ရင်သားသေးသူများ၏ အားသာချက်(၈)ချက်

အမျိုးသမီးတွေရဲ့ ဆန့်ကျင်ဘက်ယောက်ျားတွေကို ဆွဲဆောင်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ ရင်သားဟာ
အဓိကနေရာကနေ ပါဝင်တယ်ဆိုတာ သေချာပါတယ်။ တစ်ချို့က အပေါ်ယံကြည့်ပြီး ရင်သားသေးရင် သားကောင်း
မိခင် မဖြစ်ဘူးဆိုပြီးလည်း အယူလွဲတွေရှိကြပါတယ်။ ရင်သားဟာ စွဲဆောင်မှုတစ်ခုဖြစ်ပေမယ့်လည်း ရင်သားကြီး
တာကမှ စွဲဆောင်မှုရှိတာတော့မဟုတ်ပါဘူး။ လူတိုင်းလူတိုင်းမှာ သူ့အလှအပနဲ့သူရှိကြပါတယ်။ ရင်သားကြီးမှ
မိန်းကလေး တစ်ယောက် စွဲဆောင်မှုရှိတာ မဟုတ်ပါဘူး။ ယောင်္ကျားကောင်းတွေက ဘယ်တော့မှ ရင်သားကြည့်
ပြီး မိန်းမမယူပါဘူး။ ဒီတော့ သင့်ရဲ့ရင်သားသေးနေရင်လည်း အားမငယ်ပါနဲ့။ေ အာက်မှာတော့ ရင်သားသေးတဲ့
မိန်းကလေးတွေရဲ့အားသာချက်ကို ဖော်ပြပေးလိုက်ပါတယ်။
1. ဘရာမ၀တ်ပဲလည်း နေနိုင်ခြင်း။

သိပ်သိသာလွန်းမှာဆိုးရင်တော့ sport bra လို ပေါ့ပေါ့ပါးပါး ဟာမျိုး ၀တ်ထားလည်း ကိစ္စမရှိဘူး။ သို့မဟုတ်
လည်ပင်းလောက်အထိ အင်္ကျီခပ်ပွပွလိုဟာမျိုး ၀တ်ထားရင်လည်း အဆင်ပြေတယ်။

2. Bra တွေကနေ ရလာတဲ့ ဒဏ်ရာတွေက ကင်းဝေးနိုင်တယ်ခြင်း

ဘရာဝတ်ပါများလာရင် အဲဒီ ဘရာရဲ့ တင်းကျပ်တဲ့ချည်နှောင်ခံရမှုကြောင့် ရင်သားမှာ အနာပေါက်တာ၊ နောက်
ကျောမှာ ရုပ်ဆိုးတဲ့ အမာရွတ်ကြီးပေါ်ပြီး မလုံမလဲဖြစ်တာ၊ တစ်ချို့က အရမ်းကြီးလွန်းလို့ အရမ်းတင်းကျပ်တာ
တွေကို ၀တ်ပြီး နဂို Size ထက် သေးငယ်ဟန်ရှိပုံပေါ်အောင် ဟန်ဆောင်တာတွေရှိတတ်တယ်။ ရင်သားကျန်း
မာရေးမှာ အဲဒီ အမျိုးသမီးတွေအတွက် ကောင်းကျိုးမရှိနိုင်ပါဘူး။ အခုလို သေးငယ်တဲ့ ရင်သားပိုင်ရှင်တွေက
တော့ အဲဒီဒဏ်ကနေ လွတ်ကင်းပါတယ်။

READ
စာသင်ရခက်တဲ့ချို့ယွင်းချက်ကို ကျော်လွှားပြီး လျှမ်းလျှမ်းတောက် အောင်မြင်လာခဲ့တဲ့ အမျိုးသမီးများ

3. ကြယ်သီး/ဇစ်ပြုတ်မှာ မကြောက်ရခြင်း

တစ်ခါတလေ ခန္ဓာကိုယ်ရဲ့ဖွံ့ထွားမှုကို Braက ကြာရှည်မဖုံးဖိနိုင်တဲ့အခါ လူကြားသူကြားထဲမှာ Bra က ဇစ်/ကြယ်
သီး ပြုတ်ထွက်လို့ ဒုက္ခရောက်တဲ့ အမျိုးသမီးတွေ ခဏခဏ တွေ့နေရပါတယ်။ သေးကွေးသူများကတော့ ဒီ ဒုက္ခ
မှ ကင်းဝေးနိုင်လို့ လူကြားသူကြားထဲမှာ ပိုပြီး သက်သောင့်သက်သာ ပိုရှိပါတယ်။

