Singleအမျိုးအစား(8)မျိုး (သင်ရောဘယ်အမျိုးအစားထဲမှာပါလဲ?)

Single ဆိုတာ ရှက်စရာမဟုတ်ပါဘူး။ ဒါပေမယ့် Single ထဲမှာ အမျိုးအစားတွေ များစွာရှိနေပါတယ်။ သင်ရော
ဘယ်လိုSingle အမျိုးအစားပါလဲ။ အောက်မှာတော့ Single အမျိုးအစား 12 မျိုးကိုဖော်ပြပေးလိုက်ပါတယ်။

(၁) စိတ်ကူးယဉ်ဆန်လွန်းသူ

ဒီအမျိုးအစားကတော့ ရည်းစားကို The Notebook ထဲကလိုရည်းစားမျိုး ဖြစ်ချင်သူပါ။ အရမ်းကို ကဗျာဆန်ပြီး
စိတ်ကူးယဉ်ဆန်တဲ့ အချစ်မျိုးကို ရှာဖွေနေသူပါ။ အဲ့ဒိလို ကဗျာဆန်နိုင်မယ့် ချစ်သူကို စောင့်နေတတ်ကြပါတယ်။
ကြိုက်နှစ်သက်တဲ့သူ မတွေ့သေးလို့ စောင့်နေတာဟာ ဘာမှ မဖြစ်ပေမယ့် အဲ့ဒိလို ချစ်သူမျိုးကို စောင့်နေရင်
တော့ ထီထိုးနေသလိုပါပဲ။ The Notebook ထဲက မင်းသား Ryan Goslingလောက် အပြင်ကဘယ်ယောင်္ကျား
လေးမှ ကဗျာမဆန်ကြပါဘူး။ ရှိကောင်း၇ှိမယ် အတော့်တော်လေးကို ရှားမယ်။ ထီသိန်း တစ်ထောင်ဆုပေါက်
အောင် ထိုးနေသလိုပါပဲ။

(၂) ဇီဇာကြောင်သူ

သင်ဟာ တစ်ခါမှ ရည်းစားမထားဖူးလို့  ဇီဇာကြောင်တာလည်း ဖြစ်နိုင်ပါတယ်။ တစ်ချို့ကျတော့လည်း ရည်းစား
ထားဖူးလို့  ခဲမှန်ဖူးတဲ့ စာသူငယ်လို ဇီဇာကြောင်နေတတ်တာပါ။ သင့်ကိုကပ်လာတဲ့ ယောင်္ကျားလေးတိုင်းကို
အဆိုးမြင်ဝါဒက စပြီးကြည့်ပါလိမ့်မယ်။ ပြီးမှ ပြန်ပြီး အမှတ်ပေးမယ်ဆိုတဲ့ ပုံစံမျိုး သုံးပါလိမ့်မယ်။ နောက်တစ်
ကြိမ် အသဲကွဲတာ မခံချင်တဲ့ အတွက် အခြားသူတွေထက်ကိုပိုပြီး ဇီဇာကြောင်နေပါလိမ့်မယ်။ ယောင်္ကျားလေး
တွေကတော့ များသောအားဖြင့် သင့်ပေါ်ကောင်းမွန်အောင် ကြိုးစားပြီးပဲ သင့်ကိုပိုင်ဆိုင်ခွင့်ရအောင် ကြိုးစား
ပါလိမ့်မယ်။ ဒီတော့ သင်ရဲ့ဇီဇာကြောင့်မှုကြီးက သင့်အတွက် တကယ်သင့်တော်တဲ့သူနဲ့တွေ့ဖို့ကို ကူညီပေးမှာ
မဟုတ်ပါဘူး။

(၃) ရွေးချယ်လွန်းသူ

သင်ဟာ ရုပ်ချောသူ၊သို့မဟုတ် ချမ်းသာသူ၊သို့ မဟုတ်ထက်မြက်လွန်းသူ တစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒါေ့ကြာင့်လည်း ဟိုလူကတော့ ငါနဲ့မတန်လောက်ဘူး။ ဒီလူကတော့ ငါနဲ့ မတန်လောက်ဘူး။ အမြဲတမ်း စိတ်ထဲမှာ
သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ တိုင်းတာနေပါလိမ့်မယ်။ သင့်သူငယ်ချင်းတွေက နင်ကတော်တော် ဂျီးများတာပဲလို့
သင့်ကိုပြောပေမယ့် သင်ကတော့ ငါက စံနှုန်းတွေရှိတာလို့ ပြန်ဖြေပါလိမ့်မယ်။ သင်ကသင်လိုချင်တာကို သိပါတယ်။
အဲ့ဒါကြောင့်လည်း အဲ့ဒိသူပေါ်လာမယ့်နေ့ကိုစောင့်နေတာပါ။ သင်ကဒီလိုလူမျိုးဆိုရင်တော့ သင်လိုချင်တဲ့သူပေါ်
လာနိုင်သလို တစ်သက်လုံးလည်း အပျိုကြီးဖြစ်သွားနိုင်ပါတယ်။ အချစ်ဆိုတာ စွန့်စားခန်းတစ်ခုပါ။ တစ်ခါတစ်လေ
နာကျင်ရမယ်။ တစ်ခါတစ်လေ ပျော်ရွှင်ရမယ်။ ဒီလိုရွေးချယ်လွန်းသူတွေဟာ တစ်ခါတစ်လေ သူတို့စိတ်ကူးထဲက
မှန်းထားတာနဲ့ ဆန့်ကျင်ဘက်တွေနဲ့  ငြားတတ်ပါတယ်။

