARE