မနက်တိုင်း အစောကြီးထပြီး လမ်းပေါ်က အပင်တွေကို ရေလောင်းပေးတဲ့ အဖိုးအို

[email protected]

ကျွန်တော်တို့လူသားတွေဟာ အမြဲလိုလို မိသားစုရေး၊ စီးပွားရေး အစရှိတဲ့ ကိစ္စတွေနောက်ကိုလိုက်ပြီး အချိန်ကုန်နေတတ်ပါတယ်။ လူတော်တော်များများဟာ ဒီကိစ္စတွေနဲ့ပဲ အချိန်ကုန်ကာ ကျွန်တော်တို့ ပတ်ဝန်းကျင်နဲ့ ကမ္ဘာကြီးကို ဂရုစိုက်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ ဒီလို ကမ္ဘာကြီးနဲ့ ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ မေ့လျော့နေလို့လည်း တစ်နှစ်ထက်တစ်နှစ် ကမ္ဘာကြီးမှာ သဘာဝရောဂါကပ်ဆိုးကျရောက်လိုက်၊ သဘဝဘေးအန္တရာယ်တွေ ကျရောက်လိုက်နဲ့ လူသားတွေ ဒုက္ခမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ်။ အခုပြောပြချင်တဲ့ ကိစ္စလေးကတော့ ကြားတဲ့လူတိုင်း heart warming ဖြစ်စေမယ့် ကိစ္စလေးတစ်ခုပါပဲ။ အဲဒါက ဘာလဲဆိုတော့ အသက်အရွယ်တော်တော်ကြီးနေပြီဖြစ်တဲ့ အဖိုးအိုကြီးတစ်ယောက်ဟာ မနက်တိုင်း အစောကြီးထပြီး လမ်းပေါ်က အပင်တွေကို နေ့စဉ်ရေလောင်းပေးနေတာပဲ ဖြစ်ကြောင်း India Today သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အဆိုပါ အဖိုးကြီးကတော့ အိန္ဒိယနိုင်ငံ၊ Gurgaon မြို့မှာနေထိုင်တဲ့ အသက် ၉၁ နှစ်အရွယ်ရှိတဲ့ အဖိုးကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အပေါ်မှာတွေ့ရတဲ့ ဗီဒီယိုကို တင်ထားတဲ့သူကတော့ အိန္ဒိယနိုင်ငံရဲ့ IAS( Indian Administrative Service) အရာရှိတစ်ဦးဖြစ်တဲ့ Nitin Sangwan အမည်ရ အမျိုးသားပဲ ဖြစ်ပါတယ်။ Nitin ဟာ မနက်စောစော လမ်းလျှောက်တိုင်း သူလျှောက်တဲ့ လမ်းမှာ အဖိုးအိုတစ်ယောက်ဟာ နေ့တိုင်းလိုလိုကို အိပ်ရာကနေ စောစောထပြီး လမ်းမှာရှိတဲ့ အပင်တွေကို ရေလိုက်လောင်းနေတာကို နေ့စဉ်မြင်တွေ့နေရပါတယ်။ ဒါ့ကြောင့် နောက်ဆုံးမှာတော့ အဆိုပါ အဖိုးအိုကို ဗီဒီယိုရိုက်ပြီး သူ့ရဲ့ Twitter ပေါ်မှာ တင်ခဲ့တာပဲ ဖြစ်ပါတယ်။

READ
ကိုဗစ်ကြောင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ပေမယ့် ၀ါသနာကို အရင်းပြုပြီး စီးပွားရှာခဲ့တဲ့ လူငယ်လေး
[email protected]

“အဲဒီအဖိုးကြီးက ခအသက် ၉၁ နှစ်ရှိပြီဗျ။ ဒီလောက်အရွယ်ရှိပြီး ခါးနာနေတာတောင်မှ နေ့တိုင်းလိုလို စောစောထပြီး အပင်တွေကို ရေလိုက်လောင်းတာ။ အစကတော့ ကျွန်တော်လည်း ဒီအတိုင်းရေလောင်းတယ်ပဲထင်ပြီး နေ့တိုင်းတွေ့နေရတာများလာတော့ တစ်ရက်မေးကြည့်လိုက်မိတယ်။ ဘာလို့များ နေ့တိုင်းမနက်စောစောထပြီး အပင်တွေကို ရေလောင်းရတာလဲပေါ့။ သူပြောတာကတော့ ဒီအပင်တွေဟာ သူရေလောင်းမှ အဟာရဓာတ်ကိုရတာဖြစ်ကြောင်း၊ ဒီကမ္ဘာမြေကြီးပေါ်မှာ နေထိုင်ခွင့်ရလို့ ကျေးဇူးတင်တာကြောင့် ကမ္ဘာကြီးကို ဒီလိုပုံစံလေးနဲ့ပဲ ကျေးဇူးဆပ်နေတာဖြစ်ကြောင်း ကျွန်တော့်ကို သေသေချာချာကို ရှင်းပြခဲ့တယ်။ ကျွန်တော်သူ့ရဲ့စိတ်ဓာတ်ကိုတော့ တော်တော်လေးစားမိပါတယ်”လို့ Nitin က ပြောကြားခဲ့ပါတယ်။

[email protected]

Pyi Hein Kyaw

SHARE