သီချင်းနားထောင်ခြင်း၏ အကျိုးကျေးဇူး(၈)ခု

ဂီတအနုပညာမှာ စီးဝင်ခံစားခြင်းဟာ လူ့တွေရဲ့ ဘ၀မှာတော့ အရေးပါလှပါတယ်။ တေးသီချင်း နားထောင်
ရတာကို မကြိုက်တဲ့သူရယ်လို့ မရှိနိုင်ပါဘူး။ ရှိကောင်းလည်း ရှိနိုင်ပါရဲ့။ ဒါမို့လည်း စကားရပ်ကလေးတစ်ခု
ပေါ်လာပေတာပဲ။ ဘာတဲ့ “နွားကို ဂစ်တာတီးပြသလို”ဆိုတာလေ။ ဒါပေမယ့် တိရစ္ဆာန်တွေကလည်း ဂီတကို
ခံစားတတ်တဲ့ အသည်းနှလုံးရှိတယ်လို့ ဆိုပါတယ်။ ဆွဇ်ဇာလန်က နွားမွေးခြံမှာ နွားတွေကို အိပ်ယာဝင်
သီချင်းဖွင့်ပြပေးခြင်းနဲ့ နို့အထွက်ကောင်းလာခဲ့တယ်လို့ သတင်းတစ်ပုဒ်မှာ ဖတ်ဖူးမှတ်ဖူးပါတယ်။အောက်
မှာတော့ သီချင်းနားထောင်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။
1. နာကျင်မှုတွေ လျှော့ချပေးတယ်။

ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေကို သီချင်းနားထောင်ခြင်းနဲ့ လျှော့ချပေးနိုင်
ပါတယ်။ မေ့ဆေးအခက်အခဲရှိတဲ့အခါမျိုးမှာတောင် လူနာကို သီချင်းဖွင့် အာရုံပြောင်းပြီး ခွဲစိတ်တာမျိုး
တွေတောင် ရှိတယ်လို့ သိရပါတယ်။

2. စိတ်ကိုပျော်ရွှင်စေတယ်။

အထူးသဖြင့် မြန်မာဂီတကို ခံစားတဲ့အခါ တစ်ခြားသူတွေတော့ မသိ၊ ကျွန်တော်ကတော့ ပျော်ပါတယ်။
ဥပမာအားဖြင့် သင်္ကြန်ကာလမတိုင်မီမှာ ဖွင့်ကြတဲ့ သင်္ကြန်အကြိုသီချင်းတွေဆီက တူးပို့တူးပို့သံကြားရင်
ဖြင့် ဘယ်သူတွေတားလို့မှ မနေနိုင်ပေါင် ဆိုင်းကြိုက်တဲ့မောင်-ဆိုတာလိုပဲ အလုပ်သွားနေရင်း တန်းလန်း
လွယ်အိတ်ကြီး ဘေးချပြီး က,ချင်စိတ်ကို ပေါ်တော့တာပဲ။ ရွာသာကြီးကို နေ့လည်စာစားရအောင် လာ
ဖိတ်နေမှာစိုးလို့ မက,တာပါ။

READ
သင်္ဘောသီး၏အသုံးဝင်ပုံနှင့်အကျိုးကျေးဇူးများ

3. စွမ်းဆောင်ရည်ကို မြင့်တက်စေတယ်။

လုပ်ငန်းပိုင်းစွမ်းဆောင်ရည်ကိုလည်း သီချင်းနားထောင်ခြင်းနဲ့ မြှင့်တင်ပေးနိုင်ပါတယ်။ ဟုတ်လည်း ဟုတ်
နိုင်ပါတယ်။ သီချင်းလေးနားထောင်ရင်း အလုပ်လုပ်ရတာ တစ်ခြားသူတွေက ပေးတဲ့ စိတ်မသက်သာစရာ
အနှောက်အယှက်အသံတွေ မကြားရတော့ အလုပ်ကို အာရုံစိုက်နိုင်တာပေါ့။