4. အိနြေ္ဒပိုရခြင်း

ဒီလို ပြောတာက အကြောင်းပြချက်ရှိပါတယ်။ ဥပမာ အရေးနဲ့ အကြောင်းနဲ့ဆိုရင် ပြေးချင်ရင်တောင် လွတ်လွတ်
လပ်လပ် ပြေးနိုင်ပါတယ်။ သာမာန်ထက် အရွယ်အစားကြီးမားသူတွေကတော့ ပြေးတဲ့အခါ လှုပ်လီလှုပ်လဲ့ဖြစ်
တာကြောင့် ထိန်းသိမ်းရတာတွေ ရှိသလို၊ ပုရိသတွေရဲ့ မျက်လုံးနဲ့ ပြစ်မှားခြင်းကလည်း ကင်းဝေးနိုင်ပါတယ်။
ဒါကြောင့် အိနြေ္ဒပိုရတယ်လို့ ပြောရတာပါ။

5. လိင်ကိစ္စကိုဇောင်းပေးတဲ့ ငနဲကြီးတွေရန်က လွတ်ကင်းခြင်း

ဒါကတော့ သိတဲ့အတိုင်းပဲ အမျိုးသမီးတစ်ယောက်ကို တောင့်သလား၊ ဖြောင့်သလား၊ ဟိုဒင်းကြီးသလား၊
ဟိုဝှါကြီးသလားဆိုပြီး လိုက်လံစူစမ်းနေတဲ့ ငနဲကြီးတွေဟာ သာမန်ယောက်ျားတွေထက် လိင်ကိစ္စကို ပိုပြီးဇောင်း
ပေးတဲ့သူတွေလို့ အကြမ်းဖျဉ်း သတ်မှတ်လို့ရပါတယ်။ အခု သင်ရဲ့ ရင်သားဟာ သေးကွေးတယ်ဆိုရင် တကယ့်
အချစ်စစ်အချစ်မှန်နဲ့ ချစ်တဲ့သူကို တွေ့ရဖို့ ရာခိုင်နှုန်းပိုများပါတယ်။

READ
ခန္ဓာကိုယ်ပြည့်ဖြိုးတဲ့အမျိုးသမီးတွေအတွက် ပိန်သွယ်သယောင်ထင်ရစေမယ့်ဖက်ရှင်များ

6. လိင်ပိုင်းဆိုင်ရာအနှောက်အယှက်မှ ကင်းဝေးနိုင်ခြင်း

ဒါကလည်း ယေဘုယျတဲ့အချက်ပဲဖြစ်ပါတယ်။ စောစောကလို ငနဲတွေသာ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ကျူး
လွန်ကြတာပါ။ ဒီတော့ သူတို့ရဲ့ မျက်စိကျခြင်းမခံရဘူးဆိုရင် သူတို့ရဲ့အနှောက်အယှက်က ကင်းဝေးဖို့ သင်္ချာနည်း
အရ သေချာပါတယ်။

7. ငယ်ရွယ်တယ်လို့ထင်ရခြင်း

သေးငယ်တဲ့ ရင်သားပိုင်ရှင်တွေဟာ လက်ရှိအသက်ထက် (10)နှစ်လောက် ငယ်ရွယ်တယ်လို့ ထင်ရပါတယ်တဲ့။
ဒါလည်း ဖြစ်နိုင်ချေရှိပါတယ်။ ဘာကြောင့်ဆို တစ်ချို့ဆို ပုံပျက်ပန်းပျက် တွဲလောင်းကျနေလို့ သားသည်အမေလား
ထင်ခံရသူတွေလည်း အများကြီးပါ။ ဒါကြောင့် မိမိရဲ့ ရင်သား သူများထက် သေးငယ်ဟန်ရှိနေလို့လည်း သိပ် မစိုး
ရိမ်ပါနဲ့ သင်ဟာ လက်ရှိအသက်ထက် အော်တိုမက်တစ် (10)နှစ်ငယ်ပြီးသားလို့ မှတ်လိုက်ပါ။

8. ရင်သားကင်ဆာဖြစ်နိုင်ခြေနည်းခြင်း

သင်ရင်သားသေးတာကို  ကျေးဇူးတင်လိုက်ပါ။ Dr. Weiss ဆိုတဲ့ ရင်သားဆိုင်ရာ အထူးပြုပြောတာကတော့ ရင်
သားသေးသူတွေမှာ ကင်ဆာနဲ့ပက်သက်တဲ့ လက္ခဏာမျိုးရှိရင် ရောဂါမပြင်းခင် တွေ့ရှိဖို့ အရမ်းလွယ်ပါတယ်တဲ့။
ဘာလို့လည်း ဆိုတော့ ရင်သားသေးသူတွေမှာ အလွှာအနည်းငယ်ပဲပါဝင်တာကြောင့် တစ်ခုခု ထူးခြားတာဖြစ်ရင်
သူတို့ဘာသာ အလွယ်တကူသိနိုင်လို့ပါ လို့ဆိုပါတယ်။

မဒီလေး (shwemom)

Source: yourtango

SHARE