READ
ချစ်သက်တမ်းကြာရှည်စေဖို့ ၂ဦးစလုံးလိုအပ်တဲ့အရည်အသွေး(၇)ခု

(၄) ရည်းစားတွေ ထည်လည်တွဲသူ

ဟိုလူနဲ့လဲ တွဲလိုက်ပြန်ပီ၊ ဒီလူနဲ့လည်း တွဲလိုက်ပြန်ပီ၊ နောက်ဆုံးတော့ အချစ်စစ်ဆိုတာ သူ့ဘဝမှာ ဘာမှန်းတောင်
မသိတော့ဘူး။ ဒုံရင်း ဒုံရင်း Single ပြန်ဖြစ်၊ တကယ့် စိတ်ကူးထဲကရည်းစားမျိုးကလည်း အဲ့ဒိလောက်ရည်းစားတွေ
အများကြီးတွဲနေတဲ့ မိန်းကလေးကို စိတ်ဝင်စားမှာ မဟုတ်တော့ဘူး။ သင်ကဒီလိုလူမျိုးဆိုရင်တော့ သင်ပွင့်လင်းတာ
ကောင်းပါတယ်။ ဒါပေမယ့် အရမ်းပွင့်လင်းလွန်းရင်တော့ သင့်တန်ဖိုးတွေလျော့တတ်ပါတယ်။ ရည်းစားအနည်းငယ်
ထားဖူးတာ ဘာမှမဖြစ်ပေမယ့် ရည်းစားပေါင်းများစွာ ထားနေရင်တော့ သင့်ဘဝထဲကို ယောင်္ကျားကောင်းတွေဝင်
လာဖို့နည်းပါတယ်။ ဒါ့ကြောင့် စီစီစစ်စစ်လေး ရည်းစားထားသင့်ပါတယ်။

(၅) လက်မြှောက်သွားသူ

သင်ကရည်းစားတွေလည်းထားဖူးတယ်။ အချစ်စစ်ဆိုတာကြီးကို တစ်ခါမှ မတွေ့ခဲ့လို့ စိတ်ကုန်သွားသူ သင်ထင်တာ
က အချစ်စစ်ဆိုတာ တကယ်မရှိဘူး။ အခုတွဲနေကြတဲ့ရည်းစားတွေလည်း ကွဲကြမှာပဲ။ ညားနေတဲ့သူတွေတော်တော်
များများလည်း တစ်ချိန်ကွဲကြမှာပဲ လို့ မြင်နေပါလိမ့်မယ်။ ဒါ့ကြောင့် သင်ဟာ တစ်ယောက်တည်းပဲနေဖို့ ဆုံးဖြတ်လိုက်
ပြီး အားလပ်ရက်တွေကို တိုက်ခန်းထဲမှာပဲ ကုန်ဆုံးနေသူပါ။ တကယ်၍ သင်ဟာ ဒီအမျိုးအစားထဲမှာပါဝင်တယ်ဆိုရင်
တော့ တစ်ခုလောက် အကြံပေးပါရစေ။ အချစ်ဆိုတာ ဘောလုံးအသင်းတစ်သင်းကို အားပေးသလိုပါပဲ။ ဘယ်အသင်း
မှ အားမပေးပဲသင်ဘောလုံးပွဲကြည့်လို့ရပါတယ်။ ဒါပေမယ့် အဲ့ဒိလိုကြည့်ရင် ကိုယ့်အသင်းဖလားရလို့ ပျော်တဲ့ အပျော်
ကိုခံစားဖူးမှာမဟုတ်ပါဘူး။ အသင်းတစ်သင်းကိုအားပေးရင်တော့ သူအောင်မြင်တဲ့အခါ ပျော်ရသလို သူရှုံးတဲ့နေ့တွေ
လည်း ဝမ်းနည်းရပါတယ်။ မပျော်ရရင်နေပါစေ ဝမ်းမနည်းချင်ဘူးဆိုရင်တော့ နေမြဲအတိုင်းနေပါ။ ဒါပေမယ့် ကိုယ့်အ
သင်းနိုင်လို့ပျော်တဲ့ အပျော်သင်တစ်သက်လုံး ခံစားဖူးမှာ မဟုတ်ပါဘူး။

