အင်တာဗျူးမေးသူတွေ ရှောင်ရမယ့်မေးခွန်း(၈)ခု

အလုပ်ခွင်အင်တာဗျူးမှာ မဖြေရမယ့် အဖြေတွေရှိသလို၊ အင်တာဗျူးတဲ့သူတွေလည်း မမေးသင့်တဲ့ မေးခွန်းတွေရှိပါ
တယ်။ ဒါကြောင့် အလုပ်ခွင်မှာ interviewer လုပ်နေတဲ့ Shwemom ရဲ့ ပရိသတ်ကြီးများ ရှိနေခဲ့ရင် ဗဟုသုတအနေနဲ့ interviewer တွေ မမေးသင့်တဲ့ မေးခွန်း(၈)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Personal မေးခွန်းတွေ

အိမ်ထောင် ရှိ/မရှိကို CV ထဲမှာ ရေးသားထားပါလိမ့်မယ်။ ဒါကို interviewer က အိမ်ထောင်မကျသေးဘူးဆိုတော့ ဘယ်
အချိန် အိမ်ထောင်ပြူမယ် စိတ်ကူးထားသလဲ၊ မင်း နာရီ ဘယ်လောက် ပေးရလဲ၊ ချစ်သူရှိလား-စသဖြင့် ပုဂ္ဂိုလ်ရေး အရမ်း
ဆန်တဲ့ မေးခွန်းတွေ မမေးရပါ။

(၂) ပိုက်ဆံ ဘယ်လောက် လိုချင်လဲ

ဒီလုပ်ငန်းကို လာလျှောက်ပြီဆိုကတည်းက အနည်းဆုံးတော့ ဒီကနေ ပေးနေတဲ့ လစာအကြောင်းတွေကို သိထားလို့၊ သူ
နဲ့ ကိုက်ညီမယ်ထင်လို့ လာလျှောက်တာပါ။ နောက်ပြီး သူလိုချင်တဲ့ မျှော်မှန်းလစာကိုလည်း CV ထဲမှာ ရေးထားပါလိမ့်
မယ်။

READ
ဘ၀ရဲ့နောက်ဆုံးချိန်မရောက်ခင်မီလျံနာတစ်ယောက်ဖြစ်လိုလျှင်

(၃) ကျွန်တော်တို့ချင်း ဖုန်းပြောလို့ရမလား

ဒါမျိုးကို များသောအားဖြင့် အမျိုးသမီးလှလှလေးတွေ အပြောခံရလေ့ရှိပါ့လိမ့်မယ်။ ဒါက ဘောင်တစ်ခုကို ကျော်ပြီး မေးတာမျိုးမို့ သိက္ခာပိုင်းအရလည်း ထိခိုက်စေပါတယ်။

(၄) ငါတို့ကို ဘယ်လောက် အထောက်အကူ ပြုနိုင်မလဲ

ဒါကတော့ လုပ်ငန်းကို မခန့်ရသေးဘဲ ၀န်ထမ်းလောင်းတစ်ယောက်အပေါ်မှာ အရမ်းကြီး မျှော်လင့်လိုက်တာမျိုးလည်း
ဖြစ်နိုင်သလို လက်ရှိအမြင်အရ ဒီလူ ငါတို့အတွက် ဘာမှ လုပ်မပေးနိုင်ပါဘူးဆိုပြီး အထင်သေးတဲ့ သဘောနဲ့ မေးတာ
လည်း ဖြစ်နိုင်ကောင်းပါတယ်။

(၅) အလုပ်ချိန်ကို ဘယ်လောက် သတ်မှတ်သင့်သလဲ

လုပ်ငန်းတစ်ခု ကြီးကျယ်လေ တိကျတဲ့ သတ်မှတ်ချက်တွေ ရှိလေပါဘဲ။ ၀န်းထမ်းတစ်ယောက်ရဲ့ လုပ်ငန်းချိန်ကိုတောင်
တိတိကျကျ မရှိသေးတဲ့ လုပ်ငန်းတစ်ခုအဖြစ် လာလျှောက်တဲ့သူက မြင်သွာရင် roll ကျတာပေါ့။ ဒါမှမဟုတ် ၀န်ထမ်းတွေ
အပေါ်မှာ အလုပ်အချိန်တွေ အများကြီးနဲ့ ဖိအားတွေအများကြီးပေးတဲ့ လုပ်ငန်းလို့ မြင်သွားစေတာပေါ့။

READ
ဘယ်အချိန်မှာအလုပ်ထွက်မလဲ?

(၆) ဘယ်လောက်ကြာအောင် အလုပ်လုပ်နိုင်မလဲ

ဒီမေးခွန်းကကျတော့ အလုပ်မခန့်ခင် ချည်နှောင်ထားချင်တဲ့ သဘောတရားတွေ ပါပါတယ်။ နောက်ပြီး ပုဂ္ဂိုလ်ရေး မယုံ
ကြည်ရသူလို့လည်း တစ်ဖက်သားကို ခံစားရစေပါတယ်။

(၇) အဖမ်းခံရဖူးလား (ရာဇ၀တ်မှု ကျူးလွန်ဖူးလား)

ဒီမေးခွန်းကတော့ တစ်ဖက်သားကို သက်သက် သိက္ခာကျစေတဲ့ မေးခွန်းဖြစ်ပါတယ်။ ကိုယ့်စိတ်ထဲမှာ ရာဇ၀တ်မှုကျူး
လွန်သူလို့ သံသယရှိရင်တောင်၊ သို့မဟုတ် ကျူးလွန်ထားသည်ဟု ခိုင်လုံတဲ့သက်သေရှိနေရင်တောင် မမေးသင့်တဲ့ မေး
ခွန်းပါ။

(၈) လူမှုရေးအရှုပ်အရှင်း ကင်းရဲ့လား

အမေးခံရသူကို လူမှုရေး အရှုပ်အရှင်း မကင်းသူလို့ စွပ်စွဲတာနဲ့ အတူတူပါဘဲ။ ဒါကြောင့် ဒီမေးခွန်းလေးတွေကို အင်တာဗျူးသမားတွေ ရှောင်ရှားသင့်ပါတယ်။

နတ်စည်တော် (Shwemom)

shwemom post photo

source : jaburgwilk.com

SHARE