ဆိုရှယ်မီဒီယာမှာ နာမည်ကြီးနေတဲ့ ကမ္ဘောဒီယားစက်ဘီးစီးပြိုင်ပွဲက ကောင်လေး

[email protected] Tyleang

လောကကြီးမှာ နေထိုင်တဲ့ လူတော်တော်များများဟာ အကောင်းကြိုက်ကြပါတယ်။ များသောအားဖြင့် ကိုယ့်မှာရှိတာနဲ့ ရောင့်ရဲတင်းတိမ်နိုင်စွမ်း မရှိကြပါဘူး။ ဒါပေမယ့်လည်း ဒါကို အပြစ်ပြောလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါဟာ လူ့သဘာဝပါပဲ။ အခုပြောပြချင်တဲ့ ကောင်လေးကတော့ ကိုယ့်မှာရှိတာနဲ့ ရောင့်ရဲတင်းတိမ်ပြီး အရာအားလုံးကို အကောင်းဆုံး လုပ်ပြနိုင်ခဲ့တဲ့ ကောင်လေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အဆိုပါ ကောင်လေးဟာ နိုင်ငံတွင်း စက်ဘီးစီပြိုင်ပွဲတစ်ခုမှာ သူပိုင်ဆိုင်တဲ့ စက်ဘီးအစုတ်လေးကိုသာစီးပြီး မလျှော့သောဇွဲနဲ့ စက်ဘီစီးပြိုင်ပွဲကို ဝင်ပြိုင်ခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] Tyleang

အဆိုပါ ကောင်လေးကတော့ ကမ္ဘောဒီးယားနိုင်ငံမှာနေထိုင်တဲ့ Pich Thera လို့ အမည်ရတဲ့ ကောင်လေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ စက်ဘီးစီးပြိုင်ပွဲတော်တော်များများကို တီဗ္ဗီမှာ တွေ့မြင်ဖူးကြမှာပါ။ စက်ဘီးစီးသမားတိုင်းဟာ အားကစားရှုးဖိနပ်၊ စက်ဘီးစီးဦးထုပ်၊ လက်အိတ်၊ အကောင်းစားစက်ဘီး အစရှိတာတွေနဲ့ တော်တော်များများ ပြိုင်ပွဲဝင်တတ်ကြပါတယ်။ ဒါပေမယ့် Pich ကတော့ ဒီလိုမျိုး အားကစားပစ္စည်းတွေ ဘာမှမပါပဲနဲ့ သူ့ရဲ့ စက်ဘီးစုတ်ကလေးကို ခြေဗလာနဲ့နင်းပြီး ပြိုင်ပွဲဝင်ခဲ့တာပဲ ဖြစ်ပါတယ်။

READ
နှစ်လိုဖွယ်အရမ်းကောင်းတဲ့ အပြုအမူနဲ့ နှလုံးသားများစွာကို သိမ်းပိုက်ခဲ့တဲ့ ကောင်ကလေး
[email protected] Tyleang

Pich တစ်ယောက် ဒီလိုမျိုးပုံစံနဲ့ ပြိုင်ပွဲဝင်တဲ့ ပုံဟာ လူမှုကွန်ယက်မှာ တော်တော်လေးပျံ့နှံ့ခဲ့ပြီး လူတော်တော်များများရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပါတယ်။ စက်ဘီးစီး ဝါသနာပါတဲ့ လူတော်တော်များများကလည်း Pich ကို အားကစားဖိနပ် လက်ဆောင်ပေးတာတို့၊ အဝတ်အစားအသစ်တွေ ဝယ်ပေးတာတို့၊ ပိုက်ဆံထောက်ပံ့တာတို့ အစရှိတဲ့ နည်းလမ်းတွေနဲ့ ဝိုင်းဝန်းကူညီခဲ့ပါတယ်။ Lang Tyleang လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ဆိုရင် Pich အတွက် အကောင်းစား စက်ဘီးတစ်စီးတောင် ဝယ်ပေးခဲ့ပြီး စက်ဘီးစီး အားကစားအပေါ် ထက်သန်လွန်းတဲ့ Pich ရဲ့ စိတ်ဓာတ်ကို ဂုဏ်ပြုခဲ့ကြောင်း သိရပါတယ်။

[email protected] Tyleang

“Pich ဟာ တစ်ကယ်တော်တဲ့ ကောင်လေးတစ်ယောက်ပါ။ စကားပြောကြည့်တဲ့ အခါမှာ သူ့ရဲ့ ရိုးသားတဲ့ စိတ်ဓာတ်နဲ့ စက်ဘီးစီးအားကစားစိတ်ဓာတ်ကို သေသေချာချာ မြင်တွေ့ရခဲ့ရပါတယ်။ အခုတော့ ကျွန်တော်ကိုယ်တိုင် သူ့ကို စက်ဘီးအသစ်တစ်စီး လက်ဆောင်ပေးခဲ့ပါတယ်။ သူလည်း တော်တော်ကို ပျော်ရွှင်ခဲ့ရသလို ကျွန်တော့်အနေနဲ့လည်း တော်တော်လေးကို ပျော်ရွှင်ခဲ့ရပါတယ်”လို့ Lang က ပြောကြားခဲ့ပါတယ်။

READ
ရုပ်ကြွ 3D ပုံများကို အသက်ဝင်ဝင်ဖန်တီးရေးဆွဲနေတဲ့ Street Artist, Sergio Odeith

 

Now I find that boy and give him a bike for his hard work and good attitude.

Posted by Lang Tyleang on Tuesday, November 10, 2020

Pyi Hein Kyaw

SHARE