4. ဖိအားတွေကို လျှော့ချပေးပြီး ကျန်းမာရေးကို အထောက်အကူပြုတယ်။

သီချင်း နားထောင်တဲ့သူမှာ ခန္ဓာကိုယ်ကနေ ဖိအားကြောင့် ထွက်ပေါ်လာတဲ့ ဟိုမုန်းတွေကို လျှော့ချပေးပြီး
သွေးလည်ပတ်မှု၊ နှလုံးကျန်းမာရေးနဲ့ စိတ်ညစ်ညူးနေတာတွေကို ပြေပျောက်စေပါတယ်။ ဒါကြောင့် ကျန်း
မာရေးကို အထောက်အကူပြုတယ်လို့ ဆိုလို့ရပါတယ်။

5. အလွယ်တကူအိပ်ပျော်စေနိုင်တယ်။

အမေရိကန်မှာ အိပ်မပျော်တဲ့ရောဂါ ခံစားနေရတဲ့ လူ 30%ဟာ သီချင်းနားထောင်ခြင်းကြောင့် အလွယ်တကူ
အိပ်စက်နိုင်ကြပြီး အိပ်မပျော်တဲ့ရောဂါပင် ပျောက်ကင်းတယ်လို့ သုတေသနတွေက ဆိုကြပါတယ်။ ဒီအထဲ
မှာ အလွယ်တစ်ကူ အိပ်ပျော်စေနိုင်တဲ့ သီချင်းတွေကို ညွှန်းဆိုထားတာကတော့ ဂန္ထ၀င်သီချင်းတွေက ပိုပြီး
အိပ်ပျော်ခြင်းကို ကူညီတယ်လို့ ဆိုပါတယ်။

READ
အိမ်ထဲနေရင်း လူ့ခန္ဓာကိုယ်အရေပြားကို ယားယံစေနိုင်တဲ့ အကြောင်းရင်းများ

6. အစာစားချင်စိတ်ကို ထိန်းပေးတယ်။

ဒါကတော့ ကောင်မလေးတွေ အကြိုက်ဖြစ်မှာပါ။ တစ်ချို့က ၀,မှာကြောက်လို့ မနက်စာနဲ့ ညစာ ပေါင်ပြီးစား
တာမျိုးတွေ ရှိတယ်လေ။ (အဲဒီလိုလုပ်ဆောင်ခြင်းက ပိုဝစေတယ်လို့သိရပါတယ်။)။ ဒီတော့ သီချင်းနားထောင်
ခြင်းဟာ အစာစားချင်စိတ်ကို ထိန်းပေးပါတယ်။ ဘယ်လို ထိန်းပေးသလဲဆို ထမင်းဆာတဲ့အခါ သီချင်းတစ်ပုဒ်
နားထောင်လိုက်တာနဲ့ ဦးနှောက်ကနေ အစာစားချင်းတဲ့ ဟိုမုန်းတွေ ထုတ်လွှတ်မှုကို ဟန့်တားပေးတယ်လို့
ဆိုထားပါတယ်။

7. ကားမောင်းတဲ့အခါ ဘေးကင်းစေတယ်။

ဒါကတော့ ဟုတ်မဟုတ် မသိရဘူးဗျ။ စစ်တမ်းကတော့ အခိုင်အမာဆိုထားပါတယ်။ သီချင်းနားထောင်ရင်း
ကားမောင်းတဲ့အခါ အာရုံစူးစိုက်မှု အားကောင်းခြင်းနဲ့ ဆုံးဖြတ်ချက်တိကျမှုကို အထောက်အကူပြုတယ်လို့
သိရပါတယ်။

8. သင်ယူနိုင်မှုစွမ်းအားကို မြှင့်တင်ပေးတယ်။

သီချင်းနားထောင်မှုကြောင့် စိတ်ကို လက်ဆက်စေပြီး သင်ယူမှုတွေ လုပ်တဲ့အခါမှာလည်း စိတ်ကိုတက်ကြွ
စေပြီး သင်ယူနိုင်မှုစွမ်းအားကို မြှင့်တင်ပေးပါတယ်။

နတ်စည်တော် (Myanmar Online Media)

Myanmar Online Media

Source: lifehack

SHARE