(၆) အလုပ်ကိုဦးစားပေးလွန်းသူ

READ
မိန်းကလေးတစ်ယောက်ကို သဲသဲလှုပ်ချစ်နေမိတဲ့ ကောင်လေးတစ်ယောက်ရဲ့ အမူအရာများ

သင့်ဘဝမှာ အလုပ်က ၁ အလုပ်က ၂ ပါပဲ။ သင်ဟာ ဘဝမှာအောင်မြင်သူလည်း ဖြစ်နိုင်ပါတယ်။ သင်ဟာ ရည်းစား
တစ်ယောက်လောက်တော့ လိုချင်ကောင်းလိုချင်ပါလိမ့်မယ်။ ဒါပေမယ့် ယောင်္ကျားလေးတော်တော်များများ က
သင့်ရဲ့ အောင်မြင်မှုကို ရှိန်ပြီး ချဉ်းကပ်ရဲကြမှာမဟုတ်ပါဘူး။ ဒါ့ကြောင့်သင်ကလည်း အလုပ်ပေါ်ပဲ ပိုပြီးအာရုံစိုက်
နေပါလိမ့်မယ်။ တစ်ခါတစ်လေ ဒိတ်လေးဘာလေးသွားကြည့်ပေမယ့် မကြိုက်ရင် အလုပ်ကပဲ သင့်ဘဝရဲ့ နံပါတ်
တစ် ပြန်ဖြစ်လာပါလိမ့်မယ်။ သင်ဟာ ဒီအမျိုးအစားထဲမှာပါဝင်တယ်ဆိုရင်တော့ သင့်ကိုသင်ပြန်သုံးသပ်သင့်ပါ
တယ်။ သင်တကယ် ချစ်သူတစ်ယောက်လိုချင်တယ်ဆိုရင်တော့ အလုပ်မှမလုပ်ဆိုတဲ့ အကျင့်ကိုနည်းနည်းတော့
ပြင်သင့်ပါတယ်။

(၇) မင်းသမီးလိုနေချင်သူ

သင်ကတော့ သင့်အပေါ် အစွမ်းကုန်ပေးဆပ်ချင်သူကိုရှာဖွေနေသူပါ။ သင်ကပြန်ပေးဖို့ ဘယ်တော့မှ မစဉ်းစားပါ
ဘူး။ သင့်ကို အမြဲတမ်း အရိပ်တကြည့်ကြည့်နဲ့ လိုလေသေးမရှိအာရုံစိုက်မယ့် သူမျိုးကိုလိုချင်တာပါ။ သင်ဒီအမျိုး
အစားထဲမှာပါရင်တော့ ချစ်သူဆိုတာ အခိုင်းဖက်မဟုတ်ပါဘူး။ လက်တွဲဖော်ပါ။ အမြဲတမ်းတော့လည်း သင့်ကိစ္စ
ကြီးပဲလုပ်ပေးနိုင်မယ့် ယောင်္ကျားရှားမှာပါ။ အဲ့လို မိန်းမဝေယျာဝိစ္စပဲ လုပ်ပေးနေတဲ့သူကိုလည်း ပတ်ဝန်းကျင်က
အထင်သေးတတ်ပါတယ်။ သင့်လက်တွဲဖော်ဆိုတာလည်း ခံစားချက်ရှိတဲ့လူသားဆိုတာမမေ့ပါနဲ့။ သင်ကလည်း
ပြန်ပေးဆပ်တတ်တဲ့သူဖြစ်အောင် ကြိုးစားပါ။

(၈) လွတ်လပ်မှုကို မြတ်နိုးသူ

ချစ်သူရှိတယ်ဆိုတာလည်း ကောင်းသလို တစ်ခါတစ်လေ တစ်ယောက်တည်း လွတ်လွတ်လပ်လပ်နေရတာလည်း
ကောင်းပါတယ်။ သင်ကတော့ အခြားမိန်းကလေးတွေ ရည်းစားရှာနေချိန်မှာ လွတ်လပ်မှုကိုပဲ မြတ်နိုးနေသူပါ။ သင်
ဟာ အချိန်တိုင်း အလှပတိုင်းကိုခံစားနေပြီး ရည်းစားဆိုတဲ့ အရသာထက်မသာလွန်ရင်တောင် အဲ့ဒိထက်မနည်းတဲ့
အရသာကိုခံစားနေသူပါ။ အကယ်၍ သင်ဟာ ဒီအမျိုးအစားထဲမှာပါရင်တော့ ဒီအတိုင်းပဲ နေဖို့အကြံပေးချင်ပါတယ်။
သင့်ရဲ့ ဘဝကြီးကို သင်ကိုယ်တိုင်ချယ်သလိုက်ပါ။

သင်ရော အထက်ပါအချက်တွေထဲက ဘယ်အချက်ထဲမှာပါလဲ? အောက်က Comment Box ထဲမှာရေးသွားလို့
ရတယ်နော်။ သူငယ်ချင်းထဲမှာ Single တွေရှိရင်လည်း Share ပေးပါအုံးနော်။

မိုးရှင်း (I.M.T) 

Myanmar Online Media

Ref: theblode

SHARE