ကြောင်ကလေးတွေဆိုတာ လူတွေ ကြိုက်နှစ်သက်တဲ့ အိမ်မွေးတိရစ္ဆာန်အမျိုးအစား တစ်ခုဖြစ်သလို လူတွေအပေါ် အချွဲတတ်ဆုံးနဲ့ သံယောဇဉ်အရှိဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေဆိုလည်း မမှားပါဘူး။ အခုလည်း ကြောင်ကလေးတစ်ကောင်ဟာ နိုင်ငံခြားက ရုံးတစ်ခုမှာ ကြွက်ဖမ်းသူ ရာထူးအဖြစ် လုပ်ကိုင်နေတာ နှစ်ပေါင်းတော်တော်ကြာခဲ့ပါပြီ။ အခုအချိန်မှာတော့ အဆိုပါကြောင်ကလေးဟာ အဆိုပါနိုင်ငံခြားရုံးရဲ့ ကြွက်ဖမ်းရာထူးမှ လာမယ့် သြဂုတ်လကုန်ရင် အနားယူတော့မှာဖြစ်ကြောင်း hindustantimes.com သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
❗️Important news❗️ pic.twitter.com/PTEun74QYA
— Palmerston (@DiploMog) August 7, 2020
အဆိုပါကြောင်ကလေးရဲ့ နာမည်ကတော့ Lord Palmerston ဖြစ်ပြီး England နိုင်ငံ၊ London မြို့ရှိ FCO(Foreign and Commonwealth Office)ရုံးမှာ ကြွက်ဖမ်း အရာရှိအဖြစ် လုပ်ကိုင်နေတာ တော်တော်ကြာခဲ့ပြီပဲ ဖြစ်ပါတယ်။ Palmerston ဟာ Battersea မြို့က တိရစ္ဆာန်ဂေဟာတစ်ခုကနေပြီး London မြို့မှာရှိတဲ့ နိုင်ငံခြားရုံးကို လာရောက်ပြီး ကြွက်ဖမ်းသူအဖြစ် တာဝန်ထမ်းဆောင်နေခဲ့တာ ဖြစ်ပါတယ်။ Palmerston တစ်ကောင် အဆိုပါရုံးကို စရောက်လာကတည်းက Twitter အကောင့်တွေဘာတွေတောင် ဖွင့်ပေးခဲ့ပြီး အခုဆိုရင် Palmerston ရဲ့ Twitter အကောင့်မှာ follower တစ်သိန်းကျော် ရှိနေပြီပဲ ဖြစ်ပါတယ်။
Just seen news of Palmerston’s retirement. I get it but ….. dammit we’ll miss you @DiploMog. Thanks for the memories. 😍😭 pic.twitter.com/JbLa98XEuw
— Menna Rawlings (@MennaRawlings) August 7, 2020
“Plamerston က တော်တော်ကို လူယဉ်တဲ့ကြောင်တစ်ကောင်ဗျ။ ကျွန်တော်တို့ရုံးက လူတွေရဲ့ အရိပ်အကဲကိုလည်း ကောင်းကောင်းကြီး အကဲခတ်တတ်ပါတယ်။ ကြွက်ဖမ်းတဲ့ နေရာမှာလည်း အင်မတန်ကိုမှ တော်တဲ့အကောင်။ ရုံးကပန်းခြံထဲမှာ အနေများပြီး သစ်ပင်တက်နေရရင် တော်တော်ကို ပျော်နေတတ်တာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရုံးအတွက် သူ့အနေနဲ့ တော်တော်လေးကို တာဝန်ကျေခဲ့ပါတယ်။ အခုလို အလုပ်ကနေ အနားယူသွားရင်တော့ ကျွန်တော်တို့ ဝန်ထမ်းတွေ သူ့ကို တော်တော်သတိရနေကြတော့မှာတော့ အမှန်ပါပဲ” လို့ FCO ရုံးရဲ့ အကြီးအကဲတစ်ယောက်ဖြစ်သူ Sir Simon McDonald က ပြောကြားခဲ့ပါတယ်။
In 2016 Palmerston arrived from @Battersea_ , mouser & social media phenomenon, with 105K @Twitter followers. After 4½ happy years @DiploMog retires at end of August: he’s enjoyed lockdown life in countryside so much, he’s decided to stay. Everyone @foreignoffice will miss him ❤️ pic.twitter.com/wUCl7cWSGp
— Sir Simon McDonald (@SMcDonaldFCO) August 7, 2020
Pyi Hein Kyaw